Connect with us

Hi, what are you looking for?

ကဗျာ

“နိုင်ငံ့သားကောင်း မဟာလုလင်”

◼️မောင်သုည (ရှပ်ပုံသားလေး)


စိတ်လိုလက်ရ ထွက်ပေါက်မှန်သမျှ
လူငယ်ပီပီ လေလွင့်ခဲ့တယ်။


မိသားစုဆိုတာ
သူတို့အတွက် ဒူးနဲ့မျက်ရည်။


နိုင်ငံအရေးဆိုတာ
ဖြူသလား ၊ မည်းသလား သူ့တို့မသိဘူး၊
နိုင်ငံ့တာဝန်ထမ်းဖို့ဆိုတာ ဝေးသေး။

Public Service Announcement

Public Service Announcement


ဒီတိုင်းပြည် ဒီလူမျိုးကို မိမိချစ်တတ်ဖို့မပြောနဲ့
ဘဝနဲ့ရင်းပြီး
သေမင်းနဲ့စစ်ခင်းမွေးခဲ့တဲ့အမေကိုတောင်
ကျေးဇူးတုံ့ပြန့် ချစ်ရမှန်းမသိတဲ့အကောင်တွေ။


အဲသလောက်ထိ လုလင်လေးတွေဟာ
ဆိုးခဲ့ မိုက်ခဲ့ ရူးခဲ့ကြတယ်။


ဒါပေမယ့် သွေးဖောက်ပြီးကျိန်ရဲသတဲ့
ဘယ်သူအပေါ်မှာမှ သူတို့မယုတ်မာခဲ့ဘူးတဲ့။


”အာဏာသိမ်းလိုက်ပြီ”ဆိုတဲ့စကားကိုကြားတော့
ညဥ့်သန်ခေါင်ယံမှာ ခွေးတွေအူ
လူတွေက ဆူလို့။


အဲဒီမနက်ကပေါ့
လုလင်တို့ နှလုံးသားကို
ဆွဲနှုတ်ခံလိုက်ရတယ်ထင်ပါရဲ့
အားလုံးရဲ့မျက်နှာတွေက
နွမ်းလျ ပင်ပန်းနေကြတယ်။


သေချာတယ်
သူတို့အားလုံးရဲ့အနာဂတ်ကို
သေနတ်တွေနဲ့ မောင်းတင်ချိန်ထားခံလိုက်ရပြီ။


ဟော…ထွက်ခဲ့ပါပြီ လူထုပင်လယ်ပြင်ကြီးတရပ်
အုပ်ကြွထပျံရုန်းနေကြတာ၊
တစ်ချိန်က ပင်လယ်ဟောင်းမှာ
နစ်မွန်းမခံကြဘူး
တချို့မှာ အသက်တွေပေးဆပ်ခဲ့ကြရပြီး
သွေးတွေဟာ
ပေတရာပေါ်မှာ ကျောင်းကန်ပေါ်မှာ။


”တောက်”


လုလင်လေးတွေ ခေါက်မိတဲ့ တောက်တစ်ချက်မှာ
အားလုံးနဲ့ဝေးရာဆီကို ပြေးထွက်သွားခဲ့ကြတယ်။


တော ၊ တောင်ဆိုတာ အမှန်စစ်စစ်
သူ့တို့အတွက် ကိုးကွယ်ရာ၊ ယုံကြည်ရာ၊
အလံနီနဲ့ကြယ်ဖြူဟာ
လုလင်လေးတို့အတွက် အနာဂတ်မျှော်လင့်ချက်ပဲ။


အခုတော့
အနာဂတ်ကို မိုးမျှော်ကြည့်မိတိုင်း
ရင်ကွဲမတက် ခံစားရတယ်ဆိုတာထက်
သူတို့အားလုံး ပိုနာကျင်နေကြတယ်။


အဖေအမေကို သတိရတယ်
မိသားစုကို လွမ်းတယ်
စိတ်လွတ်ကိုယ်လွတ်
ဆိုးခဲ့ဖူးတဲ့အချိန်တွေ ပြန်လိုချင်တယ်။


ညီအစ်ကိုမောင်နှမတွေကို တွေ့ချင်တဲ့အကြောင်း
ဘုရားမှာ ဆုတောင်းမိပေမယ့်
လုလင်တို့ကိုးကွယ်မိတဲ့ဘုရားဟာ
သွေးတွေနဲ့ ပြီးတော့ တရားတွေနဲ့။


