Connect with us

Hi, what are you looking for?

ကဗျာ

ပဲကိတ်ထဲကနေ မျက်ရည်တွေ တလိပ်လိပ်ထွက်လာတယ်’

ပဲကိတ်ထဲကနေ မျက်ရည်တွေ တလိပ်လိပ် ထွက်လာတယ်။
ဟုတ်တယ် ငါစားနေရင်း ပဲကိတ်က ငိုတယ်။
ငယ်ငယ်က စားသလိုမျိုး ချိုတာ၊ အိတာပဲမဟုတ်ဘဲ ပဲကိတ်က ဝမ်းနည်းတယ်၊ ကြောက်ရွံ့တယ်။

မယ်စုံ

ပဲကိတ်ထဲကနေ မျက်ရည်တွေ တလိပ်လိပ် ထွက်လာတယ်။
ဟုတ်တယ် ငါစားနေရင်း ပဲကိတ်က ငိုတယ်။
ငယ်ငယ်က စားသလိုမျိုး ချိုတာ၊ အိတာပဲမဟုတ်ဘဲ ပဲကိတ်က ဝမ်းနည်းတယ်၊ ကြောက်ရွံ့တယ်။
တခုခုကို လွမ်းစေလို့ ငါစားနေရင်း ပဲကိတ်ထဲကနေ မျက်ရည်တွေ တလိပ်လိပ် ထွက်လာနေတယ်။
ငါစားနေရင်း ပဲကိတ်က တလှိုက်လှိုက်နဲ့ ဝမ်းနည်းနေတယ်။
ငါ့ကိုပြောတယ်။
ဒီအရသာကို မရတာကြာပြီ။
ဒီ သုံမြှောင့်တုံးပုံစံ ပဲကိတ်ထဲမှာ သတိရမှုတွေ ရှိနေတယ်။
ဒီအရသာကို မရတာကြာပြီ။ အညိုရောင် ပဲအနှစ်တွေကြားမှာ အမှတ်သညာခံစားနဲ့ အိမ်ဝေးမှုအသိ တွေပါတယ်။
ဒီအရသာကို မရတာကြာပြီ။ ထွက်လာတာလည်း ကြာပြီ။
ကိတ်မုန့်နှစ်ခုရဲ့ ဝန်းရံမှုမျိုးရှိတဲ့ နူးညံ့မှုနဲ့ နွေးထွေးမှု အရသာကို မရတာကြာပြီ။ ထွက်လာတာလည်း ကြာပြီ။
ဆယ်စုနှစ်ရဲ့ တဝက်က ထက်ပိုင်းကျိုးအသက်မှာ နောက်ထပ် အစွယ်တခုထပ်ထွက်လာစေတယ်။ ကိတ်သားတွေမှာလည်း အသိဉာဏ်တွေကို နှိုးဆွတဲ့ ဓာတ်တွေပါတယ်။
ပဲကိတ်ထဲကနေ မျက်ရည်တွေ တလိပ်လိပ်ထွက်လာတယ်။ကုန်သွားတဲ့ ပဲကိတ်လိုပဲ အမှတ်တရတွေကို အသစ်ထပ်ဖန်တီးမရတော့မှာစိုးလို့ ပဲကိတ်က ငိုတယ်။
ကုန်သွားလို့ ပြန်ယူမရတော့သလိုမျိုး ပြန်သွားလို့ မရတော့မှာစိုးပြီး ပဲကိတ်က ငိုတယ်။
တခုခုကို ဆုံးရှုံးပြီဆိုပြီး ငါစားနေရင်း ပဲကိတ်က ငိုတယ်။
ပဲကိတ်ထဲကနေ မျက်ရည်တွေ တလိပ်လိပ် ထွက်လာတယ်။ ။

(The Call -ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ ‘​မယ်စုံ’
ရေးဖွဲ့တဲ့ “​ပဲကိတ်ထဲကနေ မျက်ရည်တွေ တလိပ်လိပ် ထွက်လာတယ်” ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “ The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ရသစာတမ်းငယ်

အချိန်တွေ အပိုင်းအဖြတ်နဲ့ ဖြတ်ကျော်နေရင်း တယောက်ယောက်ကို စောင့်စားရတဲ့ ချိုမြိန်မှုဟာ နှလုံးသားကို ငြိမ်းအေးစေတယ်။ ပီတိဖြစ်စေတယ်။ မျက်စပစ်ပြီး လူတယောက်ကို ဘဝထဲ ခေါ်လာခဲ့ကြတာတော့ မဟုတ်ခဲ့ပါဘူး။ ကဗျာတွေရေးရင်း အမှန်တရားဆီ သွားနေရင်း နှလုံးသားရဲ့ ရင်ခုန်မှုကို လိုက်လျောခဲ့လိုက်ပါတယ်။

ရသစာတမ်းငယ်

“တကယ်တော့ ဒီကျောပိုးအိတ်ကလေးက ကျမ ဆယ်တန်းအောင်လို့ တက္ကသိုလ်တက်ရတော့မယ့်အချိန်၊ ကျမအမေက ဝယ်ပေးခဲ့တာ” လို့ အိတ်ကလေးကိုကြည့်ရင်း ကျမ သူ့ကိုပြောလိုက်တယ်။ ပြောလက်စ စကားနဲ့လည်း မဆက်စပ်ပါဘူးလေ။

ဝတ္ထုတို

အဆင်မပြေတာတွေ များလှပြီ။ ရက်ဆက် တိုက်ပွဲအရှိန်ကြောင့် လူပင်ပန်းမှုက ဘာမှ အရေးမကြီးသော်လည်း ကျဆုံးရဲဘော်တွေ အရေးက တအုံနွေးနွေး ဖြစ်လှ၏။ ဆန်ရင်း နာနာဖွတ်ဆိုသလို ဘေးနားမှာရှိတဲ့ ပ.က.ဖ ခေါင်းဆောင်ကိုပဲ မာန်မဲကြိမ်းမောင်းရန် စိတ်ကူးမိသည်။ အတွေးထဲတင် ဖြစ်ပေါ်လာပြီး စကားလုံးတွေ ဒေါသတွေက အသံအဖြစ် ရောက်မလာတော့ပါ။

ကဗျာ

လူတွေဟာ အချစ်နဲ့တွေ့ရင် နုပျိုသွားတတ်ကြပြီး စစ်နဲ့တွေ့ရင်တော့ ရင့်ရော်သွားတတ်ကြပါတယ် အမြဲတမ်းညို့ဆိုင်းနေတတ်တဲ့ ရာသီမှာ အပြာရောင်ကောင်းကင်ထဲက ကြယ်ဖြူလေးကို မက်မက်မောမော ရှာဖွေကြည့်မိတာ အပြစ်ဆိုစရာ မဟုတ်ကြောင်းပါ မေရီဆိုင်းနွယ်။

Facebook