Connect with us

Hi, what are you looking for?

သတင်း

ချီဖွေမြို့နယ်တွင်စစ်ကောင်စီ လက်အောက်ခံ တပ်စခန်းတစ်ခုကို KIA/KPDF သိမ်းပိုက်

ကချင်ပြည်နယ် ချီဖွေမြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) ပူးပေါင်းတပ်က ယနေ့(စက်တင်ဘာ ၂စ)မနက်တွင် သိမ်းပိုက်ခဲ့ဟု စစ်​​ရေးသတင်းရင်းမြစ်အချို့က​ပြောသည်။

KIAတပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ-KIA

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ချီဖွေမြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) ပူးပေါင်းတပ်က ယနေ့(စက်တင်ဘာ ၂စ)မနက်တွင် သိမ်းပိုက်ခဲ့ဟု စစ်​​ရေးသတင်းရင်းမြစ်အချို့က​ပြောသည်။

ချီဖွေမြို့ရှိ စစ်ကောင်စီ ကာကင်းစခန်းတစ်ခုအား စက်တင်ဘာ ၂၉ရက် မနက် ၉နာရီ အချိန်တွင် သိမ်းပိုက်ခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။

Public Service Announcement

Public Service Announcement

ချီ​ဖွေမြို့နယ်ရှိ စစ်ကောင်စီတပ်ရှေ့တွင်ရှိ​သော ပြည်သူ့စစ်စခန်းကို သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်ဟုစစ်​ရေးရင်းမြစ်တစ်ဦးကပြောသည်။

“ကျနော်ကြားရသလောက်ဆို ဒီမနက်ပဲ ချီဖွေမှာ ရှိတဲ့ ပြည်သူ့စစ်တွေ တပ်ရဲ့ရှေ့က ပြည်သူ့စစ်တွေအကုန်လုံးကို KIAနဲ့ KPDFတွေကအကုန်လုံး ကြိုးချည်ပြီးဖမ်းသွားတယ်တဲ့။ အဲဒီလိုတော့ သတင်းရတယ်။တချို့ ပြည်သူ့စစ်စခန်းတော့ သိမ်းလိုက်တယ်။ ဒါပေမဲ့ တပ်ရင်းကုန်း တစ်ကုန်းရှိတယ်နော။ အဲဒါတော့ မသိမ်းရသေးဘူး။ ချီဖွေဘေးနားက။” ဟု စစ်​ရေးသတင်းရင်းမြစ်က ပြောသည်။

KIA/PDF ပူးပေါင်းတပ်သည် ဇွန်လ ဒုတိယပါတ်ကလည်း ၀ိုင်းမော်-ဆဒုံးလမ်းရှိ စစ်ကောင်စီစခန်းများ၊ ဆဒုံးဗျူဟာ အပါအဝင် စစ်ကောင်စီတပ်၊ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်ဖွဲ့(BGF) တပ်စခန်း ၂၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

KIA နှင့် စစ်ကောင်စီတပ်တို့သည် လက်ရှိတွင်ကချင်ပြည်နယ်၌ ဗန်းမော်- မိုးမောက်ကြား၊ ဖားကန့် ဆိုင်းတောင်တို့၌ တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။