” အာဏာရှင်အမျိုးယုတ်တွေကို
သံသရာအဆက်ဆက်
ကမ္ဘာမကြေဘူး”
လုလင်တို့ရွေးချယ်ခဲ့လမ်းအတွက်
အခုနောက်ပိုင်း
သိပ်ကျေနပ်တယ် အားရနေကြတယ်။


လုလင်တို့မြန်မာနိုင်ငံမှာ လူဖြစ်ရတာ
သိပ်ကံကောင်းတယ်မလား။


မိသားစုကို မျက်ရည်နဲ့မျက်ခွက်မပြတ်
ဒုက္ခပေးတဲ့ကောင်က
မိသားစုကို လွမ်းလို့ ငိုတတ်ခဲ့တယ်။


မိဘအိမ်မှန်းမသိ
ရွာရိုးကိုးပေါက်လျှောက်သွားနေတဲ့ကောင်က
အိမ်ကိုလွမ်းလို့
ယောက်ျားတန်မဲ့ မျက်ရည်ကျသတဲ့။


နိုင်ငံရေးကို
ဖြူသလား၊ မည်းသလားမသိတဲ့ကောင်က
ဒီနိုင်ငံကြီးကောင်းဖို့အတွက်
လက်နက်ကိုင်တိုက်ပွဲဝင်လို့၊
ဒီနိုင်ငံရဲ့တာဝန်ကို
တကယ့်အရေးကြီးတဲ့အခန်း ကဏ္ဍမှာ
တာဝန်ထမ်းခွင့်ရလို့ ပျော်ရွှင်နေကြတယ်။


မိမိလူမျိုးကို မချစ်တတ်တဲ့ကောင်က
တခြားတိုင်းရင်းသားတွေရဲ့ ရိုးရာကိုတောင်
ချစ်တတ်နေခဲ့တယ်။


မိမိ မိသားစုကို မချစ်တတ်တဲ့ကောင်က
အများ ပြည်သူအားလုံးကို
ဘဝပေး အသက်စတေး ချစ်ပြနေလိုက်တာ။


”အခုချိန်မှာ
အဲဒီမိဘ ပြည်သူလူထုရဲ့ အသက်အိုးအိမ်ကို
အသက်ပေး ချစ်ပြရတဲ့အခန်းလောက်
မြန်မာနိုင်ငံမှာ လူဖြစ်ရတာ
ကံကောင်းတဲ့လူ ရှိပါဦးမလား”တဲ့။


သြော်…..လုလင်လေးတွေ
ရှားမှာရှားတဲ့ မဟာလုလင်လေးတွေ
တကယ့်ရတနာ သားကောင်းလေးများကို
အစဥ်မြဲ ထာဝရ
ဂုဏ်ယူအလေးပြုအပ်ပါ၏။ ။


(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘မောင်သုည (ရှပ်ပုံသားလေး)’ ​ရေးဖွဲ့တဲ့ “နိုင်ငံ့သားကောင်း မဟာလုလင်” ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ရသစာတမ်းငယ်

●ထွင် စစ်အာဏာရှင်၏လက်ထက်တွင်အဖြစ်အပျက်တို့သည်ကသောင်းကနင်း၊ ကပြောင်းကပြန် ဖြစ်ကုန်သည်။ မျက်စိတမှိတ်အတွင်းမှာပင် လက်မောင်းပေါ် လာကိုက်သော ခြင်တကောင်ကဲ့သို့ မရိုက်မီမှာပင် ဖျတ်ကနဲ့ ပျောက်ကွယ်သွားတတ်သည်။ မနေ့က ဘေးချင်းယှဥ်ထိုင်ပြီး ဂိမ်းအတူဆော့ခဲ့သော ထွန်းပြည့်စုံဆိုသည့် ပီဒီအက်ဖ်ကလေးက ရန်သူ့ဒရုန်းထိမှန်ပြီး မနေ့ညကပဲ မြေအောက်ထဲ ရောက်သွားခဲ့ပြီ။ ယခုပဲ မိသားစုလက်ဆုံ စားနေသည့် ထမင်းဝိုင်းကလေးဟာ...

