Connect with us

Hi, what are you looking for?

သတင်း

သံတွဲမြို့‌ရှိစစ်ဘေးရှောင်စခန်းကို စစ်ကောင်စီဗုံးကြဲ က​လေးငယ်များအပါအဝင်စစ်​ရှောင်ပြည်သူ ၁၃ ဦး သေဆုံးပြီး ၂၃ ဦး ဒဏ်ရာရ

စစ်​ကောင်စီဗုံးကြဲခံရပြီး​နောက် အပျက်အစီးများနှင့် စစ်​ဘေး​ရှောင်က​လေးငယ်တစ်ဦး၏ ရုပ်အ​လောင်း။ဓါတ်ပုံ-Arakan Princess Media

မိထက်/People’s Spring

ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ စစ်ဘေးရှောင်စခန်းကို ယနေ့(စက်တင်ဘာလ ၂၆ ရက်) နံနက်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲရာ က​​လေးငယ်များအပါအဝင် စစ်ဘေးရှောင်ပြည်သူ ၁၃ ဦး သေဆုံးပြီး ၂၃ ဦး ဒဏ်ရာရရှိသွားသည်။

စစ်ဘေးရှောင်များ ခိုလှုံနေသည့်သံတွဲမြို့နယ်ခန်းမ နှင့် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးရုံးကို နံနက်၇ နာရီ ၄၀ မိနစ်တွင် ဂျက်ဖိုက်တာဖြင့် ဗုံး နှစ်လုံးကြဲချခြင်းခဲ့ခြင်းဖြစ်​ကြောင်းဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

“သေဆုံးတာမှာ ကလေးတွေပါ ပါတယ်။ ဒီနေရာက စစ်ရှောင်စခန်းပါ။ မြင်သာထင်သာရှ်ိတဲ့ စခန်းပါ။ အဲ့ဒီဟာကို တည်ပစ်တာ။ အကယ့်ကို သွေးတွေ ဖုံးသွားတာပါ။ ဒဏ်ရာရသူတွေကိုလည်း စိတ်ပူနေရတယ်။ နေစရာလည်း မရှိတော့ဘူး”ဟု ဒေသခံတစ်ဦးက People’s Sring သို့ပြောသည်။

သံတွဲမြို့ကို ပြီးခဲ့သည့် ဧပြီလတွင် အာရက္ခတပ်တော်(AA)က တိုက်ခိုက်ပြီးနောက် ဇူလိုင်လတွင် စစ်ကောင်စီစခန်းများအားလုံးကိုသိမ်းယူခဲ့သည်။ နောက်ဆုံးကျန်ရှိနေသည့် မောင်ရွှေလေးရေတပ်စခန်းကို စက်တင်ဘာ ၅ရက်တွင် အပြီးသတ်သိမ်းနိုင်ခဲ့ကြောင်း AAက စက်တင်ဘာလ ၆ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ ထို​ကြောင့် သံတွဲ မြို့နှင့် သံတွဲ မြို့နယ်တစ်ခုလုံးကိုအာရက္ခတပ်​တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားခြင်းဖြစ်သည်။

စစ်​ကောင်စီဗုံးကြဲခံရပြီး​နောက် အပျက်အစီးများနှင့် စစ်​ဘေး​ရှောင်က​လေးငယ်တစ်ဦး၏ ရုပ်အ​လောင်း။ဓါတ်ပုံ-Arakan Princess Media

စစ်ကောင်စီ၏လေကြောင်းရန်ကြောင့် ဒေသခံများပြန်လည်နေထိုင်ခြင်းမရှိသေးဘဲ ယာယီစစ်ဘေးရှောင်စခန်းများ၌ နေထိုင်ကြသည်။ ယခုအခါ စစ်ကောင်စီက စစ်ဘေးရှောင်စခန်းကို ဦးတည်တိုက်ခိုက်သွားခြင်းဖြစ်သည်။

စစ်​ကောင်စီဝါဒဖြန့် တယ်လီဂရန်အချို့ကမူ ထိုရုံးများတွင် AA တပ်ဖွဲ့ဝင် တစ်​ထောင်​ကျော်​နေပြီးများစွာ​သေဆုံး ဒဏ်ရာရသွား​ကြောင်းသတင်းအမှားတင်​နေကြသည်ကို​တွေ့ရသည်။

စစ်​ကောင်စီဗုံးကြဲခံရပြီး​နောက် အပျက်အစီးများနှင့် စစ်​ဘေး​ရှောင်က​လေးငယ်တစ်ဦး၏ ရုပ်အ​လောင်း။ဓါတ်ပုံ-Arakan Princess Media

စစ်​ရှောင်စခန်း ထိခိုက်ပျက်စီးမှုနှင့် ​သေဆုံး ၊ဒဏ်ရာရသူများ၏ သတင်းဓါတ်ပုံများကို ရခိုင်​ဒေသတွင်းမီဒီယာတစ်ခုဖြစ်​သော Arakan Princess Media က ​ဖော်ပြရာ​သေဆုံးသူများတွင် က​လေးငယ်နှင့် အမျိုးသမီး အများစုဖြစ်​နေသည်ကို​တွေ့ရသည်။ သတင်းဓါတ်ပုံများကို People’s Spring တယ်လီဂရန် https://t.me/PeopleSpring/56490? တွင် ကြည့်ရှုနိုင်ပါသည်။

စစ်ကောင်စီသည် စက်တင်ဘာ ၂၅ ရက်ညကလည်း ရခိုင်ပြည်နယ်မြေပုံမြို့ကို လေကြောင်းမှဗုံးလေးလုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ထိခိုက်ပျက်စီးမှုမှုကိုမသိရသေးပေ။ ထို့အပြင် စက်တင်ဘာလ ၂၄ ရက်နေ့ ညနေ ၇ နာရီ ၄၀ မိနစ်တွင် တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားနှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့သည်။

စစ်​ကောင်စီတပ်သည် ယခုလပိုင်းအတွင်း ​တော်လှန်​ရေးတပ်များသိမ်းပိုက်ထား​သော မြို့များကို ​လေ​ကြောင်းမှ ဗုံးကြဲ၍ ဆက်တိုက် အကြမ်းဖက်​နေပြီး ​ဒေသခံ ပြည်သူအများအပြား​သေဆုံး​နေသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာရက္ခပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ကို စစ်တပ်က လေယာဉ်အုပ်စုနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း နေအိမ်အဆောက်အအုံ ၂၀ခန့်ပျက်စီးပြီး ဒေသခံပြည်သူ ၂ဦး ထိခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်က ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့အနီးဝန်းကျင်နေရာတွေကို ဂျက်ဖိုက်တာ ၆စီး၊ ထောက်ပို့လေယာဉ် Y12တို့နဲ့ အုပ်စုလိုက် ဒီ​နေ့ညမှာဗုံးကြဲနေပြီးအလုံးရေဆယ်ချီရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။