Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းမြို့နယ် စစ်ဘေးရှောင်ဆေးခန်း၌ လူနာများပြားနေပြီး ဆေးဝါးများလိုအပ်နေ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်တွင် စစ်ဘေးရှောင်များအား ဆေးကုသပေးနေသော S&C အဖွဲ့၏ ဆေးခန်း၌ လူနာများပြားနေပြီး ဆေးဝါးများလိုအပ်နေကြောင်း အဆိုပါအဖွဲ့တာဝန်ခံက ကိုစိုးမိုးအောင်က ပြောသည်။

S&C အဖွဲ့၏ဆေးခန်း၌ လာရောက်ပြသနေသော လူနာများအား တွေ့ရစဥ်။ ဓာတ်ပုံ-S&C

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်တွင် စစ်ဘေးရှောင်များအား ဆေးကုသပေးနေသော S&C အဖွဲ့၏ ဆေးခန်း၌ လူနာများပြားနေပြီး ဆေးဝါးများလိုအပ်နေကြောင်း အဆိုပါအဖွဲ့တာဝန်ခံက ကိုစိုးမိုးအောင်က ပြောသည်။

ဒီပဲယင်းမြို့နယ်တွင် ဖွင့်လှစ်ထားသည့် S&Cအဖွဲ၏ ဆေးခန်းတွင် ဒီပဲယင်းမြို့နယ်အပြင် ရွှေဘိုနှင့် အရာတော်မြို့နယ်ရှိ ဒေသခံပြည်သူများ၊ စစ်ဘေးရှောင်များ စုပြုံဝင်ရောက်ကာ လာရောက်ကုသနေ၍ လူနာအ​ရေအတွက် မြင့်တက်နေကြောင်း S&C မီး​ဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့၏ တာဝန်ခံ ကိုစိုးမိုးအောင်က ပြောသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ဆေးဝါးများပိုမိုကုန်ကျကာ လိုအပ်မှုရှိနေကြောင်း ၎င်းက ပြောသည်။

” ကူညီလှူဒါန်းမှုအားကလည်း လျော့ကျတယ်။ လျော့ကျတယ်ဆိုတာကလည်း နှစ်ကကြာလာတော့ တခေါက်တခေါက် ဆေးဖိုးတွေကိုက ကျွန်တော်တို့ သိန်းရာနဲ့ချီပြီး​တော့ ရှင်းရတယ်။ အခုကပိုဆိုးတာပေါ့။ ဆေးစျေးတွေက တက်နေတော့ စဖွင့်ခါစနဲ့စာရင် နှစ်ဆလောက်ပေးနေရတယ်။”ဟု ကိုစိုးမိုးအောင်က ရှင်းပြသည်။

S&C မီး​ဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့၏ ဆေးခန်းသည် တစ်လလျှင် လူနာလူဦးရေ ၅၀၀အထက်မှ ၇၀ဝ ခန့်အထိ ကုသပေးနေကြောင်း၊ ဆေးခန်းဖွင့်လှစ်မှု ၁၄လကျော်ကာလအတွင်း လူဦးရေ ရှစ်ထောင်ကျော် ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။

ဆေးခန်းသို့ ဖျားနာလူနာအများဆုံးလာရောက်ပြီး ကိုယ်ဝန်ဆောင်မိခင်များ၊ ထိခိုက်ရှနာနှင့် အသေးစားခွဲစိတ်ရမည့်လူနာများ၊ မြွေကိုက်ခံရသည့်လူနာများ အများဆုံး လာရောက်လေ့ရှိကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံဝန်ထမ်းများကောင်စီက ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုကို ဒီက​နေ့ (ဇွန် ၁၆)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှာ Depeyin Youth Community (DYC) အဖွဲ့မှ ရဲဘော်တွေက ပြည်သူလူထုကို လေကြောင်းအန္တရာယ်ကင်းစေဖို့ ရည်ရွယ်ကာ ကြိုတင်ကာကွယ်ရေးနဲ့ စစ်တပ်လေကြောင်းတိုက်ခိုက်မှုအတွင်း ဆောင်ရန်၊ ရှောင်ရန်တွေကို ဒီကနေ့ (မေလ ၂၃) မှာ အသိပညာပေးဟောပြောခဲ့ပါတယ်။

သတင်း

စစ်​ကောင်စီလက်နက်ကိုင်အဖွဲ့ဝင် ၁၁ဦး​သေဆုံးပြီးစခန်းမှူးထွက်​ပြေး၊ အိုးတိန်တွင်းရွာစာသင်ကျောင်းဗုံးကြဲခံရမှုကို​ရည်ရွယ်၍ စစ်ဆင်​ရေးအမည်​ပေးထား