Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်တွင် အင်အားတရာခန့်ပါစစ်​ကြောင်းကို PDF များစစ်​ကြောင်းပျက်​အောင်တိုက်ခိုက်

စစ်​ကောင်စီတပ်မှအများအပြား​သေဆုံးပြီး ၃၀ ဦးခန့်စစ်သုံ့ပန်းဖမ်းမိ၊ ဖွဲစည်းပုံပျက်သွား​သောစစ်​ကြောင်းမှာဘီလူးစစ်​ကြောင်းဟု PDF အချို့​ပြော

တိုက်ပွဲအတွင်းဖမ်းဆီးရရှိ​သော စစ်သုံ့ပန်းများ နှင့် PDF ပူး​ပေါင်းအဖွဲ့များ

လူအေး/People’s Spring

ဘုတလင်မြို့နယ်၊ကူတော်ရဲစခန်းမှထွက်လာသည့် အင်အားတရာခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကြောင်းတကြောင်းလုံး ဖွဲ့စည်းပုံပျက်သွားပြီး အများအပြားသေဆုံးကာ အရှင်ဖမ်းမိထားသူများလည်းရှိကြောင်း စုံစမ်းသိရှိရသည်။

“မနက် ၁၀နာလောက်ကတည်းက ချနေတာပါ။ စစ်ကြောင်းတကြောင်းလုံးကိုဖျက်ဆီးပစ်နိုင်တာ။အရှင်မိထား တာတွေရှိတယ်” ဟု ပြည်သူ့ကာကွယ်ရေးရဲ ဘော်ပြောသည်။

တိုက်ပွဲအတွင်းဖမ်းဆီးရရှိ​သော စစ်သုံ့ပန်းများ နှင့် PDF ပူး​ပေါင်းအဖွဲ့များ

စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးထက်မနည်း အရှင်ဖမ်းမိထားကြောင်း ကနဦးသတင်းရရှိသော်လည်း အသေးစိတ်အတည်ပြုရန်လိုအပ်နေသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်နေစဉ်နှင့် ဖြစ်ပွားနေချိန် စစ်ကောင်စီက လေကြောင်းမှ ကိုးကြိမ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။သို့သော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထိခိုက်မှုမရှိခဲ့ဘဲ စစ်ကောင်စီသည် ရုပ်အလောင်းများအား ကောက်ယူရန် ကြိုးစား​သော်လည်းအရာမထင်ခဲ့ကြောင်း တိုက်ပွဲဝင်ပြည်သူ့ကာကွယ် ရေးရဲ ဘော်တစ်ဦးကပြောသည်။

” မိတ္တိလာလေတပ်ကနေ တက်လာပြီး ပစ်တာ” ဟု ကာကွယ်ရေးရေး ဘော်ကပြောသည်။

ကူတော်ရဲစခန်းသည် ဒီပဲယင်းနှင့် ဘုတလင်မြို့နယ်ကြား၌ တည်ရှိပြီး စစ်ကောင်စီစစ်ကြောင်းသည် ဘုတလင်မြို့သို့ စစ်ကြောင်းထိုးလာစဉ် ကြားဖြတ်တိုက်ခိုက်ခံရခြင်းဖြစ်သည်။

အဆိုပါစစ်ကြောင်းသည် စစ်ကောင်စီ၏ဘီလူးစစ်ကြောင်းဟု ကနဦးသိရှိရသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးပေ။ တိုက်ပွဲသတင်းအပြည့်အစုံကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင်သတင်းထုတ်ပြန်လိမ့်မည်ဟု ကာကွယ်ရေးရဲဘော်များကပြောသည်။

ရွှေဘိုခရိုင်မှ PDF တစ်ဦးကလည်း”ဒီစစ်ကြောင်း ကျတော်တို့နဲ့ ထိတိုက်တွေ့ဖူးတယ်။ အရှင်တွေဖမ်းမိပြီးဆိုကတည်းက ဖွဲ့စည်းပုံပျက်တာပဲ။ ဒီပွဲက အလွတ်ကြီးစားရတာ” ဟု​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်က ကျေးရွာတွေကို ပိတ်ဆို့ပြီး စစ်တပ်က စစ်ကြောင်းထိုးနေတာမို့ ပြည်သူသောင်းနဲ့ချီထွက် ပြေးနေရပြီး ကျေးရွာအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်တပ် စစ်ကြောင်းထိုးလာလို့ ပြည်သူ တစ်သိန်းနီးပါး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် ပြည်သူ ကာကွယ်‌ရေးအဖွဲ့ကနေ ရပ်/ရွာ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ ရဲဘော်တွေကို အပတ်စဥ် (၁) မွမ်းမံသင်တန်းပေးခဲ့ရာ သင်တန်းသား ၁၅၀ တက်ရောက်ခဲ့တယ်လို့ ဘုတလင်ကပဖအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။