Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှား Su-34 တိုက်လေယာဉ်ကို ယူကရိန်း F-16က ပစ်ချခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်

ရုရှားရဲ့ Su-34 တိုက်လေယာဉ် တစ်စီးကို ယူကရိန်း လေတပ်ရဲ့ F-16 တိုက်လေယာဉ် တစ်စီးက ပစ်ချခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

ရုရှားရဲ့ Su-34 တိုက်လေယာဉ် တစ်စီးကို ယူကရိန်း လေတပ်ရဲ့ F-16 တိုက်လေယာဉ် တစ်စီးက ပစ်ချခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

လူမှုကွန်ရက် မီဒီယာ Xမှာ အရင်ကတည်းက ယူကရိန်းရဲ့ စစ်ရေးသတင်းတွေကို ပုံမှန် ဖော်ပြလေ့ရှိတဲ့ @front_ukraine စာမျက်နှာက ပြီးခဲ့တဲ့ သီတင်းပတ်မှာ F-16က ပစ်ချလို့ Su-34 ပျက်ကျတယ်ဆိုတဲ့ ကိစ္စကို ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ရုရှားနဲ့ ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာနတွေကတော့ အဲဒီသတင်းနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးတာမျိုး ဘာမှ မရှိသေးပါဘူး။ တကယ်လို့ အခုထွက်ပေါ်နေတဲ့ သတင်းတွေသာ မှန်ကန်ခဲ့မယ်ဆိုရင် အနောက် မဟာမိတ် နိုင်ငံတွေဆီကနေ F-16 အပေါ့စား တိုက်လေယာဉ်တွေ လက်ခံရရှိပြီးနောက်ပိုင်း ယူကရိန်းဟာ ပထမဆုံး အကြိမ်အဖြစ် အဲဒီလေယာဉ်တွေကို အသုံးပြုပြီး ရုရှား တိုက်လေယာဉ် တစ်စီးကို ပစ်ချနိုင်မှုအဖြစ် မှတ်တမ်းတင်နိုင်ပါလိမ့်မယ်။

Public Service Announcement

Public Service Announcement

ယူကရိန်းဆီကို ဒိန်းမတ်နဲ့ နယ်သာလန် နိုင်ငံတွေက အရေအတွက် အတိအကျ မသိရသေးတဲ့ F-16တွေ ထောက်ပံ့ ပေးပို့ထားပါတယ်။ အဲဒီ တိုက်လေယာဉ်တွေကို NATO စစ်မဟာမိတ် တပ်ဖွဲ့ရဲ့ အနိမ့်ဆုံး စံသတ်မှတ်ချက်နဲ့ ညီညွတ်အောင် Block 20 အဆင့် နည်းပညာတွေ အဆင့်မြှင့်တင် ထည့်သွင်းပေးထားပါတယ်။

အကျိုးဆက် အနေနဲ့ F-16တွေဟာ ယူကရိန်း လေတပ်မှာ သုံးစွဲနေတဲ့ ဆိုဗီယက်လုပ် တိုက်လေယာဉ်တွေထက် ပိုမိုသာလွန်တဲ့ ထိန်းချုပ် မောင်းနှင်မှုစနစ်၊ ပိုမိုဝေးကွာတဲ့ နေရာတွေက ပစ်မှတ်တွေကို ရှာဖွေ ထောက်လှမ်းနိုင်တဲ့ ရေဒါစွမ်းရည်တွေ ပိုင်ဆိုင်လာပါတယ်။ ပြီးတော့ အဲဒီ တိုက်လေယာဉ်တွေဟာ ပိုမိုလျင်မြန် ပေါ့ပါးတဲ့ စစ်ကစားမှု စွမ်းရည်၊ အမျိုးမျိုးသော ဒုံးကျည်တွေကို တပ်ဆင် ပစ်ခတ်နိုင်တဲ့ စွမ်းရည်တွေလည်း ရှိပါတယ်။

Su-34တွေကတော့ ရုရှားလေတပ်က အားထားတဲ့ ဘက်စုံသုံး ဗုံးကြဲ တိုက်လေယာဉ်တွေဖြစ်ပြီး ဝေဟင်နဲ့ မြေပြင် ပစ်မှတ်တွေကို တိုက်ခိုက်နိုင်စွမ်း ရှိပါတယ်။

ယူကရိန်းဟာ F-16 တိုက်လေယာဉ်တွေကို လက်ခံရရှိပြီးနောက် ပထမဆုံး တစ်စီးကို ဆုံးရှုံးခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလေယာဉ်ဟာ ရုရှားဖက်က ပစ်ချခံရတာမျိုး မဟုတ်ဘဲ စက်ချွတ်ယွင်းမှု၊ ဒါမှမဟုတ် ပစ်လွှတ်တဲ့ ဒုံးကျည်က လေယာဉ်ကနေ ထွက်မသွားဘဲ ပေါက်ကွဲမှုကြောင့် ဖြစ်နိုင်ကြောင်း ကနဦး စစ်ဆေးတွေ့ရှိမှုတွေကို အခြေခံပြီး သုံးသပ်ထားပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဟာ ရုရှားရဲ့ လေကြောင်းစိုးမိုးမှု တစ်ဖက်သတ် အလေးသာနေတဲ့ အခြေအနေကို တုံ့ပြန်နိုင်ဖို့အတွက် အနောက်မဟာမိတ် နိုင်ငံတွေဆီက F-16 တိုက်လေယာဉ်တွေကို အပူတပြင်း တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ တစ်ဖက်မှာတော့ ရုရှားက ယူကရိန်းလက်ထဲ ရောက်နေတဲ့ F-16တွေကို အငြှိုးတကြီး ရှာဖွေပြီး တိုက်ခိုက် ဖျက်ဆီးသွားမယ်လို့ ကြုံးဝါးထားပါတယ်။

ကိုးကား: Forbes

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒရုန်း တိုက်လေယာဉ်တွေ ထုတ်လုပ် တည်ဆောက်ပေးဖို့ အမေရိကန် လေတပ်က ကုမ္ပဏီ နှစ်ခုနဲ့ အဝယ်စာချုပ်တွေ ချုပ်ဆိုလိုက်ပါတယ်။

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။