ရသစာတမ်းငယ်

အသက် အမျက်အငြိုးပြည့်နှက်နေသော ကမ္ဘာမြေကြီးပါလား။မိုးကော၊ ပိတောက်ကော နောက်ကျသည်။ သည်ကြားထဲ မုန်တိုင်းများက ဝင်ရန်ရှိကြောင်း သတင်းထွက်လာသေး၏။ မတတ်နိုင်တော့… ဒီကာလများ၌ ငါပျော်ခဲ့ဖူးတာ အရက်ဝိုင်းတခုသာရှိသည်။ အတွေးများသည့်၊ စကားလုံးတွေလျှံထွက်နေသည့်အပြင် မျက်နှာများစုံသည့်နေရာလည်းဖြစ်ပြန်သည်။ ငါ့မှာ ပိုက်ဆံမရှိပေ။ ဝိုင်းထဲ လူခြောက်ယောက်ရှိပြီး ငါးယောက်မှာ ဟိုခြစ်ခြစ်ဒီခြစ်ခြစ်နဲ့ မျက်နှာငယ်များဖြင့်တောင်းခံနေရသည်။ ကျန်တဦးကား...

ဝတ္ထုတို

လမ်းတံတားတွေပြုပြင် တိုးချဲ့တာက ကောင်းတော့ကောင်းပါရဲ့။ ဒါပေမဲ့ လမ်းဘေးအရိပ်ရပင်တွေ လုံးပါးပါးကုန်ပြီး ခုလိုနွေနေ့လယ်မျိုးဆို မြင်မြင်ရာဝန်းကျင်က ကွန်ကရစ်ပင်လယ်ပြင်ကြီးလို ဖြစ်နေသည်။ အရင်ကဆို ဒီလမ်းမကြီးက မဟော်ဂနီပင်ညိုရိပ်တွေအောက်မှာ လျောင်းစက်နေတဲ့ လမ်းမကြီးပေပဲ။

သတင်း

ခွန်းနီ ဒီနေ့ပြီးရင်ဒီနေ့လိုနေ့တွေပဲ ထပ်ရောက်လာညဆိုရင်လည်းလကတစ်ခြမ်းပဲ သာတော့တယ်အဝေးကြီးကနေရာကိုအဝေးကကြည့်နေရတာဘယ်သူပျော်မလဲ။ အမှောင်ထုထဲအရောင်တွေကလည်း ဖျော့နေလိုက်တာစိတ်ကူးကိုနည်းနည်းမှ မလျှော့နိူင်ဘူးငါဟာညတိုင်း အိမ်ပြန်လာနေကျအိမ်ရှေ့က သရက်ပင်ကြီးအောက်အရိပ်တစ်ခုထိုးကျနေတာ ငါပေါ့။ အမေ့ရဲ့ဆူငေါက်သံအဖေ့ရဲ့ကြိမ်းဝါးသံနောက်ပြီး တံခါးထဖွင့်ပေးသံအဲ့ဒီလိုနောက်ကျတတ်တဲ့အိမ်အပြန်တွေအခုတော့အရိပ်ယောင်ဆောင်ထားတဲ့အတိတ်တွေပဲ ငါပြန်ရတော့တယ်။ Public Service Announcement စောက်စနစ်ကဆိုးဝါးတော့ငါတို့လူငယ်တွေဟာစစ်ကြီးထဲလုံးလားထွေးလားပေါ့။ ပင်ပင်ပန်းပန်းသင်ယူရကျိုးကျိုးနွံနွံဆည်းပူးရခက်ခက်ခဲခဲတည်ဆောက်ရအပူတပြင်းအသားကျရမောကြီးပန်းကြီးရှေ့ဆက်ရမနိူင်မနင်းထမ်းပိုးခဲ့ရစနစ်တကျနဲ့လူငယ်ဘဝကိုဆုတ်ခွာပေးခဲ့ရအတူတူချီတက်ရင်းတချို့သူငယ်ချင်းတွေလွယ်လွယ်ကူကူသေပေးလိုက်ရ။ ဒီစစ်ကြီးထဲမယ်ရှင်ကျန်နေတဲ့ကောင်တွေအဖို့နှလုံးသားဟာ ဒဏ်ရာအရဆုံးပဲ။ ဆိုလိုရင်းကိုပြန်ဆက်ရရင်အိမ်ပြန်ဖို့ဆိုတဲ့အသိကလူငယ်တွေအားလုံးမှာရှိတယ်။ အတွေးတွေနဲ့ပိလာတဲ့ညဟာမိုးလင်းသွားပေမဲ့အာရုံထဲတော့စာသားတစ်ကြောင်းငြိနေတယ်။ အားလုံးကိုကျော်ဖြတ်ရမယ်ဆိုတဲ့စာသားဟာနေခြည်နွေးနု ပွင့်လုလုမနက်ခင်းအထိငါနဲ့အတူရှိနေတယ်...

Facebook