Connect with us

Hi, what are you looking for?

သတင်း

နမ့်ဆန်မြို့နယ်ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်ရာ ပြည်သူ ၅ဦးသေဆုံး၊ ၄ဦးဒဏ်ရာရ

တအာင်းတပ်မတော်(TNLA) သိမ်းပိုက်ထိန်းချုပ်ထားသည့် နမ့်ဆန်မြို့နယ် ဟိုမိန်းကျေးရွာကိုစစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ဒေသခံပြည်သူ ၅ဦးသေဆုံးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

ဩဂုတ် ၁၂ရက်ညက လေကြောင်းတိုက်ခိုက်မှုအတွင်း ပျက်စီးသွားသော နမ့်ဆန်မြို့ EPC ရုံးအား တွေ့ရစဥ်။ ဓာတ်ပုံ-TWO

ဟန်နွေ/People’s Spring

တအာင်းတပ်မတော်(TNLA) သိမ်းပိုက်ထိန်းချုပ်ထားသည့် နမ့်ဆန်မြို့နယ် ဟိုမိန်းကျေးရွာကိုစစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ဒေသခံပြည်သူ ၅ဦးသေဆုံးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်သည် အောက်တိုဘာ ၂၁ရက် ညပိုင်းတွင် ကချင်ပြည်နယ် ဗန်းမော်-မိုးမောက်ကြား၊ ဆဒုံးမြို့၊ ရှမ်းမြောက် လားရှိုးမြို့တို့ကို လေကြောင်းတိုက်ခိုက်ခဲ့သည့်အပြင် နမ့်ဆန်မြို့နယ်ကိုပါ လေကြောင်း တိုက်ခိုက်ခဲ့သည့်သတင်းရရှိထားဟု စစ်ရေး၊ နိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်က ပြောသည်။

Public Service Announcement

Public Service Announcement

“ဒီမနက် ၁နာရီခွဲ ဝန်းကျင်မှာ အဲဒီ ဟိုမိန်းကျေးရွာမှာလည်း လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိထားပါတယ်။ လောလောဆယ်အထိတော့ ၅ယောက်သေဆုံးပြီး ၄ဦးထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ကျနော်တို့ သတင်းရရှိထားပါတယ်။ “ဟု ဦးဇော်ဆန်က ပြောသည်။

နမ့်ဆန်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု အခြေအနေကို TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးထံ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ရက်ပိုင်းများအတွင်းကလည်း TNLA ထိန်းချုပ်နယ်မြေ နောင်ချို၊ နမ့်ဆန်မြို့နယ်များကိုလည်း လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား သေဆုံးထိခိုက်မှုရှိခဲ့သည်။

TNLA အထွေထွေ အတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော်ကလည်း မြို့ရွာများ အလှည့်ကျလေကြောင်း တိုက်ခိုက်ခံနေရမှု အခြေအနေကို လူမှုကွန်ရက်တွင် အသိပေးထားသည်။ ထိုသို့ မြို့ရွာများ အလှည့်ကျ လေကြောင်းတိုက်ခိုက်နေ၍ တော်လှန်ရေး

အောင်မြင်ရန် ပြင်ဆင်မှုလိုအပ်ချက်ပိုကြီးလာကြောင်းလည်း ဗိုလ်ချုပ်တားဘုန်းကျော်က အသိပေးထားသည်။

စစ်ကောင်စီတပ်သည် ယခု ရက်ပိုင်းအတွင်း KIA၊ TNLA၊ MNDAA နယ်မြေများကို လေကြောင်း တိုက်ခုက်မှုများ နေ့စဉ် ပြုလုပ်နေခြင်းဖြစ်သည်။

ထို့အပြင် အောက်တိုဘာ ၂၁ ရက် ညနေ ၄ နာရီမှ ၅ နာရီကြားတွင် မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်ခြမ်း၊ ဧရာဝတီ မြစ်ကမ်းတလျှောက်ရှိ ကျေးရွာများအား လေကြောင်းတိုက်ခိုက်ခဲ့သည်။ အဆိုပါ လေကြောင်းလေကြောင်းတိုက်ခိုက်မှုတွင် Mi-35 တစ်စီး၏ စက်သေနတ် ဖြင့် ပစ်ခတ်မှုကြောင့် အသက် ၂၈ခန့်အမျိုးသမီး တစ်ဦးနှင့် ၎င်း၏ (၁)နှစ်ခွဲခန့် ကလေးငယ်တစ်ဦး သေဆုံးကာ ၄ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။