Connect with us

Hi, what are you looking for?

သတင်း

ရုပ်ရှင်ဝေဖန်သူကို စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်

ဂျစ်ကားစီးဖူးသလား ဂျားကစ်စာဘူးသရီး ရုပ်ရှင်ကို Perfect ရုပ်ရှင်ထုတ်လုပ်ရေးကထုတ်လုပ်ကာ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)ကရိုက်ကူးထားပြီး လွင်မိုး ၊ ခန့်စည်သူ ၊ ခိုင်သင်းကြည်နှင့် ရွှေမှုံရတီတို့ပါဝင်သရုပ်ဆောင်ထားသည်။

ရုပ်ရှင်ဝေဖန်သူကို စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်
ရုပ်ရှင်ဝေဖန်သူကို စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်

သတိုး/People’s Spring

ဂျစ်ကားစီးဖူးသလား ဂျာကစ်စာဘူးသရီး ရုပ်ရှင်ဝေဖန်သူ ကိုရှိုင်းထက်အောင်ကို စစ်ကောင်စီကဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ထားကြောင်း ၎င်းနှင့် ရင်းနှီးသူတစ်ဦးက ပြောသည်။

“စစ်ကောင်စီဘက်က အမှုဖွင့်တာတဲ့။ ရုပ်ရှင်အဖွဲ့ကနောက်ကွယ်မှာ ပါသလားဆိုတော့မပြောနိုင်ဘူးဗျ။အကြောင်းပြချက်ကတော့ စစ်ကောင်စီဘက်က အကြမ်းဖက်လို့ထုတ်ပြန်ထားတဲ့အဖွဲ့တွေရဲ့စာကိုမျှဝေဝါဒဖြန့်လှုံ့ဆော်လို့ဆိုပြီး အမှုဖွင့်ထားတာပါ” ဟု ၎င်းက ပြောသည်။

ကိုရှိုင်းထက်အောင် (ခ)ဟာဆယ်ယွန် အကောင့် အသုံးပြုသူသည် အောက်တိုဘာ ၂၆ ရက် ကတည်းက ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီက ဖမ်းဆီးထားကြောင်းကို အောက်တိုဘာ ၃၀ရက်တွင် သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဘက်မှ စွပ်စွဲထားသည့် ဟာဆယ်ယွန် အကောင့်တွင် နိုင်ငံရေးနှင့်ပတ်သက်သည့် အရာများ မျှဝေထားသည်ကို မတွေ့ရပဲ အသံလှုခြင်း ၊ ရေဘေးလှုခြင်း ၊၎င်းအားပေးသည့် ဘောလုံးအသင်းနှင့်ပတ်သက်သည့် အကြောင်းအရာများ ရေးသားထားသည်ကိုသာတွေ့ရသည်။

ကိုရှိုင်းထက်အောင် မပျောက်ဆုံးမီ အောက်တိုဘာ ၂၄ ရက်တွင် ၎င်းအသုံးပြုသည့် ဟာဆယ်ယွန် ဖေ့စ်ဘွတ်ခ်အကောင့်တွင် ဂျစ်ကားစီးဖူးသလား ဂျားကစ်စာဘူးသရီး ရုပ်ရှင်၏ အမည်ပိုစတာတွင် ဝတ်စားဆင်ယင်ထားသည့် ဟိန္ဒူအဝတ်အစားများသည် မျိုးနွယ်စုတစ်ခုကို ချိုးနှိမ်၍ ဟာသလုပ်ထားခြင်းဖြစ်၍ ကန့်ကွက်ကြောင်း ရေးသားခဲ့သည်။

ယင်းဇာတ်ကားကိုရိုက်ကူးသည့် ဒါရိုက်တာက မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေး ဗဟိုအဖွဲ့ချုပ်ဘက်မှ ခွင့်ပြုချက်ရရှိထားကြောင်း မီဒီယာတွင် ဖြေကြားထားသော်လည်း ကိုရှိုင်းထက်အောင်က ယင်းဇာတ်ကားကို အဖွဲ့အစည်းဘက်မှ ခွင့်ပြုထားခြင်းမရှိသည်ကို အတည်ပြုထားကြောင်း အောက်တိုဘာ ၂၅ ရက်တွင် ရေးသားထားသည်။

ထို့နောက် အောက်တိုဘာ ၂၆ ရက် နေ့လည်တွင် ကိုရှိုင်း‌ထက်အောင် ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး မိသားစုဝင်များက ရဲစခန်း၊ ဆေးရုံ စသည့်နေရာများသို့ သွားရောက်ခဲ့သော်လည်း မတွေ့ခဲ့ရ‌ဟု သိရသည်။

ထို့ပြင် ဂျစ်ကား စီးဖူးသလား ဂျာကစ်စာဘူးသရီး ရုပ်ရှင်သည် ဟိန္ဒူဘာသာဝင်များ၏ ရိုးရာအဝတ်အစားများကို ဝတ်ဆင်ကာ အပျော်အပျက်သရုပ်ဖော်ထားသောကြောင့် မြန်မာနိုင်ငံအတွင်းရှိ အိန္ဒိယမျိုးနွယ်စု ဟိန္ဒူနွယ်ဝင် အားလုံးကိုယ်စားအပြင်းအထန် ကန့်ကွက်ကြောင်း မြန်မာဟိန္ဒူသမဂ္ဂ က အောက်တိုဘာ ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။

ယင်းဇာတ်ကားကို ထုတ်လုပ်ဖြန့်ချိသူ နှင့် ဇာတ်ကားအားခွင့်ပြုကြောင်း လက်မှတ်ထိုးပေးခဲ့သည့် စစ်တပ် အလိုတော်ရိ နှစ်ဘက်ခွ မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေး ဗဟိုအဖွဲ့ချုပ်ကိုလည်း ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်မည်ဟု ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

ဂျစ်ကားစီးဖူးသလား ဂျားကစ်စာဘူးသရီး ရုပ်ရှင်ကို Perfect ရုပ်ရှင်ထုတ်လုပ်ရေးကထုတ်လုပ်ကာ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)ကရိုက်ကူးထားပြီး လွင်မိုး ၊ ခန့်စည်သူ ၊ ခိုင်သင်းကြည်နှင့် ရွှေမှုံရတီတို့ပါဝင်သရုပ်ဆောင်ထားသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ပြီးခဲ့တဲ့ မတ်လခန့်ကစတင်ပြီး ပြည်တွင်းက ရုပ်ရှင်ရုံတွေမှာတင်သမျှ ရုပ်ရှင်ဇာတ်ကားတိုင်း လူမဝင်တာရုပ်ပျက်ဆင်းပျက် ဖြစ်လာခဲ့တယ်။ တင်တင်ချင်းသောကြာနေ့နဲ့ စနေ၊ တနင်္ဂနွေနေ့မှာ လူအနည်းငယ်ရှိပေမဲ့ တနင်္လါကစပြီး ကြည့်မဲ့သူမရှိတော့ဘူး။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။