Connect with us

Hi, what are you looking for?

ကဗျာ

“ချိတ်”

◼️မောင်မိုးအေး

နေညိုရင် ငါးမျှားမယ်

ချိတ်မှာ

ဘဝနဲ့ မျှော်လင့်ချက်

Public Service Announcement

Public Service Announcement

တွဲလဲကြီး

ဝေးဝေးကိုပစ်ကွာ

ကြီးကြီးကိုဆွဲ

ဘဝနဲ့ရင်းပြီးမျှားတာပဲ

ကြီးကြီးရသင့်တယ်မလား

ပန်းပွင့်တာတွေလှလား

နေဝင်ချိန်လှလား

မီးသင့်ဒဏ်ရာကို

တက်တူးနဲ့ ဖုံးလိုက်တယ်

လှသလား

ဒီလိုပဲ တူရာစုကြ

ဒဏ်ရာနဲ့လူ

လေးငါးခြောက်ယောက်

ခုနှစ်ယောက်

ဆက်မရေတွက်တော့ဘူး

တွဲလဲတွေရော့

တေ့လွဲတွေရော့

အများကြီးပဲ ဟရောင်

အများကြီးပဲ

ရင်ဘတ်တွေဖွင့်ပြီး

ရေဆင်းကူးကြတယ်

ခေတ်နဲ့ငြိပြီး မြုပ်သွားတယ်

အသက်ရှုချိန်ကိုမရဘူး

ကူးကြခတ်ကြရ

အသက်တောင်

ဝဝမရှုနိုင်ခင်

အော်ဟစ်ဆဲကြတာပဲ

မောလား ဟရောင်

အကုန်လုံးဟာ

မျက်နှာသေတွေနဲ့

နေလုံးကြီးက နီနေပြီ

ငါးမျှားချိတ်တွေ တွဲလဲ

ပိုက်မပစ်တတ်

ကွန်မပစ်တတ်

ငါတို့ဘာတွေမိခဲ့ကြသလဲ

(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​မောင်မိုး​အေး’ ရေးဖွဲ့ခဲ့တဲ့ “​ချိတ်” ကဗျာကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

Short Story

ခပ်နွမ်းနွမ်း ၁၀၀ တန် ၃ ရွက် ...၂၀၀ တန် ၃ ရွက် ... ၅၀၀ တန် ၂ ရွက် ... ၅၀ တန်လေး ၂ ရွက် ... တို့ကို လိပ်ပြီး ရင်ဘတ်ပေါ်က အိတ်ကပ်လေးထဲ...

ကဗျာ

SWN ဝမ်းနည်းစရာတွေ ကုန်ဆုံးပြီးနောက်ဘာကျန်ခဲ့ပါသလဲ။ မာကျောနေတဲ့ အသည်းနှလုံးတခုနဲ့ငါတို့ဆက်လုပ်မှရမယ်ဆိုတဲ့ဆုံးဖြတ်ချက်ပဲ ကျန်ခဲ့ပါတယ်။ ကျနော် မြန်မာပါခင်မျာ . . . Public Service Announcement နေစရာနေရာလည်း မရှိ၊စားစရာလည်းမရှိလို့ ထမင်းနည်းနည်းလောက်ကျွေးကြပါ၊ ကျနော် ထိုင်းစကားမတတ်လို့ သနားကြပါခမျာထမင်းလေးရေလေး ပေးသနားကြပါခမျာ မှတ်ပုံတင်နာမည် – မောင်သန်းရွှေ၊နဖူးအမာရွတ်ရှိ၊ရခိုင်-ဗုဒ္ဓဘာသာဝင်တဦးရဲ့...

ကဗျာ

ဂနိုက် ကျန်ရစ်ခဲ့ပြီ သူ့မိသားစုလေး သူ့အိမ်အိုလေး ထားသွားခဲ့ပြီ Public Service Announcement သူ့သမီးငယ်လေးကိုရော ချစ်ဇနီးသည်လေးကိုရော ချန်ထားခဲ့ပြီ သူယုံကြည်တဲ့တော်လှန်ရေးနဲ့သူမြင်ချင်တဲ့လွတ်လပ်ရေးကို နောက်ဆုံး အလေးပြုချိန် စစ်ရေးပြရဲဘော်တွေအားလုံးကလဲမျက်ရည်တွေ၀ိုင်း လက်သီးဆုပ်တဖက်ကကျစ်လို့မာလို့ နောက်တဖက်က လက်၀ါးဖြန့်မျက်ခုံးနားကပ် တုန်လို့ခါလို့ “နေမြဲ” လက်တွေရုတ်ကနဲ သူ့ဇနီးသည်လေး အရုပ်ကျိုးပျက်လဲကျ သူ့သမီးငယ်လေးက...

ကဗျာ

ဆူဏီးလ် သေနေတဲ့ သစ်ခွပင်ပေါ်ကနေရောင်ခြည်ကို ဖန်ပုလင်းလွတ်တစ်လုံးထဲ တွန်း Public Service Announcement တွန်းပို့နေမိတယ်။ လိပ်ပြာကလေးတောင်ပံအောက်မှာ နှင်း နှင်းကျနေတုန်းပဲ ဧပရယ်နွေနံနက်ခင်းတွေရယ်။ ဗုံးချခံလိုက်ရသလို ကစဥ့်ကလျားစစ်မြေပြင် အစာကောက်ငှက်ကလေးတွေရယ်။ အာလူးခင်းထဲပြေး ပြေးဝင်နေတဲ့ မီးရထားတစ်စင်းရဲ့ ခေါက်တုံ့ခေါက်ပြန်မီးခိုးတွေရယ်။ လေတိုးမခံတော့တဲ့အရိုးတွေပဲ ရ ရတဲ့စျေးနဲ့ထုတ်ချင်နေတဲ့ ပေါ်ပီပန်းပင်တွေရဲ့ဖျားနာသံရယ်။...