Connect with us

Hi, what are you looking for?

News

PDFက သတိပေးပြီးနောက် ရေတာရှည်မြို့နယ်ရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်ကြီး ၂၀ဦးခန့် နှုတ်ထွက်

“နှုတ်ထွက်နေတဲ့ အုပ်ချုပ်ရေးမှူးတွေနေရာကို အသစ် ပြန်ခန့်ဖို့ စစ်ကောင်စီက လူခေါ်နေတယ်။ သွားတဲ့သူသိပ်မရှိဘူး။တချို့နေရာမှာတော့ အစားထိုးဆိုပြီး စစ်တပ်က ခေါ်လာတဲ့ သူလည်းရှိတယ်လို့ ကြားတယ်”ဟု ရေတာရှည် ဒေသခံတစ်ဦးက ပြောသည်။

ပဲခူးတိုင်း ရေတာရှည်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူး ၂၀ဦးခန့် ရာထူးမှနှုတ်ထွက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ရေတာရှည်မြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)က အုပ်ချုပ်ရေးမှူးများအား ရာထူးမှနှုတ်ထွက်ရန် ထုတ်ပြန်ကြေညာခဲ့ပြီးနောက် အောက်တိုဘာ ၁၈ရက်မှ ၂၃ ရက်အတွင်း အထက်ပါအုပ်ချုပ်ရေးမှူး ၂၀ခန့် နှုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။

“နှုတ်ထွက်နေတဲ့ အုပ်ချုပ်ရေးမှူးတွေနေရာကို အသစ် ပြန်ခန့်ဖို့ စစ်ကောင်စီက လူခေါ်နေတယ်။ သွားတဲ့သူသိပ်မရှိဘူး။တချို့နေရာမှာတော့ အစားထိုးဆိုပြီး စစ်တပ်က ခေါ်လာတဲ့ သူလည်းရှိတယ်လို့ ကြားတယ်”ဟု ရေတာရှည် ဒေသခံတစ်ဦးက ပြောသည်။

နှုတ်ထွက်ခဲ့သော အုပ်ချုပ်ရေးမှူးများတွင် ရေနီအမှတ်(၂)ရပ်ကွက်၊ စည်ပိုင်းကျေးရွာ၊ ရှမ်းစုကျေးရွာ၊ ဇေယျသိမ်ကျေးရွာ၊ မိချောင်းအိုင်ကျေးရွာ၊ ‌ဒေသကိုယ်စားလှယ်(အဖွဲ့၀င် ၂)၊ သိုင်း၀ကျေးရွာ၊ ဆယ်ဝါး‌တော‌ကျေးရွာ၊ ကျွန်းကုန်းကျေးရွာ၊ ကျိပ္ပတီးကျေးရွာ၊ ဘိုးကြာညိုကျေးရွာ၊ ဇင်မန်းသာကျေးရွာ၊ အိုးမြေတူးကျေးရွာနှင့် ရွှေကဇောင်းကျေးရွာတို့ဖြစ်သည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ နှင့် အောက်တိုဘာအတွင်း ရေတာရှည်မြို့နယ်၌ ကျေးအုပ်ချုပ်ရေးမှူးအိမ်များနှင့် ဌာနဆိုင်ရာရုံးများ၌ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး စစ်ကောင်စီသတင်းပေး(ဒလန်)များလည်း သေဆုံးနေသည်။

Data For Myanmar ၏ အချက်အလက်များအရစစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ရှစ်လကျော်ကာလအတွင်း အကြမ်းဖက်စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ၃၆၆ဦး ရာထူးမှ နှုတ်ထွက်ထားပြီး ဖြစ်ကြောင်းသိရသည်။

နုတ်ထွက်ကြသော အုပ်ချုပ်ရေးမှူးများအနက် စစ်ကိုင်း တိုင်းမှာအများဆုံးဖြစ်ပြီး ရန်ကုန်နှင့် မကွေးတိုင်းတို့တွင် လည်း နှုတ်ထွက်သူများတိုးလာနေသည်ဟု အဆိုပါစစ်တမ်းက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ တောင်ငူခရိုင် လေလံမြောင်(လေလာမြောင်)ကျေးရွာကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ မိသားစု ၂ခုက ပြည်သူ ၈ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပဲခူးတိုင်း စစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့

Facebook