Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့ကို စစ်ကောင်စီ ယနေ့နောက်တစ်ကြိမ် လေကြောင်းတိုက်ခိုက်

စစ်ကောင်စီအနေဖြင့် MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ကိုဆက်လက်၍ လေကြောင်း စစ်ဆင်ရေးများ ပိုမိုပြုလုပ်လာနိုင်ကြောင်းလည်း ရှမ်းမြောက်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

(လားရှိုးမြို့ကို ယနေ့မွန်းလွဲပိုင်း လေကြောင်းတိုက်ခိုက်ခံရသည့် သာသနာ ၂၅၀၀ကုန်းနေရာမြင်ကွင်း။ ဓာတ်ပုံ - CJ)
(လားရှိုးမြို့ကို ယနေ့မွန်းလွဲပိုင်း လေကြောင်းတိုက်ခိုက်ခံရသည့် သာသနာ ၂၅၀၀ကုန်းနေရာမြင်ကွင်း။ ဓာတ်ပုံ - CJ)

ဟန်နွေ/People’s Spring

ကိုးကန့်တပ်မတော်(MNDAA)သိမ်းပိုက်ထားသည့် လားရှိုးမြို့ကို စစ်ကောင်စီက ယနေ့ မွန်းလွဲပိုင်း၌ နောက်တစ်ကြိမ် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

ယနေ့ (အောက်တိုဘာ ၂၉ရက်) နေ့လည် ၁၂နာရီခန့်တွင် လားရှိုးမြို့ ရပ်ကွပ်(၁၁) အောင်စေတနာ လမ်းသွယ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည့် စစ်ကောင်စီတပ်သည် မွန်းလွဲ ၂နာရီ ၃၄မိနစ်တွင် လားရှိုးမြို့ သာသနာ ၂၅၀၀ ကုန်း နေရာကို ထပ်မံ ဗုံးကြဲခဲ့သည်ဟု လားရှိုးမြို့ခံ မနော်ဖောက ပြောသည်။

” လူထိ၊မထိ မသိရသေးပါဘူး”ဟု မနော်ဖောက မွန်းလွဲပိုင်း လေကြောင်းတိုက်ခိုက်ခံရမှု အခြေအနေကို ပြောသည်။

Public Service Announcement

Public Service Announcement

(လားရှိုးမြို့ကို ယနေ့မွန်းလွဲပိုင်း လေကြောင်းတိုက်ခိုက်ခံရသည့် သာသနာ ၂၅၀၀ကုန်းနေရာမြင်ကွင်း။ ဓာတ်ပုံ - CJ)
(လားရှိုးမြို့ကို ယနေ့မွန်းလွဲပိုင်း လေကြောင်းတိုက်ခိုက်ခံရသည့် သာသနာ ၂၅၀၀ကုန်းနေရာမြင်ကွင်း။ ဓာတ်ပုံ – CJ)

ယနေ့ နေ့လည် ၁၁နာရီ ၅၈မိနစ်က ရပ်ကွက်(၁၁) လေကြောင်း တိုက်ခိုက်ခံရမှုတွင် အရပ်သားတစ်ဦးထိခိုက်မှုရှိခဲ့သည်ဟု ဒေသသတင်းရင်းမြစ်တစ်ဦးက အသိပေးထားသည်။

စစ်ကောင်စီအနေဖြင့် MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ကိုဆက်လက်၍ လေကြောင်း စစ်ဆင်ရေးများ ပိုမိုပြုလုပ်လာနိုင်ကြောင်းလည်း ရှမ်းမြောက်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

” စစ်ကောင်စီကတော့ လားရှိုးကနေ MNDAA မထွက်မချင်း သူက တောက်လျှောက် ဖိအားပေးတဲ့အနေနဲ့ အခုလို လေကြောင်း တိုက်ခိုက်မှုဆက်လက်လုပ်ဆောင်မယ်လို့ ယူဆပါတယ်”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ တွေ့ဆုံပြီးနောက် ဩဂုတ်လကုန်ပိုင်းမှစ၍ လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ အရပ်သား ပြည်သူများစွာသေဆုံးထိခိုက်ကာ နေအိမ်အဆောက်အဦးများစွာ ထိခိုက်ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

Facebook