Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့ရှိ ပြည်သူများ​၏နေအိမ်များ စစ်ကောင်စီတပ် ထပ်မံမီးရှို့ဖျက်ဆီး

ချင်းပြည်နယ် မင်းတပ်မြို့ပေါ်ရှိ ပြည်သူလူထု နေအိမ်များကို စစ်ကောင်စီတပ်သားနှင့် ရဲများက ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း ထပ်မံမီးရှို့ခဲ့ကြောင်း မင်းတပ်ဒေသခံက ပြောသည်။

မင်းတပ်မြို့ရှိ နေအိမ်များ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Hkl-Mindat

မိုးမိုး/People’s Spring

ချင်းပြည်နယ် မင်းတပ်မြို့ပေါ်ရှိ ပြည်သူလူထု နေအိမ်များကို စစ်ကောင်စီတပ်သားနှင့် ရဲများက ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း ထပ်မံမီးရှို့ခဲ့ကြောင်း မင်းတပ်ဒေသခံက ပြောသည်။

စက်တင်ဘာအတွင်း စစ်ကောင်စီတပ်က မင်းတပ်မြို့ပေါ်ရှိ ပြည်သူလူထု နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီးနောက် စစ်ကောင်စီက အောက်တိုဘာအတွင်း မီးရှို့မှုများ ဆက်လက်လုပ်ဆောင်နေသည်ဟု ဒေသခံက အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီအနေဖြင့် ၎င်းတို့ တပ်စွဲရာအနီး ပစ်ကွင်းမရှင်းသည့် နေအိမ်များကို မီးရှို့မှုများ လုပ်ဆောင်သလို ၎င်းတို့တပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရ၍ သေဆုံးမှုရှိပါက အနီးဝန်းကျင်ရှိ နေအိမ်များမီးရှို့မှုလုပ်ဆောင်လေ့ရှိဟု ဒေသခံက ပြောသည်။

” သူတို့လူတွေ အပစ်ခံရပြီးသေရင် အဲ့ဝန်းကျင်နားက အိမ်တွေ ရှို့လေ့ရှိကြတယ်”ဟု မင်းတပ်ဒေသခံက စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေအိမ်မီးရှို့ရခြင်း အကြောင်းအရင်းကို သုံးသပ်သည်။

မင်းတပ်မြို့တွင် ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ် တပ်ဖွဲ့ဝင်များရှိပြီး စစ်ကောင်စီနှင့် တိုက်ပွဲနှင့် ပစ်ခတ်မှု ဖြစ်ပွားခြင်း သတင်းများ မကြားရသေးပေ။

CDFမင်းတပ်၏ စက်တင်ဘာလကုန်ပိုင်း သတင်းထုတ်ပြန်ချက်အရ ဩဂုတ်နှင့် စက်တင်ဘာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ မီးရှို့၍ နေအိမ် ၃၆လုံး မီးလောင်ပျက်စီးခဲ့ရဟု ဆိုသည်။

ထို့ပြင် ဩဂုတ်နှင့် စက်တင်ဘာအတွင်း စစ်ကောင်စီက မင်းတပ်နယ်ကို လေကြောင်း တိုက်ခိုက်မှု ၄၄ကြိမ်ပြုလုပ်ခဲ့ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်းဟာ ဒေသခံတွေရဲ့ နေအိမ်အလုံး ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ယာကြီးပြင်ကျေးရွာမှာ တပ်စွဲထားတယ်လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေရှိတဲ့ မကွေးတိုင်း၊ ချောက်မြို့နယ်က ပခန်းငယ်(ခ)ပုဂံငယ် ကျေးရွာကို စစ်တပ်က ၀င်ရောက်မီးရှို့ ဖျက်ဆီးနေတယ်လို့ မ‌ကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(မကွေးတိုင်း ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

မင်းတပ်မြို့အနီးဝန်းကို ဖျက်အားပြင်းဗုံးတွေအပါအဝင် ဗုံးအလုံးရေ ၁၀၀ ကျော်နဲ့ ထပ်မံတိုက်ခိုက်

သတင်း

ချင်းပြည်နယ်၊မင်းတပ်မြို့အနီးမှာမြေအနက် ၁၀ ကီလိုမီတာ(၆မိုင်ခန့်)ကို ဗဟိုပြုပြီး ရစ်ခ်တာစကေး၄ ဒဿမ၂ အဆင့်ငလျင်လှုပ်သွားပါတယ်။