Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုရှိ တောင်းခမ်းနှင့် သဲခေါ်ရွာတွင် တိုက်ပွဲပြင်းထန်နေ၊ စစ်တပ် ဒဏ်ရာရသူများနေဟု TNLAပြော

သဲခေါ်ကျေးရွာသည် ပြီးခဲ့သည့်ရက်တပတ်က တိုက်ပွဲပြင်းထန်ခဲ့သော ဂန့်ဂေါကျေးရွာအနီးနှင့် မန္တလေး – လားရှိုးလမ်းမကြီးပေါ်တွင် တည်ရှိသည်။

(၁၀၂၇စစ်ဆင်ရေးအပိုင်း(၂)အတွင်း တွေ့ရသော TNLA ရဲဘော်များ။ ဓာတ်ပုံ - TNLA)
(၁၀၂၇စစ်ဆင်ရေးအပိုင်း(၂)အတွင်း တွေ့ရသော TNLA ရဲဘော်များ။ ဓာတ်ပုံ - TNLA)

ဒီးဒီ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ တောင်းခမ်းနှင့် သဲခေါ်ကျေးရွာတို့တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်နေကြောင်း တအာင်းတပ်မတော်(TNLA)၏ ပြောခွင့်ရပုဂ္ဂိုလ် လွေးယေဦးက People’s Springသို့ ပြောသည်။

နောင်ချိုမြို့မှ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့သို့ သွားရာလမ်းပိုင်းရှိ တောင်းခမ်းကျေးရွာတွင်ရှိသော စစ်ကောင်စီ၏အမြောက်တပ် အမတ (၃၅၄)တပ်စခန်းနေရာနှင့် နောင်ချိုမြို့မှ ပြင်ဦးလွင်မြို့သို့သွားရာ မန္တလေး – လားရှိုးလမ်းမကြီးပေါ်ရှိ သဲခေါ်ကျေးရွာတို့တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်နေသည်ဟု ဆိုသည်။ အဆိုပါတိုက်ပွဲများမှာ ယမန်နေ့(နိုဝင်ဘာ ၆ရက်)အထိ ပြင်းထန်နေသည်ဟု TNLAက ပြောသည်။

” တောင်းခမ်းကတိုက်ပွဲနေရာမှာတော့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်။ ဂန့်ဂေါဘက် သဲခေါ်ရွာဘက်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပါတယ်”ဟု TNLA၏ ပြောခွင့်ရပုဂ္ဂိုလ် လွေးယေဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ဒဏ်ရာရသူများပြားနေသည်ဟု ကြားသိရကြောင်း ၎င်းက ဆက်ပြောသည်။

သဲခေါ်ကျေးရွာသည် ပြီးခဲ့သည့်ရက်တပတ်က တိုက်ပွဲပြင်းထန်ခဲ့သော ဂန့်ဂေါကျေးရွာအနီးနှင့် မန္တလေး – လားရှိုးလမ်းမကြီးပေါ်တွင် တည်ရှိသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ဂန့်ဂေါကျေးရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဒရုန်းများဖြင့်

တိုက်ခိုက်မှုကြောင့် တော်လှန်ရေးရဲဘော်အချို့ ထိခိုက်မှုရှိခဲ့သည်ဟု နောင်ချိုမြို့မှ PDF ရဲဘော်တစ်ဦးက ပြောထားသည်။

ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာ၌ အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်သားများသည် တအာင်းတပ်မတော်(TNLA)သိမ်းပိုက်ထားသော နောင်ချိုမြို့နယ်အတွင်း အောက်တိုဘာ ၂၂ရက်က စစ်‌ကြောင်းထိုးဝင်ရောက်လာရာ TNLAဦးဆောင်သော တော်လှန်ရေးတပ်များရှိနေသော ဂန့်ဂေါကျေးရွာသို့ ရောက်ရှိလာ၍ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယင်းနေ့တွင် စစ်ကောင်စီတပ်သားအချို့ နောင်ချိုမြို့နယ် ဘန့်ဘွေးရွာနှင့် ဂန့်ဂေါကျေးရွာကြား၌ နယ်ကျွံဝင်လာ၍ တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်ရာ သေဆုံးမှုများခဲ့သည်ဟု နောင်ချိုမြို့မှ PDFရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ထို့နောက် အောက်တိုဘာ ၂၇ရက်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူသုံးပြီး ဂန့်ဂေါရွာအား စစ်ကြောင်းထိုးလာရာ TNLAဦးဆောင်သော တော်လှန်ရေးတပ်များက ဆုတ်ခွာပေးထားရကြောင်း အဆိုပါစစ်မြေပြင်ရှိ ရဲဘော်တစ်ဦးက ပြောသည်။

စစ်တက္ကသိုလ်များရှိရာ ပြင်ဦးလွင်မြို့နှင့် (၁၆)မိုင်ခန့်ကွာဝေးသော နောင်ချိုမြို့နယ် ဘန့်ဘွေးကျေးရွာအုပ်စုရှိ ဂန့်ဂေါကျေးရွာအနီး၌ တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့သည် အောက်တိုဘာ ၁၉ရက်ကတည်းက စတင်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။