Connect with us

Hi, what are you looking for?

ကဗျာ

“နောက်ဆုံး မီးခြစ်ဆံ”

▪️Burmese Core

ဒီရာစုနှစ်ရဲ့ အမှောင်ဆုံးညတွေထဲက တညပေါ့။
မိုးဒဏ်လေဒဏ်ကို အလူးအလဲခံနေရတဲ့ အထီးတည်း အိမ်ငယ်လေးတလုံး။
အိမ်ထဲမှာတော့ အလင်းရောင်ရဖို့ ကြိုးစားနေတဲ့ လူငယ်လေးတယောက်။
စိုထိုင်းမှုရှိနေတဲ့ မီးခြစ်ဆံဗူးလေးကို ခြစ်ရင်း
လွှင့်ပစ်လိုက်ရတဲ့ မီးခြစ်ဆံလေးတွေ တချောင်းပြီးတချောင်း။
အိမ်ထောင့်က အမှောင်ရိပ်ထဲမှာတော့ လှုပ်ရွေ့နေတဲ့ မျက်လုံးတစုံ။
မလှုပ်မယှက် လှဲလျောင်းနေတဲ့ အသက်ကြီးကြီးအမျိုးသမီးတဦး၊
ဒါမှမဟုတ် သူ့ရဲ့အုပ်ထိန်းသူဖြစ်ပုံရတဲ့ တယောက်ယောက်နေမှာပေါ့။
အဲဒီမျက်လုံးတွေဆီကလည်း
အလင်းကို ညှိယူလို့ မဖြစ်နိုင်တော့တာ သူသိထားနှင့်ပုံပဲ။
လူငယ်လေးဟာ တယောက်တည်း ရေရွတ်တယ်၊
ဒါ နောက်ဆုံး မီးခြစ်ဆံပဲ။
အမှောင်ထဲမှာပဲ ငြိမ်ငြိမ်လေးနေလိုက်ရင် ကောင်းမလား
သူ့အတွေးမီးတောက်လေးတောင် ငြိမ်းလုမတတ် ဖြစ်သွားခဲ့။
မီးခြစ်ဆံကို ကိုင်ထားရင်း သူ အသက်ရှူဖို့တောင် မေ့နေတယ်။
ပတ်ဝန်းကျင်တခုလုံး
မသေချာ မရေရာမှုတွေ တဝေါဝေါနဲ့
မြည်နေပေမယ့်
ဒါကလွဲရင် သူ့မှာ တခြားလုပ်စရာမှ မရှိတာ
သူ မီးခြစ်ဆံကို ခြစ်လိုက်တယ်။ ။

(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘Burmese Core’ ​ရေးဖွဲ့ ခဲ့တဲ့ “​နောက်ဆုံးမီးခြစ်ဆံ” ကဗျာကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

Short Story

အိတ်တလုံးကို အချိန်အတော်ကြာတဲ့အထိ မျက်လုံးထဲမှာ ပြန်ပြန်ပေါ်လာတယ်။ အခုအချိန်ထိလည်း တခါတခါ ပြန်ပေါ်လာတုန်းပဲ။ သတိမရအောင် ဖျောက်ထားကြည့်တော့လည်း မရပါဘူး၊ ပြန်ပေါ်လာတာပဲ။ ဘာလို့ ဒီလောက်တောင် စွဲလန်းရလဲဆိုတာ ကိုယ့်ကိုယ်ကို ပြန်ပြီး မေးခွန်းထုတ်ကြည့်တယ်။ကျနော်နဲ့ အချိန်အတော်ကြာကြာ အတူရှိခဲ့ကြဖူးလို့ပဲ နေမှာပါဆိုပြီး ကိုယ့်မေးခွန်းရဲ့အဖြေကို ပြန်ရလိုက်တယ်။

ကဗျာ

SWNတခါမှ မပိုင်ဆိုင်ဖူးတာကို ဆုံးရှုံးလိုက်ရသူတွေဟာ (၇၂) နာရီစောင့်တယ်။သံပုံးတွေကို မျက်ရည်နဲ့တီးတယ်။လက်သုံးချောင်းကို ရဲရဲဝံ့ဝံ့ထောင်ကြတယ်။တခါမှ မပိုင်ဆိုင်ဖူးတာကို ဆုံးရှုံးလိုက်ရသူတွေဟာ လမ်းမတွေပေါ်မှာ We Want Democracy လို့ ရေးတယ်။Fuck the Coup လို့ရေးတယ်။တခါမှ မပိုင်ဆိုင်ဖူးတာကို ဆုံးရှုံးလိုက်ရသူတွေဟာ လမ်းမတွေပေါ်တက်လာတယ်။လှည်းတန်းလမ်းဆုံမှာ လူစုတယ်။ဘာလိုချင်လဲ ဒီမိုကရေစီလို့ အော်ကြတယ်။နောက်...

ကဗျာ

အချိန်တွေဆုတ်ယုတ်သွားတဲ့အကျိုးအပဲ့နှစ်တွေ ထမင်းပေါင်းအိုးကိုဖွင့်တော့ ဖန်ခွက်ရှည်မျောမျောပဲတွေ့ မှိုတက်နေတဲ့ ဦးဏှောက်ကိုအလုပ်ပေးတော့မှ ငါ့ခြေမကလေး ခလုတ်တိုက်ရင်တော့ အမေရေလို့ မယောင်တတ်တော့ပြီ။

Short Story

အာဏာသိမ်းကာလမစခင် ကိုဗစ်ကာလထဲက ကျနော်တို့သူငယ်ချင်းတွေ ကွဲကွဲပြားပြား ဖြစ်ကုန်ကြတယ်။ ခု‌တော့ တချို့ကလည်း အလုပ်ခွင်ထဲမှာ မိန်းမတွေ ဘာတွေရ၊ တချို့ကလည်း မိသားစုကို ပြန်ထောက်ပ္ပံကြရ၊ တချို့ကတော့ ဘယ်တော့ပြန်လာရမယ် မသိတဲ့လမ်းကို လျှောက်ကုန်ကြရဲ့။