Connect with us

Hi, what are you looking for?

သတင်း

ကျားဖြန့်ဂိုဏ်းတွေရဲ့ လူကုန်ကူးမှု သားကောင် ဖြစ်ခဲ့သူ ၅၃၀၀ လောက် မြဝတီမှာ ပိတ်မိနေဆဲလို့ဆို

ကရင်ပြည်နယ်ရဲ့ မြဝတီ မြို့နယ်ထဲက အွန်လိုင်း ငွေကြေး လိမ်လည်မှု (ကျားဖြန့်) ဂိုဏ်းတွေရဲ့ လှည့်စား ခေါ်ယူခြင်းကို ခံခဲ့ရသူတွေထဲက ၅၃၀၀ ကျော်လောက် နေရပ်မပြန်နိုင်ဘဲ တစ်နှစ်ကျော်လောက် သောင်တင်နေဆဲလို့ သိရပါတယ်။

ဓာတ်ပုံ - Reuters/File

ကရင်ပြည်နယ်ရဲ့ မြဝတီ မြို့နယ်ထဲက အွန်လိုင်း ငွေကြေး လိမ်လည်မှု (ကျားဖြန့်) ဂိုဏ်းတွေရဲ့ လှည့်စား ခေါ်ယူခြင်းကို ခံခဲ့ရသူတွေထဲက ၅၃၀၀ ကျော်လောက် နေရပ်မပြန်နိုင်ဘဲ တစ်နှစ်ကျော်လောက် သောင်တင်နေဆဲလို့ သိရပါတယ်။

ဒေသတွင်း နိုင်ငံတွေရဲ့ အာဏာပိုင်တွေ ပူးပေါင်းပြီး ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ကျားဖြန့်ဂိုဏ်းတွေကို ဖြိုခွင်းခဲ့တာ တစ်နှစ်ကျော် ကြာမြင့်လာတဲ့နောက် မြဝတီမှာရှိတဲ့ နေရာ ၄ ခုလောက်မှာ နိုင်ငံခြားသား အများစု အပါအဝင် လူပေါင်း ၅၃၀၀ ကျော် ဆက်ပြီး သောင်တင်နေတာ ဖြစ်ပါတယ်။

အခုကိစ္စကို အရေးယူ ဖြေရှင်းပေးဖို့ ထိုင်းရဲတပ်ဖွဲ့ဆီကို ဇွန်လ ၂၂ ရက်နေ့မှာ ပေးပို့ခဲ့တဲ့ တိုက်တွန်း အဆိုပြုလွှာမှာတော့ လူမှောင်ခိုမှု သားကောင်များ ကူညီရေး အရပ်ဖက် အဖွဲ့အစည်း ကွန်ရက် (CSNHTV)က အဲဒီ လူပေါင်း ၅၃၀၀ ကျော်ဟာ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) ထိန်းချုပ် ဧရိယာ တစ်ခုထဲက အရင် ကျားဖြန့် လုပ်ငန်း ခြံဝင်းကြီး ၄ ခုထဲမှာ ထိန်းသိမ်း ခံထားရတယ်လို့ ရေးသားထားခဲ့ပါတယ်။

CSNHTVကတော့ အဲဒီလူတွေဟာ ကျားဖြန့်ဂိုဏ်းတွေရဲ့ လှည့်စားလူကုန်ကူးမှုကို ခံခဲ့ရသူတွေလို့ ပြောကြားထားပြီး တရုတ်နိုင်ငံသား ၁၆၀၀ ဝန်းကျင်လောက် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ကျန်တာတွေကတော့ မြန်မာ နိုင်ငံသား ၂၀၀ ဝန်းကျင်၊ ထိုင်း ၂၀ ဝန်းကျင်ဖြစ်ပြီး ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ မလေးရှား၊ ဘရာဇီး၊ ရုရုား၊ ကင်ညာ၊ ယူဂန္ဓာ၊ ရဝမ်ဒါနဲ့ ဇင်ဘာဘွေ နိုင်ငံသားတွေ ပါဝင်ကြောင်းလည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာနဲ့ ကမ္ဘောဒီးယား အပါအဝင် အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတချို့မှာ အခြေစိုက်တဲ့ ကျားဖြန့်ဂိုဏ်းတွေဟာ လူမှောင်ခို ဂိုဏ်းတွေရဲ့ လှည့်စား လူကုန်ကူးခြင်းကို ခံရသူတွေကို ငွေလိမ်တဲ့ လုပ်ငန်းတွေမှာ အသုံးပြုတဲ့ အတွက်လည်း နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။

