Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီလက်အောက်ခံ ဦးဇခုန်တိန့်ယိန်းတပ်ဖွဲ့မှ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး လက်နက် ၃၀ယူပြီး KIAထံ အလင်းဝင်

စစ်ကောင်စီလက်အောက်ခံ ဦးဇခုန်တိန့်ယိန်း၏ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးသည် လက်နက်အလက် ၃၀ယူဆောင်ပြီး ကချင် လွတ်လပ်ရေးတပ်မတော်(KIA)ထံ အလင်းဝင် အပ်နှံခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့က အတည်ပြုသည်။

ပန်ဝါဒေသ၌ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ထံ လက်နက်နှင့်အတူ အလင်းဝင်လာစဥ်။ ဓာတ်ပုံ - 7Stars News

ဟန်နွေ/People’s Spring

စစ်ကောင်စီလက်အောက်ခံ ဦးဇခုန်တိန့်ယိန်း၏ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးသည် လက်နက်အလက် ၃၀ယူဆောင်ပြီး ကချင် လွတ်လပ်ရေးတပ်မတော်(KIA)ထံ အလင်းဝင် အပ်နှံခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့က အတည်ပြုသည်။

အောက်တိုဘာ ၂၃ရက်တွင် ပန်ဝါနှင့် ကန်ပိုက်တီကြားရှိ တမူခုန်းကျေးရွာမှ ပြည်သူ့စစ်အချို့က KIAထံ အလင်းဝင်ခဲ့သည့်ဖြစ်စဉ်မှန်ကန်သည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်အချို့ကအတည်ပြုသည်။

Public Service Announcement

Public Service Announcement

“လက်နက် ၃၀ လာအပ်တာပါ။ ပြည်သူ့စစ် အကြီးပိုင်းရယ်။ ရွာလူကြီးရယ် ၅ယောက်ပဲလာပါတယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အခြားသတင်းရင်းမြစ်တစ်ဦးကလည်း ယခု လက်နက်နှင့်အတူ ပူးပေါင်းလားသည့် ပြည်သူ့စစ်ခေါင်းဆောင်သည် ကချင်မျိုးနွယ်စုဝင် ရဝမ်လူမျိုးတစ်ဦးဖြစ်ကြောင်း ပြောပြသည်။

“ဒီ KIA တွေက သူတို့နဲ့ မတိုက်ချင်လို့ သူ့အိမ်မှာ သူ့ကို သွားရှာတယ်။ KIA နဲ့ ပူးပေါင်းဖို့ရန်အတွက်ပေါ့။ ကျနော်တို့ အချင်းချင်းတွေ မတိုက်ခိုက်ကြရန်အတွက် သူ့ကို သွားခေါ်တယ်ပေါ့နော်။သူက လားဖမ်းတယ်လို့ ထင်တယ်။ အဲဒါ သူက ကြောက်လို့ ပန်ဝါဘက်ထွက်ပြေးသွားတယ်။ ကျနော်တို့ KIA တွေပဲ ပန်ဝါကို ပြန်သိမ်းလိုက်တဲ့အချိန် သူက ရွာကို ပြန်ပြီးမှ သူ့နေရာကို ပြန်ပြီးမှ အရင်တုန်းက သူ့ရဲ့ လက်အောက်ခံတွေဆီမှာ အပ်ထားတဲ့ သေနတ်တွေ အကုန်လုံးယူပြီးမှ KIAကို အပ်လိုက်တယ်တဲ့။သူ့တို့ရဲ့ ခေါင်းဆောင်က အလယ်ထဲက လွယ်အိတ်လွယ်ထားတဲ့ အင်္ကျီအမဲနဲ့ အဲဒီတစ်ယောက်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး အသေးစိတ် မသိရှိသောလည်း ပန်ဝါ တိုက်ပွဲတွင် ပြည်သူ့စစ်များ ပူးပေါင်းလာမှုများ ရှိသည်ဟု အတည်ပြုသည်။

“လောလောဆယ် အဲဒီဘက်မှာက ပူးပေါင်းတာချည်းပါပဲ”ဟု ဗိုလ်မှူးကြီးနော်ဘူက ယနေ့ ပြောပြသည်။

KIAသည် စက်တင်ဘာလကုန်ပိုင်း၌ ဦးဇခုန်တိန့်ယိန်း၏ ကချင်အထူးဒေသ(၁)နယ်မြေမှ ချီဖွေမြို့၊ အောက်တိုဘာလဆန်းတွင် ဆော့လော်မြို့ တို့ကို အချိန်တိုအတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ပန်ဝါ၊ ကန်ပိုက်တီဒေသရှိ

စစ်ကောင်စီတပ်၊ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်စခန်းများကို ဆက်လက်တိုက်ခိုက်ခဲ့ရာ အောက်တိုဘာ ၁၈ရက် ညပိုင်း၌ ပန်ဝါမြို့ကိုသိမ်းပိုက်နိုင်ခဲ့သည်။ ကန်ပိုက်တီဒေသရှိ နယ်ခြားစောင့်တပ် ၁၀၀၃ တပ်ရင်းနှင့် ပန်ဝါရှိ ၁၀၀၂တပ်ရင်း ဌာနချုပ်များအပါအဝင် တပ်စခန်းကြီးငယ်များစွာကို အချိန်တိုအတွင်း သိမ်းပိုက်ရရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။