Connect with us

Hi, what are you looking for?

ကဗျာ

‘ဘယ်တော့မှပြန်မဆုံတော့မယ့် အမျိုးသမီးသို့’

အနော်မာမြစ်ကြီးခြားပြီး ထားရက်ခဲ့သူလို
ဘဝရဲ့အကျအပေါက်တွေကို ဖြည့်ဖို့
ကိုယ်မစွမ်းနိုင်ဘူး။

မိုးမြင့်ကျော်

အနော်မာမြစ်ကြီးခြားပြီး ထားရက်ခဲ့သူလို
ဘဝရဲ့အကျအပေါက်တွေကို ဖြည့်ဖို့
ကိုယ်မစွမ်းနိုင်ဘူး။
လိုအပ်ချိန်မှာ လက်သီးကိုဘယ်လိုဆုပ်ရမယ်၊
ဦးခေါင်းကို ဘယ်လိုညွတ်တွားရမယ်
ဒီလောက်ပဲကိုယ်သိတယ်။
ဘယ်လောက်တောင်လွဲမှားခဲ့လဲဆိုရင်
ကိုယ်အရောက်သွားခဲ့တဲ့ ကွန်တိုမျဥ်းစိတ်တွေ
မြေပုံထဲမှာကလွဲရင် တကယ်မရှိတော့ဘူး။
လူတွေ အမြဲစွန့်ပစ်ထားလေ့ရှိတဲ့
တောတွင်းလမ်းသွယ်လေးတွေကို ပေါင်းသင်း၊
အိုင်ငယ်တွေကိုပေါင်းသင်း။
ဒါတောင် ကိုယ်တို့ချစ်တတ်တယ်ဆိုတာ
သူတို့မယုံဘူး။
သူတို့အဝေးကလှမ်းလှမ်းငေးတဲ့
တောင်သွယ်တွေဟာ တခုခုပြောချင်နေသလို
အမြဲရုန်းကြွနွဲ့ယိမ်းနေတာ။
သူတို့အဆိုအရ ဒုက္ခကို ခိုးယူပေါင်းသင်းဖို့ ရောက်လာတဲ့ကောင်တွေကြောင့်
တောင်တွေဟာ ဖုန်းဆိုးမြေဆန်သွားတယ်။
အမြဲတမ်းဆိုသလို လမ်းလျှောက်နေရပေမယ့် ကိုယ်တို့မှာ လမ်းဆိုတာမရှိဘူး။
ထူထပ်တဲ့တောမှာ အိမ်ကိုရှာ၊
သေပြီးသူရဲ့အလောင်းမှာ အသက်ကိုရှာ၊
ငတ်မွတ်နေမှုမှာ အာဟာရကိုရှာ။
ဆင်းရဲမွဲတေမှုနဲ့ အသားတကျဖြစ်ခြင်းကို
မသင်ယူပဲတတ်မြောက်ခဲ့ရပြီ။
သေလောက်အောင်ချစ်ခဲ့ပြီး
ဘယ်တော့မှ ပြန်မဆုံရတော့မယ့် အမျိုးသမီးတွေကို ကိုယ်တို့အားလုံး ခွင့်လွှတ်ခဲ့ပါတယ်။
အိမ်မက်တွေတိုင်းမှာတော့
ကိုယ်တို့အတူရှင်သန်ချင်ခဲ့တဲ့ နေ့ပေါင်းများစွာ မြင်မက်နေဆဲပါပဲ။
ကမ္ဘာကို ပေါင်းစည်းဖို့သပ်သပ်မဟုတ်ဘဲ
ခွဲခွာဖို့အတွက်လည်း ဖန်ဆင်းခဲ့တယ်ဆိုတာ
ကိုယ်လက်ခံလိုက်ပြီ။

(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​မိုးမြင့်​ကျော်”ရေးသားခဲ့တဲ့ “​ဘယ်တော့မှပြန်မဆုံတော့မယ့် အမျိုးသမီးသို့” ကဗျာကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