မနှစ်တုန်းကတော့ တရုတ်ရဲ့ ဖိအားပေးမှုတွေနဲ့အတူ ထိုင်း-မြန်မာ နယ်စပ်က ကျားဖြန့် လုပ်ငန်းတွေကို ဖြိုခွင်းမှုတွေ အကောင်အထည် ဖော်ခဲ့ပြီး လူမှောင်ခို သားကောင် ကျားဖြန့်ဝန်ထမ်းတွေလည်း လွတ်မြောက်လာပါတယ်။

CSNHTVကတော့ မြဝတီမှာ ဖြိုချဖျက်ဆီး မခံရသေးတဲ့ ကျားဖြန့် အဆောက်အအုံတွေ ရှိနေသေးသလို လူမှောင်ခို ကူးခံရတဲ့ ဝန်ထမ်းတွေကို ထိထိရောက်ရောက် ကယ်ထုတ်နိုင်တဲ့ မစ်ရှင်တွေလည်း အကောင်အထည် ပေါ်မလာသေးဘူးလို့ ဆိုပါတယ်။ ဒါကြောင့်လည်း ဒုစရိုက် ဂိုဏ်းတွေဟာ အွန်လိုင်းကနေ ငွေလိမ်တာတွေရော၊ လူမှောင်ခို လုပ်ငန်းတွေကိုပါ ဆက်လက် ကျူးလွန်နိုင်စွမ်း ရှိနေကြောင်း၊ အကျိုးဆက်အဖြစ် အမေရိကန်နဲ့ ဥရောပ အပါအဝင် ကမ္ဘာအနှံ့က လူပေါင်းများစွာကို ထိခိုက်နစ်နာမှုတွေ ကြုံနေစေကြောင်း ပြောပါတယ်။

Reuters သတင်းဌာနက အခုကိစ္စနဲ့ ပတ်သက်လို့ DKBA အရာရှိ နှစ်ဦးဆီကို ဆက်သွယ် မေးမြန်းခဲ့ပေမယ့် တုံ့ပြန်မှု မရခဲ့ပါဘူး။ ကျားဖြန့် တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေကို အင်တိုက်အားတိုက် လုပ်ဆောင်နေကြောင်း ကြေညာထားတဲ့ အာဏာသိမ်း စစ်တပ်ကလည်း CSNHTVရဲ့ အဆိုနဲ့ ပတ်သက်လို့ ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။

ကိုးကား: Thai Enquire, Reuters

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့မှာ ကရင်နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင် မောင်းနှင်လာတဲ့ကားက ဝင်တိုက်လို့ ကလေးငယ် ၁ဦးအပါအဝင်ဒေသခံအချို့ ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး လမ်းဘေး ဈေးဆိုင်နဲ့ ကား၊ဆိုင်ကယ်တွေ ပျက်စီးမှုဖြစ်ပွားခဲ့ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်အနီးက ရေပူရာဘာခြံအနီးမှာ ကားဗုံးပေါက်ကွဲမှုဖြစ်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNA)အဖွဲ့က တပ်သားအချို့ ထိခိုက်သေဆုံးမှုရှိတယ်လို့ ကနဦး သတင်းရရှိပါတယ်။