Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်ခရိုင်၌ စက်တင်ဘာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရင်းမှူးအပါအဝင် ၇၀ကျော် သေဆုံးဟု KNU အသိပေး

ဖာပွန်ခရိုင်၌ စက်တင်ဘာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရင်းမှူးအပါအဝင် ၇၀ကျော် သေဆုံးဟု KNU အသိပေး

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်(မူတြော်)ခရိုင် တပ်မဟာ(၅)နယ်မြေတွင် စက်တင်ဘာအတွင်း တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါအဝင် သေဆုံးသူ ၇၄ ဦးရှိခဲ့ကြောင်း KNU တပ်မဟာ(၅) က သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၁ရက်မှ ၃၀ရက်အထိ ဖာပွန်ခရိုင် အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅) ပူးပေါင်းတပ် နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲ ၁၄၄ ကြိမ်ရှိခဲ့သည်ဟု အသိပေးသည်။

တိုက်ပွဲအတွင်း သေဆုံးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များတွင် တပ်ရင်းမှူး တစ်ဦး၊ တပ်ခွဲမှူး နှစ်ဦး နှင့် ဒုတပ်ခွဲမှူးတစ်ဦး ပါဝင်သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၁ဦးဒဏ်ရာရခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

တိုက်ပွဲအတွင်း လက်နက်ခဲယမ်းသိမ်းပိုက်ရရှိမှု ရှိ၊မရှိ နှင့် KNLA ပူးပေါင်းတပ်မှ ကျဆုံးထိခိုက် ရှိမရှိ အခြေအနေများ ဖော်ပြမထားပေ။

စစ်ကောင်စီတပ်မှလည်း လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့ရာ အရပ်သားပြည်သူ ၁ဦးသေဆုံးကာ ၅ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် စက်တင်ဘာ ၃၀ရက် မွန်းလွဲပိုင်းကလည်း ဖာပွန်မြို့ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံးခဲ့သည်ဟု KNU တပ်မဟာ(၅)က ထုတ်ပြန်သည်။

KNLA တပ်မဟာ(၅)ပူးပေါင်းတပ်ဖွဲ့များသည်ဖာပွန်မြို့ နယ်တစ်ခုလုံးအပြီးသတ် သိမ်းပိုက်နိုင်ရေး အတွက် စစ်ကောင်စီတပ်များကို ပိတ်ဆို့တိုက်ခိုက်မှု၊ ပြောက်ကျားတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိရာ လက်ရှိတွင် မြို့ကို ထိန်းချုပ် ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

Facebook