Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးမြို့တွင် စစ်တပ်လက်နက်ကြီးဖြင့် ပစ်ခတ်၍ လင်မယားနှစ်ဦး သေဆုံး

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ လင်မယားနှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ လင်မယားနှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့(အောက်တိုဘာ ၂၈ရက်)ည ၇နာရီ ၅၀ မိနစ်ခန့်က နွားထိုးကြီးမြို့ နတ်စင်ကုန်းရှိ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး ၃လုံးပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် နွားထိုးကြီးမြို့တောင်ဘက် ထနောင်းပင်လဲ့ကျေးရွာအနီးရှိ လူနေတဲတစ်လုံးပေါ် ကျကာ အဆိုပါတဲရှိ လင်မယား နှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“မလှိုင်-တောင်သာလမ်းဘက် ထွက်တဲ့ဘက်။ မြို့အဝင်ဆိုင်းဘုတ်တောင်နားမှာ။ တံတားရိုးအရှေ့ဘက်နားက တဲပေါ်ကျပြီး လင်မယားနှစ်ယောက်လုံးသေတယ်။ ယောက်ျားဖြစ်တဲ့သူဆို မျက်နှာတခြမ်းပျက်စီးသွားတယ်။”ဟု နွားထိုးကြီးဒေသခံ တစ်ဦးက ပြောသည်။

သေဆုံးသူများ၏ အသေးစိတ်အချက်အလက်များအား မသိရသေးပေ။

ယမန်နေ့ည ၁၀ နာရီခန့်ကလည်း စစ်ကောင်စီတပ်သည် နွားထိုးကြီးမြို့တောင်ဘက် အောင်သာရွာနှင့် အောင်ပန်းကုန်းကျေးရွာကြားအား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Y12 လေယာဥ်ဖြင့် ဗုံးသီး ၂၇ လုံးခန့် ကြဲချတိုက်ခိုက်ရာ ဆီဆိုင်တစ်ဆိုင်ပျက်စီးပြီး နွားတစ်ကောင်သေဆုံးကြောင်း နွားထိုးကြီးမြို့ ဒေသခံများက ပြောသည်။

သြဂုတ် ၁၀ရက်က မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအဖြစ် နွားထိုးကြီးမြို့ပေါ်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်က နွားထိုးကြီးမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ပြည်သူထိခိုက်သေဆုံးမှုအများအပြား ရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်မှာ အမျိုးသမီးတွေကို အဓမ္မပြုကျင့်ပြီး ကျေးရွာတွေမီးရှို့ကာ လက်ရှိ မြင်းခြံမြို့နယ်က ပြည်သူ ၈ဦးနဲ့ ရဲဘော် ၃ဦးကို သတ်ဖြတ်ထားတဲ့ စစ်တပ်ရဲ့ ရဲကွန်မန်ဒိုစစ်ကြောင်းက ဒေသခံ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်ထားတဲ့ ရုပ်သံဖိုင်တွေထွက် ပေါ်လာပါတယ်။

မန္တလေးတိုင်း၊နွားထိုးကြီးမြို့မြောက်ဘက်မှာစစ်တပ်က စစ်ကြောင်းတွေ ဆက်တိုက်ထိုးပြီး ရွာလုံးကျွတ်မီးရှို့ ဖမ်းဆီးခံရတဲ့အမျိုးသမီးငယ်တွေကို အဓမ္မပြုကျင့်နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်၊နနွင်းတော်ဘိုးရွာမှာစစ်ရှောင် အမျိုး သားလေးဦး ဒီနေ့ (ဇန်နဝါရီလ ၂၁ ရက်​)မနက်ပိုင်းမှာစစ်ကောင်စီတပ်စစ်ကြောင်းနဲ့တိုးပြီး ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။