Connect with us

Hi, what are you looking for?

ကဗျာ

‘လိပ်ပြာလုံခဲ့တယ်’

သွားသတိ လာသတိ

(The Call -ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ'​​​​​ပန်းတော် ဆက်' ရေးဖွဲ့တဲ့ “​​‘လိပ်ပြာလုံခဲ့တယ်” ကဗျာ ကို People's Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို "The Call - ​ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

◼️ပန်းတော်ဆက်

သွားသတိ လာသတိ

စားသတိ…အိပ်လည်း သတိနဲ့..

အပ္ပမာဒ တရား မှာ ဘဝတွေခါးလိုက်ပုံများကွယ်…

Public Service Announcement

Public Service Announcement

ဒီနှစ်တွေမှာ ကိုယ်လည်းဘဲ

ကိုယ့် ကို ကိုယ် မကြာခဏ ပြန်စမ်းစမ်း ကြည့်..

လွမ်းမိတယ်….

နေ့မြင် ညပျောက် ဘဝများ

ဘယ်တော့များ တံခါးခေါက်သံကြားမလဲ…

ကျောပိုးအိတ် ထဲ အသက်ကို ထည့်လွယ်ထားတဲ့ မိုင် များ…

ကြိုးပြေသွားတဲ့ ပုတီးစေ့ တွေလို

ဘဝတွေ လွင့်စင် ပြုတ်ထွက်

အဝေးပြေးလမ်းမတွေဆီ

ညှော်နံ့ထွက်နေ တဲ့ လူအုပ်ကြီးထဲ

ကိုယ် တိုင် တိမ်မြုတ် ပျောက်ဆုံးသွားပြန်တယ်…

သွေးနွေးတယ်…။

လှိုင်း ရဲ့ ဂီတ ကို ချစ်တယ်….။

ခံစားမှု ကျောရိုးတစ်ခုပဲရှိတယ် ဆိုပေမယ့်…

ရေလိုက် ငါးလိုက် ဘဝ မျိုးတော့

အသက် မရှင်လိုဘူး….။

ဆန် ချိန်တန်ရင် သူပုန်ဆန်မယ်

ကိုယ်ဟာ ဘယ်တုန်း က မှ လှေကြုံ မစီးတတ်ခဲ့…

အပေါင်းသင်းမက်တယ်…။

အပျော်အပါး ခုံ မင်တယ်….။

တစုံတယောက်ကို အမြဲထိုင် လွမ်းနေရရင်…

ကိုယ့် ကို ပြန် တွေ့ ရသလိုမျိုး

လက္ဘ်ရည်ဆိုင်မှာ အလွမ်းတွေ ထိုင်ဖွာရင်း…

လူငယ်ဘဝကို ပြာလိုကြွေခဲ့တယ်…

ကိုယ့်စီးကြောင်း နဲ့ ကိုယ်

ကိုယ်ပင်လယ် နဲ့ ကိုယ်

ကိုယ်ပိုင်ရွက် မှ မရှိရင် ခက်ရချည့်

သစ်ရွက်လှေလို မျောသွားမှာပေါ့…

အချစ်ဆိုတဲ့ ဒဏ်ခံကြိုးလေးမှ မရှိရင်လည်း

စကြာဝဠာ ထဲ ကြယ်တံခွန်လို လွင့်မျောသွားမှာ ပေါ့ကွယ်…

ခေါင်မိုးကမလုံ

အသက် လည်း မလုံံခြုံ

ဘာတစ်ခုမှ မလုံ တဲ့ဘဝများ…

ဘာလို့များ ခြိမ်းလို့ငြိုး

” ကြမ္မာမိုးစွေ ရလဲ…”

အသက်တစ်ခုလုံး ပေးခဲ့ပြီဘဲ

ဘဝတစ်ခုလုံး ရွှဲစို စေဦးတော့….

“ လိပ်ပြာ ကို တော့ လုံ ခဲ့ မယ်…”။

ဆက်စပ်သတင်းများ

ကဗျာ

တော်လှန်ရေး - ၁၊ အလုံပိတ်လိပ်ပြာ အရာရာဟာ ဒရွတ်ဆွဲပြီး တအိအိ ရွေ့လျားနေတယ် ထုထည်တခုလုံး လေးလံထိုင်းမှိုင်း အလင်းနဲ့အတူ စိတ်တွေက မတအားမြန်ဆန်လွန်း ရုပ်ဝတ္ထုတွေက မတအားလေးပင်လွန်း မျှော်လင့်ချက်တွေက မတအား မှောင်မိုက်လွန်း သေဆုံးပြီး ၇၂နာရီကြာအထိ မလှုပ်လာတော့ရင် တကယ်သေကြရမှာ ကယ်တင်ရှင်ဘယ်သောအခါမှမရှိ*

ကဗျာ

ပြည်တွင်းစစ် ဒုက္ခသစ်ပင်ကြီးအောက် အမှိုက်ပုံတွေကြားမှာ ကျနော်တို့ ... အိမ်ထောင်စုဇယားတွေရှိတယ်။

ကဗျာ

အိပ်မက်ထဲကို ကျနော်ရောက်နေပြန်ပြီ။ ဘယ်လိုရောက်လာမှန်းတော့ ကျနော်မသိဘူးပေါ့။ ကျနော်ရောက်တော့ ရှေ့တန်းနေရာတခုမှာ ဖြစ်နေပြီ။ ကျနော့်လက်ဖျံမှာ ရှရာတွေတွေ့တယ်၊ သွေးတွေရော သဲတွေရောနဲ့ဖြစ်နေတာ။ နာလိုက်တာလို့ တွေးနေတုန်း အသံအကျယ်ကြီးတခုကြားရတယ်။ "ဝပ်နေ... ဝပ်နေ" ဆိုတဲ့ ဆက်တိုက်အော်သံတွေပါ အသံအကျယ်ကြီးနောက်မှာ ကပ်ပါလာတယ်။ နောက်တော့ ပေါက်ကွဲသံအကျယ်ကြီးကိုပါ မရှေးမနှောင်းမှာ ကြားလိုက်ရတယ်။

ကဗျာ

တခါက ချောင်းရေစီးထဲမှာ ငှက်ပျောဖက်ကလေးကို လှေဟန်ဆောင်ပြီး မျှောခဲ့တယ်။ ပြီးတော့ မီးမီးပါးစပ်ကနေ သူ့ကို "သွားတော့။ လေယာဉ်ပျံသံတွေ နားထောင်စရာမလိုတဲ့ နေရာဆီ လွတ်အောင် သွားတော့" လို့ ပြောလိုက်တယ်။ ဒါပေမယ့် သူအဝေးကြီးမသွားနိုင်ရှာပါဘူး။ ခဏနေတော့ ရေဝဲတခုထဲမှာ ဝေ့ပြီး ရေထဲနစ်သွားတယ်။ ဖေဖေဆုံးပြီးကတည်းက မေမေလည်း...

Facebook