Connect with us

Hi, what are you looking for?

သတင်း

ကျောက်တံခါးမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် ၃ဦးသေ၊လက်နက်ခဲယမ်းအချို့ရရှိ

အထိနာသည့် စစ်ကောင်စီတပ်သည် ဆင်ရိုးခင်ကျေးရွာထဲသို့ လက်နက်ကြီးများပစ်ခတ်ခဲ့ရာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ဟု သိရသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-​တောင်ပိုင်းစစ်​ဒေသ)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-​တောင်ပိုင်းစစ်​ဒေသ)

ထားမြတ်/People’s Spring

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ဆင်ရိုးခင်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်က ၃ဦးသေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းရခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ကို တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ တပ်ရင်း ၃၇၀၂၊ အထူးကွန်မန်ဒိုတပ်ရင်း ရိုးမ ၂ စစ်ကြောင်းနှင့် KNLA တပ်ရင်း ၉ ပူးပေါင်းတပ်ဖွဲ့တို့က နိုဝင်ဘာ ၁ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု နိုဝင်ဘာ ၄ ရက်တွင်ထုတ်ပြန်အသိပေးသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-​တောင်ပိုင်းစစ်​ဒေသ)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-​တောင်ပိုင်းစစ်​ဒေသ)

တိုက်ပွဲတွင် စစ်ကောင်စီတပ်၏ G3 ၁ လက်၊ G3 ကျည် ၁၇၄ တောင့်၊ G3 ကျည်ဘောက် ၃ ခု၊ ကိုးလုံးကျည် (၂၉) တောင့် နှင့် အခြားလက်လုပ်သေနတ်များကို သိမ်းဆည်းရမိခဲ့သည်ဟုဓါတ်ပုံနှင့်တကွ​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အထိနာသည့် စစ်ကောင်စီတပ်သည် ဆင်ရိုးခင်ကျေးရွာထဲသို့ လက်နက်ကြီးများပစ်ခတ်ခဲ့ရာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ဟု သိရသည်။

နိုဝင်ဘာ ၁ရက်နေ့ကလည်း တောင်ပိုင်းစစ်ဒေသ နယ်မြေရှိ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် ရွာကြီးအင်းကျေးရွာ၌လည်း တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့သည်။

PDF/KNLA ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် ရွာကြီးအင်းရွာ တိုက်ပွဲ၌ စစ်ကောင်စီတပ်က ၁၀ဦး သေဆုံးကာ ၁၅ ဦး ဒဏ်ရာရရှိခဲ့သည်။ထိုတိုက်ပွဲတွင်စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူပေးသော်လည်း တော်လှန်ရေး ပူးပေါင်းတပ်မှ ထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

Facebook