Connect with us

Hi, what are you looking for?

ကဗျာ

“တခါမှ မပိုင်ဆိုင်ဖူးတာကို ဆုံးရှုံးလိုက်ရသူတွေ”

SWN
တခါမှ မပိုင်ဆိုင်ဖူးတာကို ဆုံးရှုံးလိုက်ရသူတွေဟာ (၇၂) နာရီစောင့်တယ်။
သံပုံးတွေကို မျက်ရည်နဲ့တီးတယ်။
လက်သုံးချောင်းကို ရဲရဲဝံ့ဝံ့ထောင်ကြတယ်။
တခါမှ မပိုင်ဆိုင်ဖူးတာကို ဆုံးရှုံးလိုက်ရသူတွေဟာ လမ်းမတွေပေါ်မှာ We Want Democracy လို့ ရေးတယ်။
Fuck the Coup လို့ရေးတယ်။
တခါမှ မပိုင်ဆိုင်ဖူးတာကို ဆုံးရှုံးလိုက်ရသူတွေဟာ လမ်းမတွေပေါ်တက်လာတယ်။
လှည်းတန်းလမ်းဆုံမှာ လူစုတယ်။
ဘာလိုချင်လဲ ဒီမိုကရေစီလို့ အော်ကြတယ်။
နောက် ဆူးလေမှာ လူတွေဆုံသွားကြတယ်။
တခါမှ မပိုင်ဆိုင်ဖူးတာကို ဆုံးရှုံးလိုက်ရသူတွေဟာ ကဒေါင်းအလံတွေကိုင်လာတယ်။
ခွပ်ဒေါင်းအလံတွေကိုင်လာတယ်။
လူမျိုးပေါင်းစုံရဲ့အလံတွေကို ကောင်းကင်ပေါ်တက်ချိတ်လိုက်တယ်။
တခါမှ မပိုင်ဆိုင်ဖူးတာကို ဆုံးရှုံးလိုက်ရသူတွေဟာ နံပါတ်တုတ်နဲ့ရိုက်ခံရတယ်။
မီးခိုးဗုံးနဲ့အပစ်ခံရတယ်။
မျက်နှာကို ကိုကာကိုလာနဲ့ဆေးကြတယ်။
လက်သီးတွေကို ဖြည်ချပြီး လက်ထိပ်ခတ်ခံရတယ်။ ကျည်အစစ်နဲ့ပစ်ခံရတယ်။
ခေါင်းကနေ ပန်းတွေပွင့်သွားကြတယ်။
လမ်းပေါ်ကို ပွင့်လွှာဖြူဖြူတွေ ကျဆင်းသွားတယ်။
တခါမှ မပိုင်ဆိုင်ဖူးတာကို ဆုံးရှုံးလိုက်ရသူတွေဟာ သပိတ်တွေစုံတော့ သူပုန်ထတယ်။
တခါမှ မပိုင်ဆိုင်ဖူးတာတွေအတွက် မနက်(၄)နာရီထတယ်။
ခရာသံကြားရင် အဆုတ်တွေ ပွင့်မတတ် ပြေးကြတယ်။
ဝဲတွေပေါက်တယ်။
အဟာရမပြည့်တာတွေ စားကြပြီး တာလပတ်ခြုံအိပ်ကြတယ်။
တခါမှ မပိုင်ဆိုင်ဖူးတာကို ဆုံးရှုံးလိုက်ရသူတွေဟာ တခါမှ မပိုင်ဆိုင်ဖူးသူတွေအတွက် ပြန်လာနေပြီ။
ပိုင်ရှင်အတုတွေ သတိထားကြ။


(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ’SWN’ ​ရေးဖွဲ့တဲ့ “တခါမှ မပိုင်ဆိုင်ဖူးတာကို ဆုံးရှုံးလိုက်ရသူတွေ” ကဗျာကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

