Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့မရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းများယူလာပြီး ပကဖထံ အလင်းဝင်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့မရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦး သေနတ်၂လက်နှင့် ခဲယမ်းများဖြင့် အလင်းဝင်လာကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့မရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦး သေနတ်၂လက်နှင့် ခဲယမ်းများဖြင့် အလင်းဝင်လာကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

ယမန်နေ့(အောက်တိုဘာ ၇ ရက်) နေ့လယ် ၂နာရီခန့်က မြိုင်မြို့မရဲစခန်းမှ ရဲတပ်ကြပ်ကျော်လင်းဆိုသူသည် မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ထံ ချိတ်ဆက်၍ အလင်းဝင်လာကြောင်း၊ ၎င်းက G4 သေနတ်တစ်လက်၊ ခြောက်လုံးပြူးသေနတ် ၁ လက်နှင့်ကျည်များ ယူဆောင်လာပြီး အပ်နှံခဲ့ကြောင်း မြိုင်ပကဖခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

Public Service Announcement

Public Service Announcement

“သူက ကြိုချိတ်ဆက်ထားတာမရှိဘူး။ ဝင်မယ့်နေ့မနက်က ချိတ်ဆက်တယ်။ နေ့ခင်းကိုသွားခေါ်လိုက်တာပဲ။ သူ့ဒေသကတော်လှန်ရေးအဖွဲ့တွေနဲ့လည်း ချိတ်ဆက်ပေးထားတယ်။”ဟု ကိုလက်ယျာက ဆိုသည်။

ကာကွယ်ရေးအဖွဲ့များသည် မြိုင်မြို့ပေါ်ရှိ ပြည်သူလူထုကို ငဲ့၍ မြို့အားတိုက်ခိုက်သိမ်းပိုက်ခြင်းမပြုသေးဘဲ စစ်အုပ်စုအား ရိက္ခာဖြတ်တောက် ဝိုင်းဝန်းပိတ်ဆို့မှုသာ ပြုလုပ်နေကြောင်း၊ မြိုင်မြို့ပေါ်ရှိ စခန်းအသီးသီးမှ စစ်ကောင်စီတပ်သားများအနေဖြင့် စစ်တပ်အား အမြန်စွန့်ခွာ၍ အသက်အသေမခံဘဲ ပြည်သူ့ရင်ခွင်သို့ ပူးပေါင်းပါက ဆုကြေးငွေနှင့်အတူ မိသားစုများရှိရာသို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း မြိုင်ပကဖက ထုတ်ပြန်ထားသည်။

အောက်တိုဘာ ၂ရက်ကလည်း မြိုင်မြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီးတစ်ဦးသည် ဇနီးသည်အား ခေါ်ဆောင်ကာ လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်ခဲ့သေးသည်။

စက်တင်ဘာအတွင်းကလည်း မြိုင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်မှ ပျူစောထီးအဖွဲ့ဝင်နှစ်ဦး၊ စစ်သားတစ်ဦးနှင့် ဒုတပ်ကြပ်တစ်ဦးတို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာခဲ့သည်။

ထို့အပြင် တစ်လအတွင်း အလင်းဝင်ရန် သတိပေးခံရသည့် မြိုင်မြို့နယ်ရှိ သရက်ကန်ပျူစောထီးကျေးရွာမှ ပျူစောထီးမိသားစုဝင် ၅၀ နီးပါးလည်း ကာကွယ်ရေးအဖွဲ့များထံ လာရောက်ခိုလှုံခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရိုင် တပ်ရင်း(၃)က အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကောင်းမွန်စွာ ကျွေးမွေးထားကြောင်း ရုပ်သံမှတ်တမ်းဖော်ပြပြီး အလင်းဝင်သူနဲ့ စစ်သုံ့ပန်းကို ခွဲခြားထားရှိတာဖြစ်လို့ စစ်ကောင်စီတပ်သားတွေ အလင်းဝင်မလား စစ်သုံ့ပန်းအဖြစ်ခံမလား စဉ်းစားစေလိုတယ်လို့ သတိပေးခဲ့ပါတယ်။