ခွန်းနီ ခပ်သုန်သုန်တိုက်တဲ့လေရူးကိုအတ္တမဲ့စွာခံစားကြည့်လိုက်တယ်ဘာပြန်ရလိုက်သလဲဆိုရင်လွတ်လပ်စွာအထီးကျန်မှုပဲရှိမယ်။တိုက်ချင်ရာတိုက်ခဲ့ပြီးမိုက်ချင်ရာမိုက်ခဲ့ကြလို့လေလွတ်လပ်ပေါ့ပါးတယ်ထင်ရပေမဲ့အထီးကျန်ခြင်းဟာလေးလံလွန်းပါတယ်။မင်းမရှိရင်မဖြစ်ဘူးဆိုပြီးမင်းမရှိလဲတစ်ဖွဖွဆိုမိနေတတ်တုံးလက်ပံတွေပွင့်ရင်လဲပြန်လာမှာမဟုတ်တော့ဘူးဒီနွေဦးဟာမင်းနဲ့မဆိုင်တော့သလိုမျိုး။ဒါဟာငါ့ထင်မြင်ယူဆချက်ပါပဲမင်းပြန်လာတာမျိုးလဲဖြစ်နိူင်တာပဲလေမသိစိတ်ရဲ့တောင်းတမှုကိုသိစိတ်ဟာမဖြည့်ဆည်းနိူင်မှတော့လွမ်းရတာပါပဲ။နွေဦးရဲ့ရွက်ကြွေတွေဟာသစ္စာရှိတယ်ရွက်နုဆိုတာတစ်ရွက်မှမပါဘူးကြွေသမျှရွက်ဟောင်းတွေလဲဘာကိုမှမဆန့်ကျင်ဘူးအားလုံးဟာသူ့ဆင့်ကဲဖြစ်စဥ်တွေအတိုင်းပဲ။ငါတို့နွေဦးမှာတော့ကြွေသမျှကရွက်နုတွေများတယ်မင်းဟာလဲအချိန်အခါမဟုတ်ကြွေခဲ့ရတာနှမြောတသဖြစ်ခြင်းနဲ့ဂုဏ်ယူရခြင်းရဲ့ကြားမှာငါရပ်နေခဲ့တာကြာပါပြီအမ်စောရယ်။ငါတို့တွေမပြီးသေးဘူးဆိုအခုကျပြီးပြီလားမင်းရဲ့အေးစက်စက်ခန္ဓာကိုယ်လေးတိမ်တွေအဖြစ်ပြောင်းသွားတာငါမြင်ရတယ်။အဲ့ဒီနေ့ကငါမငိုဖြစ်ခဲ့ဘူးရယ်တစ်နေ့တည်း ကုန်မယ့် မျက်ရည်မှမဟုတ်တာငါ့ကြေကွဲမှုဟာဒီတစ်ရက်နဲ့မလုံလောက်ခဲ့ဘူးအချိန်တိုင်းမှာကြေကွဲစရာနိူင်ငံတော်ပဲလေ။ငါ့အင်ပါယာမှာမင်းမရှိတော့ဘူးငါ့ကိုယ်ပိုင်နိူင်ငံတော်ကျဆုံးခဲ့ရတာငါပြန်တိုက်ယူရမယ် အမ်စောတကယ့်နိူင်ငံတော်ကြီးကိုလဲပြန်တိုက်ယူနေရတုံး။ငါ့အိမ်မက်ထဲမှာဖီးလ်နစ်ငှက်တစ်ကောင်ကိုမြင်တယ်နိုးထလာတော့ငါသိလိုက်တယ်အမ်စောမင်းတစ်ဖန်ပြန်နိုးထလာမယ်ဆိုတာငါသိလိုက်တယ်ငါ့သေနတ်ပြောင်းထဲမှာမင်းမြတ်နိုးတဲ့ပန်းတစ်ပွင့်ဘယ်သူလာထိုးသွားတာလဲ။ငါတို့လိုပုံစံတူဖြစ်ရပ်တွေအများကြီးပဲမေတ္တာဆိုတာသေသူရယ်ရှင်သူရယ်မခွဲခြားဘူးတဲ့ထားနိူင်သမျှပိုတန်ဖိုးရှိတယ်လို့ငါကြားဖူးတယ်မင်းကလဲတန်ဖိုးကြီးစွာနဲ့ငါ့ကိုထားခဲ့တာပါပဲ။သတိရတယ်….လွမ်းလဲလွမ်းရတယ်…ငိုတော့မငိုဖြစ်သေးဘူး အမ်စောရယ်။ (ကျဆုံးခဲ့သူလက်တွဲဖော်မိန်းကလေးအားရည်စူးရေးသားခြင်း) (The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘ခွန်းနီ’ရေးဖွဲ့ခဲ့တဲ့ “ရွက်နုတရွက်ကြွေလွင့်ခဲ့တယ်”ကဗျာကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call...

ရသ

အိမ့်ဘုန်းစစ်သော် (ကျောင်းသားလက်ရုံးတပ်တော်) “မြေမှုန့်တွေ လွင့်ပျယ်နေတယ်။ ဆောင်းတွင်းနွေဟာ သိပ်ပူမှန်း အမှန်တကယ်သိခဲ့ရတဲ့‌နေ့ပါပဲ။ ကျ​နော် အများကြီးမမျှော်လင့်တော့ပါဘူး။ ကျ​နော့်ရဲ့ အပြာရောင်ရေငွေ့လေး အဆုံးမသတ်သွားသ၍ လုံလောက်ပြီ။ တော်လှန်ရေးပြီးလို့ ကျ​နော်တို့အိပ်ခန်းလေးထဲ ဆေးအတူသုတ်နိုင်ခဲ့ရင် လုံလောက်ပါပြီ။” လက်ရှိမှာ ကျနော်ရင်ဆိုင်နေရတဲ့ အခက်ခဲတခုပါပဲ။ ကျနော်တို့နိုင်ငံဟာ အင်မတန် ဖျား‌နာနေခဲ့တယ်။ ပြည်သူလူထုက...

Short Story

ခပ်နွမ်းနွမ်း ၁၀၀ တန် ၃ ရွက် ...၂၀၀ တန် ၃ ရွက် ... ၅၀၀ တန် ၂ ရွက် ... ၅၀ တန်လေး ၂ ရွက် ... တို့ကို လိပ်ပြီး ရင်ဘတ်ပေါ်က အိတ်ကပ်လေးထဲ...

ကဗျာ

SWN ဝမ်းနည်းစရာတွေ ကုန်ဆုံးပြီးနောက်ဘာကျန်ခဲ့ပါသလဲ။ မာကျောနေတဲ့ အသည်းနှလုံးတခုနဲ့ငါတို့ဆက်လုပ်မှရမယ်ဆိုတဲ့ဆုံးဖြတ်ချက်ပဲ ကျန်ခဲ့ပါတယ်။ ကျနော် မြန်မာပါခင်မျာ . . . Public Service Announcement နေစရာနေရာလည်း မရှိ၊စားစရာလည်းမရှိလို့ ထမင်းနည်းနည်းလောက်ကျွေးကြပါ၊ ကျနော် ထိုင်းစကားမတတ်လို့ သနားကြပါခမျာထမင်းလေးရေလေး ပေးသနားကြပါခမျာ မှတ်ပုံတင်နာမည် – မောင်သန်းရွှေ၊နဖူးအမာရွတ်ရှိ၊ရခိုင်-ဗုဒ္ဓဘာသာဝင်တဦးရဲ့...