Connect with us

Hi, what are you looking for?

သတင်း

ကျောက်ထုတိုက်နယ်တွင် စစ်ဘေးရှောင်သားအမိနှစ်ဦး ရေစီးဖြင့်မျောပါ၊ ကလေး၏ရုပ်အလောင်း တွေ့ရှိထား

ကျောက်ထုတိုက်နယ်တွင် ရေဘေးကြောင့် စစ်ဘေးရှောင်သားအမိနှစ်ဦး ရေစီးဖြင့်မျောပါသွားပြီး ကလေးဖြစ်သူ၏ ရုပ်အလောင်းကို တွေ့ရှိထားကြောင်း မင်းတပ် CDF၏ စစ်ဒေသမှူး ကိုနိုင်တမ်းက ပြောသည်။

ကျောက်ထုတိုက်နယ်ရှိ စစ်ရှောင်စခန်းများ ရေကြီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - Khaw Tee

ရဲခေါင်/People’s Spring

ကျောက်ထုတိုက်နယ်တွင် ရေဘေးကြောင့် စစ်ဘေးရှောင်သားအမိနှစ်ဦး ရေစီးဖြင့်မျောပါသွားပြီး ကလေးဖြစ်သူ၏ ရုပ်အလောင်းကို တွေ့ရှိထားကြောင်း မင်းတပ် CDF၏ စစ်ဒေသမှူး ကိုနိုင်တမ်းက ပြောသည်။

စက်တင်ဘာ ၂၅ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် ကျောက်ထုတိုက်နယ်ရှိ ချောင်းခွ၊လယ်ကြီးအိုင်၊ တောင်ဇလပ်စစ်ရှောင်စခန်းများ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ခြင်းဟု ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

အဆိုပါ ရေကြီးမှုအတွင်း စစ်ဘေးရှောင်သားအမိနှစ်ဦး ရေစီးဖြင့်မျောပါသွားသည်ကို မင်းတပ် CDF၏ စစ်ဒေသမှူး ကိုနိုင်တမ်းက ယနေ့(စက်တင်ဘာ ၂၆ ရက်)တွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် အသိပေးထားသည်။ ရေစီးဖြင့် မျောပါသည့် သားအမိနှစ်ဦးသည် ယောနယ်ဘက်သို့ စစ်ဘေးရှောင်စဥ် ယခုကဲ့သို့ဖြစ်ရပ်နှင့် ကြုံခဲ့ရခြင်းဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“လေကြောင်းနဲ့အဆက်မပြတ်တိုက်ခိုက်ခံနေရလို့ ယောနယ်ဖက်ပြေးလာကြတဲ့ မင်းတပ်စစ်ဘေးရှောင်တွေရဲ့လက်ရှိအခြေအနေ။မနေ့က သားအမိ နှစ်ယောက် ရေထဲပါသွားပါတယ် ။ကလေးက အလောင်း ပြန်ရပါပြီ ။အမေကိုတော့ မတွေ့သေးပါဘူး”ဟု ကိုနိုင်တမ်းက ပြောသည်။

ထို့ကြောင့် တောင်ဇလပ်စစ်ရှောင်စခန်းရှိ တဲအားလုံးနီးပါးလည်း ရေကြီးရေလျှံမှုကြောင့် ရေစီးဖြင့် မျောပါသွားရာ နောက်ထပ် လူပျောက်ဆုံးသူများလည်းရှိနိုင်သည်ဟု သိရသည်။

“ကြားဒို၊ မိန်ဟောင်ရွာက ဒေါ်နိန်းခေးနှင့် သူ့သားလို့သိရပါတယ်”ဟု ယောဒေသ စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ပြောသည်။

လက်ရှိတွင် တောင်ဇလပ်စစ်ရှောင်၊ လယ်ကြီးအိုင်၊နှင့် ချောင်းခွစစ်ရှောင်စခန်းမှ ပြည်သူများ အရေးပေါ် ရိက္ခာ၊အ၀တ်အထည်နှင့်ဆေးဝါးများလိုအပ်နေကာ ကူညီမှုများ အရေးပေါ်လိုအပ်နေကြောင်း ဒေသတွင်းစစ်ရှောင်များကူညီပေးနေသည့် ယောအလင်းတန်းက အသိပေးထားသည်။

သြဂုတ်လဆန်းပိုင်းကစ၍ စက်တင်ဘာ ၂၄ ရက်အထိ ချင်းပြည်နယ်၊မင်းတပ်မြို့ကို စစ်ကောင်စီက နေ့စဥ် တိုက်လေယာဥ်များဖြင့် ဗုံးကြဲနေပြီး ဒေသတွင်းအခြေစိုက် အခြေစိုက် ခလရ (၂၇၄)ကို စစ်ကောင်စီက လေကြောင်းမှ ရိက္ခာခဲယမ်းဖြည့်တင်းမှုနှင့်အတူ တပ်မ(၂၂) လက်အောက်ခံ ခမရ (၂၀၄)တပ်ရင်းကိုပါ အင်အားဖြည့်တင်းထားကြောင်းလည်း မင်းတပ်မြို့ခံစစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ရေကာတာကျိုးပေါက်မှုကြောင့်ဖြစ်တဲ့ လေးမျက်နှာမြို့ရေဘေးမှာ ပိတ်မိနေသူတွေအများအပြားရှိနေပြီး ကယ်ဆယ်ရေးအင်အားလိုအပ်နေတယ်လို့ လူမှုကူညီ ရေးအဖွဲ့တွေက ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ လေးမျက်နာမြို့မှာ ငဝန်မြစ် ရေကာတာကျိုးလို့ ရပ်ကွက်နဲ့ကျေးရွာ ၆ ခုထက်မနည်း အရေးပေါ်ရွေ့ပြောင်းနေရပါတယ်။

သတင်း

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက အာသံပြည်နယ်မှာ ရေကြီးမှုတွေကြောင့် သေဆုံးသူ ၈၀ နီးပါးထိ ရှိလာကြောင်း သိရပါတယ်။

သတင်း

မကွေးတိုင်း၊ဆောမြို့နယ်၊ ကျောက်ထုအ‌မြောက်တပ်က သေဆုံး၊ဒဏ်ရာရသူတွေကို စစ်တပ်က ရဟတ်ယာဉ် ၂စီးနဲ့ သယ်ထုတ်သွားတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။