Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းမြို့နယ် စစ်ဘေးရှောင်ဆေးခန်း၌ လူနာများပြားနေပြီး ဆေးဝါးများလိုအပ်နေ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်တွင် စစ်ဘေးရှောင်များအား ဆေးကုသပေးနေသော S&C အဖွဲ့၏ ဆေးခန်း၌ လူနာများပြားနေပြီး ဆေးဝါးများလိုအပ်နေကြောင်း အဆိုပါအဖွဲ့တာဝန်ခံက ကိုစိုးမိုးအောင်က ပြောသည်။

S&C အဖွဲ့၏ဆေးခန်း၌ လာရောက်ပြသနေသော လူနာများအား တွေ့ရစဥ်။ ဓာတ်ပုံ-S&C

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်တွင် စစ်ဘေးရှောင်များအား ဆေးကုသပေးနေသော S&C အဖွဲ့၏ ဆေးခန်း၌ လူနာများပြားနေပြီး ဆေးဝါးများလိုအပ်နေကြောင်း အဆိုပါအဖွဲ့တာဝန်ခံက ကိုစိုးမိုးအောင်က ပြောသည်။

ဒီပဲယင်းမြို့နယ်တွင် ဖွင့်လှစ်ထားသည့် S&Cအဖွဲ၏ ဆေးခန်းတွင် ဒီပဲယင်းမြို့နယ်အပြင် ရွှေဘိုနှင့် အရာတော်မြို့နယ်ရှိ ဒေသခံပြည်သူများ၊ စစ်ဘေးရှောင်များ စုပြုံဝင်ရောက်ကာ လာရောက်ကုသနေ၍ လူနာအ​ရေအတွက် မြင့်တက်နေကြောင်း S&C မီး​ဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့၏ တာဝန်ခံ ကိုစိုးမိုးအောင်က ပြောသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ဆေးဝါးများပိုမိုကုန်ကျကာ လိုအပ်မှုရှိနေကြောင်း ၎င်းက ပြောသည်။

” ကူညီလှူဒါန်းမှုအားကလည်း လျော့ကျတယ်။ လျော့ကျတယ်ဆိုတာကလည်း နှစ်ကကြာလာတော့ တခေါက်တခေါက် ဆေးဖိုးတွေကိုက ကျွန်တော်တို့ သိန်းရာနဲ့ချီပြီး​တော့ ရှင်းရတယ်။ အခုကပိုဆိုးတာပေါ့။ ဆေးစျေးတွေက တက်နေတော့ စဖွင့်ခါစနဲ့စာရင် နှစ်ဆလောက်ပေးနေရတယ်။” ဟု ကိုစိုးမိုးအောင်က ရှင်းပြသည်။

S&C မီး​ဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့၏ ဆေးခန်းသည် တစ်လလျှင် လူနာလူဦးရေ ၅၀၀အထက်မှ ၇၀ဝ ခန့်အထိ ကုသပေးနေကြောင်း၊ ဆေးခန်းဖွင့်လှစ်မှု ၁၄လကျော်ကာလအတွင်း လူဦးရေ ရှစ်ထောင်ကျော် ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။

ဆေးခန်းသို့ ဖျားနာလူနာအများဆုံးလာရောက်ပြီး ကိုယ်ဝန်ဆောင်မိခင်များ၊ ထိခိုက်ရှနာနှင့် အသေးစားခွဲစိတ်ရမည့်လူနာများ၊ မြွေကိုက်ခံရသည့်လူနာများ အများဆုံး လာရောက်လေ့ရှိကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဒီပဲယင်းမြို့နယ်က စစ်ဘေးရှောင်တွေခိုလှုံနေတဲ့စာသင် ကျောင်းကို ဒီကနေ့ ယညမှာ အာဏာသိမ်းစစ်တပ်က လေကြောင်းမှဗုံးကြဲလို့ ထိခိုက်မှုတွေရှိတယ်လို့ ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ကို စစ်ကောင်စီက ဂျက်ဖိုက်တာလေးစီးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူတွေထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်က ​ကျေးရွာသုံးရွာ ကို စစ်တပ်က တိုက်​လေယာဥ်သုံးစီးနဲ့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဗုံးကြဲခဲ့တာ​ကြောင့် ကနဦးသတင်း​တွေအရ ပြည်သူ ၁၃ ဦး​ကထိခိုက်ဒဏ်ရာ ရတယ်လို့ ဒေသခံ တွေဆီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုနဲ့ ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူတွေထိခိုက်မှုတွေရှိပြီး နေအိမ်တွေပါ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

Facebook