Connect with us

Hi, what are you looking for?

သတင်း

ဆောမြို့ပေါ်တွင် စစ်တပ် ရမ်းသမ်းပစ်ခတ်၍ ပြည်သူ နှစ်ဦးသေဆုံး

စစ်ကောင်စီတပ်သည် မြို့တွင်း၌ ချင်းအမျိုးသားလူငယ်တစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံက အသိပေးထားသည်။

အာဏာသိမ်းပြီးနောက် လုံခြုံရေးယူနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
အာဏာသိမ်းပြီးနောက် လုံခြုံရေးယူနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

▪️မင်းတပ်တွင် ဝန်ထမ်းအိမ်ယာနှင့် ဒေသခံများနေအိမ်များကို စစ်တပ် မီးရှို့ဖျက်ဆီး

ထားမြတ်/People’s Spring

မကွေးတိုင်း ဆောမြို့တွင် စစ်ကောင်စီတပ်က ယနေ့(နိုဝင်ဘာ ၄ရက်)နံနက်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်သမ်းပစ်ခတ်ရာ ပြည်သူ နှစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိကြောင်း ဒေသခံက ပြောသည်။

နိုဝင်ဘာ ၄ရက် နံနက် ၈နာရီခွဲတွင် ဆောမြို့ ဆက်သွယ်ရေး ကြေးနန်းရုံးအနီးရှိ ဦးဖိုးလှိုင် ခန်းမ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများသည် ဆောမြို့အတွင်း ဝင်ရောက်ကာ ပစ်ခတ်မှု လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“သေဆုံးတာက အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးပါ။ အကြောင်းမဲ့ ရမ်းသမ်းပစ်တာပါ”ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကောင်စီတပ်သည် မြို့တွင်း၌ ချင်းအမျိုးသားလူငယ်တစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံက အသိပေးထားသည်။

တခြားသတင်းတရပ်အဖြစ် မကွေး – ချင်းပြည်နယ်အစပ် မင်းတပ်မြို့တွင်လည်း စစ်ကောင်စီတပ်က ဝန်ထမ်းအိမ်ယာနှင့် ဒေသခံများ​၏ နေအိမ်များကို နိုဝင်ဘာ ၃ရက် ညနေက မီးရှို့ ဖျက်ဆီးခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးထားသည်။

မင်းတပ်မြို့ အနောက်ရပ်ကွက် ဆည်မြောင်းရုံးဝန်းရှိ ဝန်ထမ်းအိမ်ယာများကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးပြီး အနောက် နတလ(၁)ကျောင်းအောက်နားရှိ နေအိမ် ၀ရံတာများကိုလည်း ဖျက်ဆီးသွားသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့်လများအတွင်းကလည်း မင်းတပ်မြို့ပေါ်ရှိ ပြည်သူလူထုနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ရာ အောက်တိုဘာအတွင်းက နေအိမ်၃၀ ခန့် မီးလောင်ပျက်စီးခဲ့ကြောင်း မင်းတပ်ချင်းဒေသကာကွယ်ရေးတပ်(CDF-Mindat)က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဆောမြို့နယ်အတွင်းရောက်ရှိနေတဲ့စစ်တပ်စစ်ကြောင်းက ​ဒေသခံအမျိုးသမီးတွေကိုပစ်မှတ်ထားပြီး ဆိုးရွားတဲ့ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းမှုတွေ ကျူးလွန်ဖို့ကြိုးစားနေတယ်လို့ တော်လှန်‌ ရေးတပ်ဖွဲ့တွေကပြောပါတယ်။

သတင်း

မကွေးတိုင်း ဆောမြို့ကနေရောက်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့ကို ဦးတည်ထွက်ခွာလာရာ ဒီကနေ့ မေလ ၁၈ရက်မှာ လမ်းတစ်ဝက်ကို ရောက်ရှိနေပြီလို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့ကို ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းက ဒေသခံ လူငယ်နဲ့ လူလတ်ပိုင်း ၂၀ ကျော်ကို မေလ ၁၄ရက်မှာ ဖမ်းဆီးခဲ့ကြောင်း ဒေသခံက ပြောပါတယ်။