Connect with us

Hi, what are you looking for?

သတင်း

ရှမ်း – ကရင်နီပြည်အစပ်၌ တိုက်ပွဲပြင်းထန်နေ

ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီခြေမြန်တပ် ရင်း အမှတ်(၃၃၆) နှင့် (၄၂၁)တပ်ရင်းများရှိပြီး အမှတ် (၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ) လည်း အခြေစိုက်ထားသည်။

(ပင်လောင်း-ဖယ်ခုံတိုက်ပွဲအတွင်း စစ်ဘေးရှောင်ရသည့် ပြည်သူများကို တွေ့ရစဥ်။ ဓာတ်ပုံ - Ru Ta)
(ပင်လောင်း-ဖယ်ခုံတိုက်ပွဲအတွင်း စစ်ဘေးရှောင်ရသည့် ပြည်သူများကို တွေ့ရစဥ်။ ဓာတ်ပုံ - Ru Ta)

▪️ဖယ်ခုံမြို့ရပ်ကွက်အချို့ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

ရဲခေါင်/People’s Spring

ရှမ်း – ကရင်နီပြည်အစပ်၌ တိုက်ပွဲပြင်းထန်နေပြီး ဖယ်ခုံမြို့ရပ်ကွက်အချို့ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးနေကြောင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဦးဗညားက လူထုနွေဦးသို့ ပြောသည်။

ဖယ်ခုံမြို့ကို နယ်မြေစိုးမိုးနိုင်ရန် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် PNOက စစ်ကြောင်းသုံးခုဖြင့် စက်တင်ဘာလဆန်းပိုင်းကစ၍ မြေပြင်စစ်ကြောင်းထိုးခဲ့ပြီး တိုက်ပွဲများနေ့စဥ်ဖြစ်ပွားနေရာ နှစ်ဖက်ထိခိုက်ကျဆုံးမှုလည်းရှိကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

(ပင်လောင်း-ဖယ်ခုံတိုက်ပွဲအတွင်း စစ်ဘေးရှောင်ရသည့် ပြည်သူများကို တွေ့ရစဥ်။ ဓာတ်ပုံ - Ru Ta)
(ပင်လောင်း-ဖယ်ခုံတိုက်ပွဲအတွင်း စစ်ဘေးရှောင်ရသည့် ပြည်သူများကို တွေ့ရစဥ်။ ဓာတ်ပုံ – Ru Ta)

” တပ်ပိုင်းဆိုင်ရာ သတင်းတွေအရဆိုရင် တိုက်ပွဲက နှစ်လကျော် သုံးလထဲရောက်နေပြီ။ နမ့်ဖာမူရွာ ပင်လောင်းအစပ်နဲ့ ဖယ်ခုံအစပ်က ရွာတွေထဲကို စစ်ကောင်စီဝင်နေတယ်။ ဖယ်ခုံမြို့ပေါ်အချို့ရပ်ကွက်တွေကိုလည်း စစ်ကောင်စီက မီးရှို့တာလုပ်နေတယ်”ဟု ဦးဗညားက ပြောသည်။

Public Service Announcement

Public Service Announcement

ဖယ်ခုံမြို့ပေါ်ရှိ ရပ်ကွက်ကို စစ်ကောင်စီက အောက်တိုဘာ ၂၄ ရက်တွင် မီးရှို့ဖျက်ဆီးခြင်းဟု ဆိုသည်။

စစ်ကောင်စီ၏ စစ်ကြောင်းထိုးမှုကြောင့် ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်ကြား နမ်းဖာမူ၊ လင်ခံ၊ ကုန်းပေါ၊ဗန်းမောက် ၊လဲလောင်း၊ ပင်စုံ၊ ဆောင်လန် နှင့် ရွှေပြည်အေးကျေးရွာများမှ စစ်ဘေးရှောင် ပြည်သူထောင်နှင့်ချီရှိကြောင်းလည်း မြေပြင်ကယ်ဆယ်ရေးလုပ်ဆောင်နေသူတစ်ဦးက အသိပေးသည်။

ထို့အပြင် စစ်ဘေးရှောင်ရသည့် ပြည်သူများမှာလည်း နေ့စဥ်တိုးလာပြီး အခြေခံရိက္ခာလိုအပ်ချက်များစွာလိုအပ်လာသည်ဟု ဆိုသည်။

(ပင်လောင်း-ဖယ်ခုံတိုက်ပွဲအတွင်း စစ်ဘေးရှောင်ရသည့် ပြည်သူများကို တွေ့ရစဥ်။ ဓာတ်ပုံ - Ru Ta)
(ပင်လောင်း-ဖယ်ခုံတိုက်ပွဲအတွင်း စစ်ဘေးရှောင်ရသည့် ပြည်သူများကို တွေ့ရစဥ်။ ဓာတ်ပုံ – Ru Ta)

“မိုးဗြဲ – လွိုင်ကော်ဘက်ကနေ စစ်ရှောင်တွေက ထပ်ပြီး စစ်ဘေးရှောင်ရတာပေါ့။အခုက ဒေသခံတွေလည်းပါတော့ စစ်ရှောင်ဦးရေ ပိုများတယ်။လောလောဆယ် စစ်ရှောင်အိမ်ထောင်စု ၅၀၀ ကျော်လောက်ရှိတယ်။အရေးပေါ်ဆိုတော့ ရတာလေးပဲဆွဲလာရတဲ့သူ များတယ်။ဖြစ်သလိုနေ ဖြစ်သလို စားနေရတယ်။အများစုက အမိုးအကာလိုတယ်။ အခြေခံစားသောက်ကုန်တွေ အရေးပေါ်လိုနေကြတယ်”ဟု ၎င်းက လူထုနွေဦးသို့ပြောသည်။

ပင်လောင်း – ဖယ်ခုံတိုက်ပွဲနှင့်ပတ်သက်၍ နှစ်ဖက် သတင်းထုတ်ပြန်ခြင်းမရှိသေးဘဲ ကရင်နီတပ်ပေါင်းစုဘက်ကလည်း တိုက်ပွဲဖြစ်ပွားနေဆဲဟုသာ အသိပေးထားသည်။

“တစ်ပတ်ကို လေယာဥ်နဲ့ လေကြိမ်လောက်လာ တယ်။ဒီနေ့(အောက်တိုဘာ ၂၉ ရက်) မနက်အစောပိုင်းကလည်း လေယာဥ်နဲ့ လာကြဲသွားတယ်။တိုက်ပွဲကတော့ နေ့တိုင်းပဲ”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီခြေမြန်တပ် ရင်း အမှတ်(၃၃၆) နှင့် (၄၂၁)တပ်ရင်းများရှိပြီး အမှတ် (၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ) လည်း အခြေစိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က သက်တမ်းနှစ်(၆၀)ကျော်ရှိတဲ့ ဒေါငံခါးရွာက ကက်သလစ်အသင်းတော်ဘုရားကျောင်းကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ အကျဥ်းထောင်၊အကျဥ်းစခန်းတွေက အကျဥ်းသား ၂၃၄ဦးကို လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ သက်သာခွင့်ပေးလိုက်တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က ထုတ်ပြန်ပါတယ်။