Connect with us

Hi, what are you looking for?

သတင်း

ဆောမြို့ပေါ် တွင် သေနတ်ပစ်ခတ်သံများထွက်​ပေါ်

မကွေးတိုင်း ဆောမြို့ပေါ်၌ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံများ ဆက်တိုက်ကြား​နေရကြောင်း ဒေသ သတင်းရင်းမြစ်က အသိပေးထားသည်။

(​ဆောမြို့အဝင်ဆိုင်းဘုတ်။ဓါတ်ပုံ-CJ)
(​ဆောမြို့အဝင်ဆိုင်းဘုတ်။ဓါတ်ပုံ-CJ)

▪︎​ စစ်​ကောင်စီတပ်ကပစ်ခတ်၍ ဒေသခံပြည်သူ ညီအမ နှစ်ဦး နှင့်အမျိုးသားတဦးဒဏ်ရာရ

ထားမြတ်၊ အိမ်သွင် /People’s Spring

နိုဝင်ဘာ ၄ရက် မနက် ဆောမြို့ပေါ် အခြေအနေကို ဒေသခံက အသိပေးထားခြင်းဖြစ်ပြီး မြို့နေ ပြည်သူများ လက်နက်ကြီးဒဏ်ခံနိုင်မည့် နေရာများ ရွေးချယ်နေထိုင်ကြရန် တိုက်တွန်းထားသည်။

“အပြန်အလှန်လို့ ယူဆရပေမယ့် မသေချာသေးဘူးဗျ။ ဒီနေ့ စခတွေက မြို့ပေါ် ဆင်းနေကြတာဗျ” ဟု ဆောဒေသခံ တဦးက ပြောသည်။ အပြန်အလှန် ပစ်ခတ်ခြင်းလား၊ တစ်ဖက်သတ် ပစ်ခတ်ခြင်းလား ဆိုသည်ကို မသိရသေးဟုဆိုသည်။

ထပ်မံရရှိ​သော သတင်းအရ စစ်ကောင်စီတပ်က ဆောမြို့ပေါ်သို့လက်နက်ကြီးများ ရမ်းသန်း ပစ်ခတ်ခဲ့၍ ပြည်သူ ၃ဦးထိခိုက်ခဲ့ပြီး ၁ဦးစိုးရိမ်ရဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

“ ထိတာက ညီအမ နှစ်ယောက်နဲ့ အမျိုးသားတစ်ဦး။ အမျိုသားက စိုးရိမ်ရတဲ့ အနေအထားပါ” ဟု ဒေသခံက ပြောသည်။

ဆောမြို့ပေါ်၌ ပစ်ခတ်မှုမဖြစ်သည်မှာ ကြာပြီဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ဆောမြို့ အနီးအနား ကျေးရွာများမှ ပြည်သူများ မြို့ပေါ်သို့ တက်မလာကြသေးရန်လည်း ဒေသခံ သတင်းရင်းမြစ်က တိုက်တွန်းထားသည်။

စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၄ ရက်တွင် ဆောမြို့၌ စစ်ရေးလှုပ်ရှားမှု ရှိနေသည်ဟုသိရသည်။ ဆောမြို့ ဦးဖိုးလှိုင်ခန်းမမှ စစ်ကောင်စီတပ်များသည် မြို့ထဲသို့ သေနတ်များ ပစ်ဖောက် ဝင်ရောက်လာသည်ဟု ဒေသသတင်းရင်းမြစ်က လူမှုကွန်ရက်၌ ရေးသား အသိပေးထားသည်။ဆောမြို့သို့ စစ်ကောင်စီ ရဟတ်ယာဉ် ဆင်းသက်မည်ဟု သတင်းရရှိထားကြောင်း နှင့် စစ်ကောင်စီတပ် စစ်ရေးလှုပ်ရှားမှု ရှိ၍ မြို့နေပြည်သူများ အထူးဂရုစိုက်ကြရန် လိုအပ်ကြောင်း ​ဒေသတွင်း သတင်းရင်းမြစ်က ရေးသားသတိ​ပေးထားသည်ကိုလည်း​တွေ့ရသည်။

လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်မှု ပြုလုပ်ခဲ့သည့် စစ်ကောင်စီတပ်သည်ယနေ့ (နိုဝင်ဘာ ၄ ရက်) နံနက် ၁၀နာရီ ၁၀မိနစ် ဝန်းကျင်တွင် ဆောမြို့ ဦးဖိုးလှိုင်ခန်းမ သို့ ပြန်လည်ဝင်ရောက်လာသည်ဟုလည်း ဒေသခံတစ်ဦးက အသိပေးထားသည်။

စစ်ကောင်စီတပ်သည် အောက်တိုဘာလ၃၀ ရက်​နေ့ကလည်း ဆောမြို့နယ် ကံချောင်းရွာကို တိုက်ပွဲဖြစ်ပွားမှုမရှိဘဲလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ကလေးငယ်တဦး အပါအဝင် ပြည်သူ ၄ဦး ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီသည် ယောဒေသရှိ ဆောမြို့နယ်အပြင် ဂန့်ဂေါ၊ကျောက်ထုနှင့်ထီးလင်းမြို့နယ်တို့တွင် ယခုလပိုင်းအတွင်း စစ်ရေးလှုပ်ရှားမှုပိုမိုပြုလုပ်လာသည်ဟု ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်အချို့ကပြောသည်။

နိုဝင်ဘာလ၁ရက်ကဂန့်ဂေါမြို့နယ်မြောက်ပိုင်း မြောက်ခင်ရန်းရွာမှထွက်လာသည့် စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းကို ကလေး- ဂန့်ဂေါအာရှလမ်းမကြီးလမ်းပိုင်းတစ်နေရာ၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်ခဲ့သည်။ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ နှစ်ဦးသေဆုံးခဲ့သည်။

အောက်တိုဘာလ၂၆ရက်က ထီလင်းမြို့နယ်၊ကျားခဲရွာကို စစ်ကောင်စီကဝင်ရောက်ပြီး အမျိုးသားလေးဦးကို မီးရှို့သတ်ဖြတ်ခဲ့သည်။ ယောနယ်တနယ်လုံးတွင် ယခုရက်ပိုင်း လေကြောင်းအန္တရာယ်သတိပြုကြရန် ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့များကသတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့စစ်ကူပေးမယ့် စစ်တပ်စစ်ကြောင်းဟာ ဆောမြို့ကို ဦးတည်လာနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ဆောမြို့နယ်အတွင်းရောက်ရှိနေတဲ့စစ်တပ်စစ်ကြောင်းက ​ဒေသခံအမျိုးသမီးတွေကိုပစ်မှတ်ထားပြီး ဆိုးရွားတဲ့ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းမှုတွေ ကျူးလွန်ဖို့ကြိုးစားနေတယ်လို့ တော်လှန်‌ ရေးတပ်ဖွဲ့တွေကပြောပါတယ်။

သတင်း

မကွေးတိုင်း ဆောမြို့ကနေရောက်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့ကို ဦးတည်ထွက်ခွာလာရာ ဒီကနေ့ မေလ ၁၈ရက်မှာ လမ်းတစ်ဝက်ကို ရောက်ရှိနေပြီလို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့ကို ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းက ဒေသခံ လူငယ်နဲ့ လူလတ်ပိုင်း ၂၀ ကျော်ကို မေလ ၁၄ရက်မှာ ဖမ်းဆီးခဲ့ကြောင်း ဒေသခံက ပြောပါတယ်။