Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့ရှိ သာသနာ (၂၅၀၀)စေတီပုထိုး၊ တရုတ်ကွမ်ရင်ဘုရားကျောင်းနှင့် ခရစ်ယာန်ဘုရားကျောင်းများကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုမရှိသော်လည်း စေတီတော်အပါအဝင် သာသနိက အဆောက်အအုံ သုံးခုပျက်စီးခဲ့ဟုဆိုသည်။

(စစ်ကောင်စီလေကြောင်းတိုက်ခိုက်ဖျက်ဆီးခဲ့သော ဘာသာရေးအဆောက်အဦးများအား တွေ့ရစဉ်။ လားရှိုးမြို့ပြန်လည်ထူထောင်ရေး)
(စစ်ကောင်စီလေကြောင်းတိုက်ခိုက်ဖျက်ဆီးခဲ့သော ဘာသာရေးအဆောက်အဦးများအား တွေ့ရစဉ်။ လားရှိုးမြို့ပြန်လည်ထူထောင်ရေး)

ဟန်နွေ/People’s Spring

စစ်ကောင်စီက လားရှိုးမြို့ကို လေကြောင်း တိုက်ခိုက်ရာတွင် ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာတို့၏ ဘာသာရေးဆိုင်ရာ အဆောက်အဦးများ၊ ဘုရားကျောင်းများကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း လားရှိုးမြို့ ပြန်လည်ထူထောင်ရေးက ဖြစ်စဉ်အလိုက် အသိပေးထားသည်။

စစ်ကောင်စီတပ်သည် အောက်တိုဘာ ၂၉ရက် တွင် လားရှိုးမြို့ ရပ်ကွက်(၁)ရှိ သာသနာ (၂၅၀၀) ပြည်လုံးချမ်းသာစေတီတော် ပရဝုဏ်အတွင်း ပေါက်ကွဲအား ပြင်းထန်သည့် ဗုံး နှစ်လုံးကြဲချ တိုက်ခိုက်ခဲ့သည့် အခြေအနေ ကို အသိပေးရာယခင် စစ်ကောင်စီက ဘာသာရေးဆိုင်ရာ အဆောက်အဦးများ တိုက်ခိုက်ခဲ့မှုကို ထည့်သွင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုမရှိသော်လည်း စေတီတော်အပါအဝင် သာသနိက အဆောက်အအုံ သုံးခုပျက်စီးခဲ့ဟုဆိုသည်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၄ရက်ကလည်း စစ်ကောင်စီသည် တရုတ်လူမျိုးများ အထွဋ်အမြတ်ထားရာ ကွမ်ရင်စန်(မဟာယနဗုဒ္ဓဘာသာကျောင်း)ကို လေကြောင်း တိုက်ခိုက်သကဲ့သို့ အောက်တိုဘာ ၁၄ရက်တွင်လည်း လားရှိုးမြို့နယ် အီနိုင်းကျေးရွာရှိ ခရစ်ယာန်ဘာသာဝင်များအထွဋ်အမြတ်ထားရာ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်းကိုလည်းကောင်း၊ အောက်တိုဘာ ၂၇ရက်က သိန္နီမြို့ရှိ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းကိုလည်းကောင်း လေကြောင်း တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။

” စစ်ပွဲအတွင်း တစ်ဖက်နဲ့တစ်ဖက် တိုက်ပွဲဖော်ဆောင်တာနဲ့ပတ်သက်ပြီးဘယ်နည်းလမ်းဘဲသုံးသုံး မှားတယ်လို့မဆိုနိုင်ပေမဲ့ အနိုင်အရှုံးပေါ်ပြီးနောက်စစ်ပွဲမရှိတော့တဲ့ ဒေသမှာ ယခုလို စစ်ရေးနဲ့မသက်ဆိုင်တဲ့နေရာတွေကို လေကြောင်းနဲ့တိုက်ခိုက်တာကတော့စစ်ကောင်စီအနေနဲ့လုံးဝ မလုပ်သင့်တဲ့လုပ်ရပ်(အင်မတန် ဆိုးရွားသောလုပ်ရပ်)ဖြစ်နေပါတယ်”ဟု လားရှိုးမြို့ ပြန်လည်ထူထောင်ရေး ဖေ့စ်ဘွတ်ခ် စာမျက်နှာက ရေးသားထားသည်။

စစ်ကောင်စီသည် ဩဂုတ် ၃၀ရက်ကစတင်ပြီး MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ၂လကျော်အတွင်း လားရှိုးမြို့ကို ပစ်မှတ်ထားသည့် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု အကြိမ် ၃၀ကျော်ရှိခဲ့ပြီး ပြည်သူလူထုများစွာ သေဆုံးထိခိုက်ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးမြို့ပေါ်မှာမူးယစ်ဆေးကြောင်နေသူက ဒေသခံတွေကိုသေနတ်နဲ့ ခြိမ်းခြောက်လို့ ဝိုင်းဖမ်းပြီး ရဲလက်အပ်လိုက်ရပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။