Connect with us

Hi, what are you looking for?

သတင်း

မြောင်မြို့နယ်တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ရာ ကလေးတစ်ဦးအပါအဝင် ပြည်သူ ၆ ဦး သေဆုံး

နွားထိုးကြီးတွင်လည်း ဘုန်းကြီးကျောင်းလေကြောင်းတိုက်ခိုက်၊ ကျောင်းထိုင်ဆရာတော် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ပန်းညိုကျေးရွာကို စစ်တပ်က ၂၀၂၃ ဇန်နဝါရီ ၉ရက်က မီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ - CJ

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဇရပ်ကုန်းကျေးရွာကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးတစ်ဦးအပါအဝင် ပြည်သူ ၆ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့(အောက်တိုဘာ ၂၃ ရက်) ညနေ ၅ နာရီ မိနစ်၂၀ခန့်က ဇရပ်ကုန်းကျေးရွာကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက်(၈၀) ဝန်းကျင်အဘွားအို တစ်ဦးနှင့် အသက် (၁၅)နှစ် အရွယ် မိန်းကလေးတစ်ဦး အပါအဝင် ပြည်သူ ၆ဦး သေဆုံးခဲ့ပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ဖိုက်တာနဲ့ Y12 နဲ့ နှစ်စီးချသွားတယ်။ ၁၅ မိနစ်လောက်ကြာတယ်။ ရွာထဲပြည်သူတွေနေတဲ့ လူနေအိမ် ၂ လုံးကြားကိုချတာ။ လုံးဝတိုက်ပွဲဖြစ်ပွားခြင်းမရှိပါဘူး။”ဟု ဒေသကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရရှိသူများမှာလည်း စိုးရိမ်ရသည့်အခြေအနေရှိ၍ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

ထို့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့်နေအိမ် ၄လုံးနှင့် အိမ်မွေးတိရိစ္ဆာန်အချို့ သေကြေပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

အလားတူ ယမန်နေ့ကပင် နေ့လယ် ၂ နာရီ မိနစ် ၄၀ ခန့်က နွားထိုးကြီးမြို့နယ်၊ မင်းစုံတောင်ပေါဘုန်းကြီးကျောင်းကိုစစ်တပ်က ဂျက်ဖိုက်တာဖြင့် ၄ ကြိမ်လေကြောင်းတိုက်ခိုက်ခဲ့ရာ သက်တော် (၈၀)ဝန်းကျင် ကျောင်းထိုင်ဆရာတော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် ဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံပါ ပြိုကျပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ယမန်နေ့ကပင် ရှမ်းပြည်နယ်မြောက် ပိုင်း လားရှိုးမြို့ကို စစ်ကောင်စီက တနေ့တည်းလေးကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူထိခိုက်မှုများရှိခဲ့သည်။

မြန်မာနိုင်ငံတစ်ဝန်း ဇူလိုင်မှ စက်တင်ဘာအထိ ၃ လတာ ကာလအတွင်း တိုက်ပွဲများနှင့် စစ်ကောင်စီတပ်၏ ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ပြည်သူ ၁,၂၄၄ ဦးသေဆုံးခဲ့ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။