Connect with us

Hi, what are you looking for?

သတင်း

မန္တလေး TTC ကျောင်းရှေ့က ဆိုင်ခန်းတွေ ဖယ်ရှားခိုင်းနေ

မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၊ TTC ကျောင်းရှေ့က ဆိုင်ခန်းတွေကို ဖယ်ရှားပေးဖို့ စာထုတ်ထားကြောင်း ဒေသခံအချို့က ပြောပါတယ်။

(ဖယ်ရှားပေးရမယ့် ဆိုင်ခန်းများအား တွေ့ရစဥ်။ ဓါတ်ပုံံ-Screen Grab)

နိုဝင်ဘာ ၁၆၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၊ TTC ကျောင်းရှေ့က ဆိုင်ခန်းတွေကို ဖယ်ရှားပေးဖို့ စာထုတ်ထားကြောင်း ဒေသခံအချို့က ပြောပါတယ်။

မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၊ ၆၈ လမ်း၊ ၃၄ လမ်းနဲ့ ၃၅ လမ်းကြား၊ TTC ဆရာအတတ်သင်တန်းကျောင်းရဲ့လေ့ကျင့်ရေး အလယ်တန်းကျောင်းရှေ့က ဆိုင်ခန်းတွေကို ဖယ်ရှားပေးဖို့ စစ်တပ်လက်အောက်ခံ ပညာရေးဝန်ကြီးဌာနက စာထုတ်လိုက်ကြောင်း ဆိုင်ခန်းရှင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

“တချို့ဆိုင်ခန်းတွေကတော့ ရွှေ့တောင်ရွှေ့နေကြပြီ။ ဘယ်ရက်ဆိုတာတော့ အတိအကျမသိရဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဖယ်ရှားပေးရမယ့်နေရာဟာ မန္တလေးမြို့လယ်၊ အချက်အချာကျတဲ့နေရာဖြစ်ပြီး အလှပြင်ဆိုင်၊ အင်္ကျီအဝတ်အစားဆိုင်၊ အခြားလူသုံးကုန်ပစ္စည်းဆိုင်၊ စားသောက်ဆိုင်တွေနဲ့ စည်ကားတဲ့ဆိုင်တန်းတွေဖြစ်ကြောင်း၊ အနည်းဆုံး ၃လကနေ အများဆုံး ၆လအတွင်း ဖယ်ရှားပေးရနိုင်ကြောင်း သိရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ၎င်းတို့အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမြို့က ရဲစခန်းတွေ၊ ဗထူးကွင်း၊ မဟာအောင်မြေအားကစားကွင်း၊ စိုက်ပျိုးရေးရုံး၊ ပညာရေးရုံးအပါအဝင် ဌာနဆိုင်ရာရုံးဝန်းကျင်တွေမှာ ဝန်ထမ်းတွေဆောက်လု​ပ် ရောင်းစားထားတဲ့ဆိုင်ခန်းတွေကို ပြန်လည်ဖယ်ရှားနေတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