Connect with us

Hi, what are you looking for?

သတင်း

တောင်ကုတ်မြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ခုနစ်ဦးရှိလာ

ရက္ခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ကို အောက်တိုဘာ ၄ရက်က စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူမျာအနက်နှစ်ဦး ထပ်မံသေဆုံးရာ စုစုပေါင်း ခုနစ်ဦး သေဆုံးခဲ့ပြီဖြစ်သည်။

တောင်ကုတ်မြို့နယ်၊ ကင်းထောင်ကျေးရွာကိုအောက်တိုဘာ ၄ရက်က လေကြောင်းတိုက်ခိုက်ခံရအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - CJ

လူအေး/People’s Spring

ရက္ခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ကို အောက်တိုဘာ ၄ရက်က စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူမျာအနက်နှစ်ဦး ထပ်မံသေဆုံးရာ စုစုပေါင်း ခုနစ်ဦး သေဆုံးခဲ့ပြီဖြစ်သည်။

တောင်ကုတ်မြို့နယ်၊ ကင်းထောင်ကျေးရွာကိုအောက်တိုဘာ ၄ရက် နံနက် ၂နာရီခန့်နှင့် ညနေ ၃နာရီခန့်တွင် စစ်ကောင်စီကလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

နံနက်ပိုင်းတိုက်ခိုက်မှုတွင် ကလေးငယ်တစ်ဦးပါဝင် အရပ်သားလေးဦး သေဆုံးပြီး ငါးဦးထက်ဒဏ်ရာရခဲ့သည်။ ညနေ ပိုင်းတိုက်ခိုက်မှုအတွင်း အမျိုးသမီးတစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရခဲ့သည်။

ဒဏ်ရာရသူများအား ဆေးကုသပေးနေစဉ် သက်ကြီးရွယ်အိုအမျိုးသမီးတစ်ဦး အပါအဝင် နောက်ထပ်နှစ်ဦး ထပ်မံသေဆုံးကြောင်း ဒေသခံများက ပြောသည်။

ထို့ကြောင့် ကင်းထောင်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း အရပ်သား ပြည်သူ ၇ဦးသေဆုံးသွားပြီဖြစ်သည်။

” ပေါင် ၅၀၀ ဗုံးဗျာ။ အိမ်တွေနားကို ကျတာ။ ကင်းတောင်မှာအရပ်သားချည်းပါ။ ဒါကို လာလာပစ်နေတာပါ”ဟု တောင်ကုတ်မြို့ ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် တိုက်ခိုက်မှုကြောင့် နေအိမ် ၁၀လုံးထက်မနည်းပျက်စီးခဲ့ပြီး စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကို ဒေသခံများစိုးရိမ်နေကြသည်။

လက်ရှိတွင် ရက္ခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော်(AA)က မောင်တောမြို့သိမ်းတိုက်ပွဲဆင်နွှဲနေပြီး အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုလည်း စက်တင်ဘာလ ၂၆ရက်မှစ၍ တိုက်ခိုက်နေပြီဖြစ်သည်။

ထို့အပြင် ဧရာဝတီတိုင်းနှင့်နယ်စပ်ဖြစ်သော ဂွမြို့နယ်၌လည်း AAနှင့် စစ်ကောင်စီ တိုက်ပွဲများဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့နယ်မှာလစာထုတ်ပြီးအပြန်ပညာရေးဝန်ထမ်းဆရာ၊ ဆရာမတွေပါဝင်တဲ့ခရီးသည်တင်စက်လှေတစီး နစ်မြုပ်ရာဆရာမ၁ဦးသေဆုံးပြီး၈ဦးပျောက်နေတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။