ပိုင်ဉာဏ် ရန်ကုန်မြို့ကြီးရဲ့ချစ်ရသူတွေ သူ့ဆီကနေ တစ်ယောက်ပြီးတစ်ယောက် အလျှိုလျှို ထွက်ခွာသွားရတော့ မြို့ဟာ ညရဲ့အမှောင်ထုထဲ ဦးတည်ရာမဲ့ ပစ်လွှတ်ခံလိုက်ရတဲ့ မီးကျည်စတွေလို ကိုယ့်အရေပြားကို ချုပ်စက်ပေါ်မှာ ကိုယ်တိုင်လွှာပြီး ကျန်ရစ်ခဲ့သူတွေအပေါ် အနွေးဓာတ်ကို သူ့အသက်နဲ့ရင်းပြီး လွှားတင်ပေးခဲ့ ကြယ်တွေမှာ ကိုယ်ပိုင်နာမည်တွေ ရှိကြပြီး အရပ်မျက်နှာတွေမှာ ကိုယ်ပိုင်မှတ်ဉာဏ်တွေ ရှိကြပြီး...

Short Story

မှတ်မိပါသေးတယ်၊ အဲဒီနေ့က နေပူပြီး မိုးတွေ သည်းကြီးမည်းကြီး ရွာနေခဲ့တာ။ "နေပူမိုးရွာ သူခိုးလာ၊ လာတဲ့သူခိုး တုတ်နဲ့ထိုး" ဆိုပြီးတောင် နှစ်ယောက် သား သံပြိုင်အော်ခဲ့ကြသေးတယ်။ အိမ်တံစက်မြိတ်အောက်မှာ မိုးရွာတာကို ကြည့်ကောင်းကောင်းနဲ့ ထိုင်ကြည့်နေရင်း သူက စကားစလာတယ်၊

ကဗျာ

◼️ခွန်းနီအထောက်အထားမဲ့ ကဗျာဆရာတစ်ယောက်ခေတ်ကြီးနောက် ကောက်ကောက်ပါအောင်လိုက်ခဲ့ဂုဏ်မဲ့၊ဒြပ်မဲ့နဲ့ ဖြစ်သလိုကဗျာဆရာပါ။ ခေတ်ကြီးကခပ်လှုပ်လှုပ်ဆိုတော့လည်းကဗျာဆရာ့အိမ်မက်တွေလည်း ခပ်မြုပ်မြုပ်ပါပဲခေတ်ကြီးများဆိုးတော့ အနာဂတ်တွေပါကျိုးရော။ ကဗျာဆရာတွေစစ်တိုက်ကြတဲ့ခေတ်ကို ရောက်နေပြီတစ်ချို့က လူလုပ်တဲ့သေနတ်တွေကိုင်လို့တစ်ချို့က ရင်ထဲကထွက်တဲ့စကားလုံးတွေနဲ့တိုက်လို့။ ကဗျာဆရာဟာလည်း စစ်ကြီးထဲကိုမိုက်မိုက်မဲမဲတိုးခဲ့တယ်အသိုက်အမြုံတွေကို အရေခွံတွေလိုပုံထားခဲ့ပြီးပြာပုံထဲကနေထပြီး ဒဏ်ရာတွင်းထဲခုန်ဆင်းခဲ့သလိုမျိုး။ Public Service Announcement ရုန်းရင်းကန်ရင်းနဲ့ကျော်လွှားရတဲ့ သက္ကရာဇ်တွေမှာကဗျာဆရာဟာ အနည်ထိုင်လာခဲ့ပြီထင်ပါရဲ့ဒုက္ခဆိုရင် ဆွတ်နေကျရေမွှေးလိုသင်းပျံ့လို့နေရဲ့။ အတောင်တွေရုပ်သိမ်းထားလိုက်ပါ ကဗျာဆရာပြန်ချိန်မရောက်သေးတာကို...

Short Story

မညာပါဘူး ယုမေ။ ကိုယ့်ကိုယ်ကိုယ် ပြုံးနေမိမှန်းတောင် ကို သတိမထားမိဘူး။ ရုံးခန်းထဲက ညီမလေးက လှမ်းပြောတော့မှ ကို့မှာ ရှက်ပြီး မျက်နှာကို လက်နဲ့သပ်ချရတယ်။ ထူးဆန်းတယ် သိလား ယုမေ။ ကိုယ့်မျက်လုံးထောင့်မှာ အရည်တချို့ စိမ့်ဥနေကြောင်း လက်ခံစားမှုအရ ကို သိလိုက်ရတယ်။