Connect with us

Hi, what are you looking for?

သတင်း

မြောင်မြို့နယ်တွင် စစ်ရှောင်ကလေးငယ်များ တုပ်ကွေးနှင့် ကာလဝမ်းရောဂါ ဖြစ်ပွားနေ

ရောဂါဖြစ်ပွားနေသည့် ကလေးငယ်ပမာဏများပြားနေသည်ဟု မြောင်လူငယ်ကွန်ရက် – YFCက ​ပြောကြားပြီး အရေအတွက်ကိုမူ ​​ဖြေကြားခြင်းမရှိသေးပေ။

(​YFC အဖွဲ့က ဆေးဝါးကုသမှုပေးနေစဥ်။ ဓာတ်ပုံ-YFC)
(​YFC အဖွဲ့က ဆေးဝါးကုသမှုပေးနေစဥ်။ ဓာတ်ပုံ-YFC)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ စစ်ဘေးရှောင် ကျေးရွာအချို့၌ ကလေးငယ်များမှာ တုပ်ကွေးရောဂါနှင့် ဝမ်းရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

ယခု နိုဝင်ဘာလဆန်းပိုင်းတွင် ရာသီဥတုအခြေအနေကြောင့် မြောင်မြို့နယ်ရှိ ကျေးရွာအချို့၌ ကလေးငယ်များ တုပ်ကွေးမိ ဖျားနာခြင်း၊ ကာလဝမ်းရောဂါကြောင့် ဝမ်းပျက်ဝမ်းလျှောခြင်းများ ဖြစ်ပွားနေကြောင်း မြောင်လူငယ်ကွန်ရက် – YFC၏ တာဝန်ရှိသူက ပြောသည်။

“ကလေးတွေ ရာသီအကူးပြောင်းကြောင့် တုပ်ကွေးမိ တာတွေရော၊ ကျန်းမာရေးအသိအားနည်းတာကြောင့် ကာလ၀မ်းရောဂါတွေ ရော ကလေးတွေ ဖြစ်နေကြတာ။”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ရောဂါဖြစ်ပွားနေသည့် ကလေးငယ်ပမာဏများပြားနေသည်ဟု မြောင်လူငယ်ကွန်ရက် – YFCက ​ပြောကြားပြီး အရေအတွက်ကိုမူ ​​ဖြေကြားခြင်းမရှိသေးပေ။

ထို့ကြောင့် ကလေးငယ်များအား ကုသပေးရန်ဆေးဝါးအကူအညီများ လိုအပ်နေကြောင်း သိရသည်။

ကာလဝမ်းရောဂါသည် မသန့်ရှင်းသော အစားအစာသို့မဟုတ် ရေကို စားသောက်ရာမှ ကူးစက်သည့် အလွန်ပြင်းထန်သော ရောဂါဖြစ်သည်။ ကာလဝမ်းရောဂါသည် ပြင်းထန်ပြီး ရေကဲ့သို ဝမ်းများ ရုတ်တရက်သွားသည့် ဝမ်းရောဂါဖြစ်သည်။ ရောဂါပြင်းထန်လျှင် ကုသမှုမရရှိပါက နာရီပိုင်းအတွင်း သေဆုံးနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားသည်။

“ရေပြန်ကျပြီး ရေဝပ်တဲ့နေရာတွေက ဗွက်အိုင်တွေဖြစ်ပြီး ခြင်တွေပေါက်တာလဲများတော့ နေရာတိုင်းမဟုတ်ပေမယ့် အဲလိုရွာမျိုးတွေကျ ဖျားနာမှုတွေအဖြစ်များကြတယ်။”ဟု မြောင်နယ်အခြေစိုက် CDSOM အဖွဲ့မှ ကိုနွေဦး(မြောင်)က ပြောသည်။

အဆိုပါ ကလေးငယ်များအတွက် မြောင်မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် အလှုရှင်များ၏ပံ့ပိုးကူညီမှုဖြင့် ဒေါက်တာဖီးနစ်နှင့်ဆေးအဖွဲ့သားများက ကျန်းမာရေးအသိပညာပေးဟောပြောပွဲများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်နိုင်ရန် ဆောင်ရွက်ပေးခဲ့ကြောင်း မြောင်လူငယ်ကွန်ရက် – YFCက အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်နဲ့ စလင်းမြို့နယ်တွေမှာ စစ်ရှောင်တစ်ထောင်ကျော်ဟာ အရေပြားရောဂါတွေ ဖြစ်ပွားနေပြီး ဆေးဝါးအကူအညီတွေလိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူလူထုတွေရှိရာ နေရာတွေကို အာဏာသိမ်းစစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ ဒရုန်းဗုံးတွေနဲ့ တိုက်ခိုက်လို့ အရပ်သား ပြည်သူ သေဆုံးထိခိုက်မှုတွေ ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ရှောင်တွေနေတဲ့ ဘုရားတန်ဆောင်းပေါ် ဒရုန်းနဲ့ဗုံးချတိုက်ခိုက်လို့ (၁)နှစ်သားကလေးငယ် အပါအဝင် ၂ဦး သေဆုံးခဲ့ပြီး ကလေးမိခင် အသက်အန္တရာယ် စိုးရိမ်နေရပါတယ်။

သတင်း

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ စစ်ဘေးရှောင် ကလေးငယ် ၅၀ ကျော်ဟာ ပညာသင်ကြားဖို့အတွက် စာရေးကိရိယာတွေ လိုအပ်နေကြောင်း စစ်ရှောင် ကူညီပေးနေသူတွေက ပြောပါတယ်။