Connect with us

Hi, what are you looking for?

သတင်း

ကနီမြို့နယ်တွင် ညမထွက်ရအမိန့် ပအဖထုတ်ပြန်

ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဆရာဦးဝင်းဌေးဖြစ်စဥ်တွင် ၎င်းနှင့်အတူ ဇနီးဒေါ်ခြိမ့်ခြိမ့်သဲဝေ၊ သုံးလအရွယ် သမီးငယ် မရွှေဝတ်ရည်လွှာတို့ကိုပါသတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။

ကနီမြို့နယ်တွင် ညမထွက်ရအမိန့် ပအဖထုတ်ပြန်
ကနီမြို့နယ်တွင် ညမထွက်ရအမိန့် ပအဖထုတ်ပြန်

ဇေအောင်/People’s Spring

ပညာရေးဘုတ်အဖွဲ့တာဝန်ခံမိသားစု သတ်ဖြတ်ခံခဲ့ရသည့် ကနီမြို့နယ်တွင် လုံခြုံရေးအားနည်းသည်ဆိုကာ ညမထွက်ရအမိန့်ထုတ်ပြန်လိုက်ကြောင်း ကနီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ကြေညာသည်။

ကနီမြို့နယ်အတွင်း ညမထွက်ရအမိန့်အား အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနလက်အောက်ရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့(နိုဝင်ဘာ ၉ရက်) အမိန့်ကြေညာချက် ထုတ်ပြန်ခြင်းဖြစ်သည်။

ကနီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ် တပ်ရင်း၊တပ်ဖွဲ့များ အရေးပေါ်အစည်းအဝေးဆုံးဖြတ်ချက်အရ ပြည်သူများအနေဖြင့် ည၁၀ နာရီမှ နံနက်၅နာရီအတွင်း မိမိနေထိုင်ရာ နေအိမ်မှ အပြင်လုံးဝမထွက်ရန်၊ ကနီမြို့နယ်အတွင်း ခရီးသွားလာသော ပြည်သူများ၊မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ် များအနေဖြင့် သက်ဆိုင်ရာဂိတ်များကို ည ၁၀ နာရီမှ နံနက်၅နာရီအတွင်း ဖြတ်သန်းသွားလာခြင်းမပြုရန်၊ တော်လှန်ရေးရဲဘော်များ အရေးကြီးခရီးသွားလာခြင်းမှ လွှဲ၍ ပြည်သူများအနေဖြင့် ကျန်းမာရေးကိစ္စများ အရေးပေါ်သွားလာမည်ဆိုပါက သက်ဆိုင်ရာ ပအဖ၊ပကဖ၊ပလဖများထံ အသိပေးအကြောင်းကြားသွားရန် ကနီမြို့နယ် ပအဖက​ ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ကနီမြို့နယ်အတွင်းရှိ ကျေးရွာ၊ကျေးရွာအုပ်စုများအနေဖြင့် တော်လှန်ရေး အချိန်ကြာမြင့်လာသည်နှင့်အမျှ ကျေးရွာအလိုက် လုံခြုံရေး ဆောင်ရွက်ထားရှိမှု လျော့နည်းလာသည်ကိုတွေ့ရှိရပြီး လုံခြုံရေးတိုးမြှင့်ဆောင်ရွက် ထားရှိရန် အရေးကြီးလိုအပ်လာသည်ဟု ကနီပကဖက ဆိုသည်။

ကနီမြို့နယ်သည် ကျေးရွာများအားလုံးကို လွှမ်းမိုးချုပ်ကိုင်ထားသည်ဆိုသော်လည်း စစ်ကောင်စီ၏ သူသျှိုများ၊ ပျူစောထီးများ ယိုစိမ့်ဝင်ရောက်လာနိုင်ပြီး တော်လှန်ရေးတွင် ဦးဆောင်ဦးရွက်ပြုဆောင်ရွက်နေသော ခေါင်းဆောင်များအပါအဝင် တော်လှန်ရေးအင်အားစုများအားလုံး၏ လုံခြုံရေးရှေးရှု၍ ကျေးရွာတိုင်း လုံခြုံရေး၊ ကာကွယ် ရေးလုပ်ငန်းများ ပိုမိုတင်းကြပ်စွာ ဆောင်ရွက်ထားရှိရန် အထူးလိုအပ်နေကြောင်း ကနီပအဖက အသိပေးသည်။

ထို့ကြောင့် ညမထွက်ရအမိန့်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး လိုက်နာမှုမရှိပါက တော်လှန်ရေးကို အနှောက်ယှက်ပြုသူများအဖြစ် သတ်မှတ်ပြီး အရေးပေါ် စစ်ရေး၊စီမံခန့်ခွဲရေး နည်းလမ်းများဖြင့် ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည်ဟု ကနီပအဖအဖွဲ့က သတိပေးသည်။

ထို့အပြင် နိုဝင်ဘာ ၄ ရက် ညက တပုန်းကျေးရွာတွင် ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဦးဝင်းဌေးနှင့် မိသားစုသတ်ဖြတ်ခံရသည့်ဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် လုံခြုံရေးအားနည်းနေသည်ကို တွေ့ရှိရကြောင်း ကနီပအဖက ထောက်ပြသည်။

“ပညာရေးတာဝန်ခံ ကိုဝင်းဌေးလုပ်ကြံခံရမှုကို နမူနာယူပြီး အများပြည်သူလုံခြုံရေးအတွက် စိစစ်နိုင်ဖို့ပါ။”ဟု ကနီပအဖမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် အကောင်းဆုံးဖြစ်အောင် အကြိမ်ကြိမ် ဆွေးနွေးတိုင်ပင်ပြီး ကြိုးစားလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း Kani People Defence Force အဖွဲ့ တာဝန်ရှိသူက ပြောသည်။

ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဆရာဦးဝင်းဌေးဖြစ်စဥ်တွင် ၎င်းနှင့်အတူ ဇနီးဒေါ်ခြိမ့်ခြိမ့်သဲဝေ၊ သုံးလအရွယ် သမီးငယ် မရွှေဝတ်ရည်လွှာတို့ကိုပါသတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။

ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံဆရာအပါအဝင် မိသားစုလိုက် သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ ပညာရေးဝန်ထမ်းများအပါအဝင် အဖွဲ့အစည်းအသီးသီးက ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချခဲ့ပြီး အမှုမှန် အမြန်ဆုံး ဖော်ထုတ်ပေးရန် သက်ဆိုင်ရာ တာဝန်ရှိသူများအား တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်းကန်ပက်လက်မြို့နယ်မှာစစ်ရှောင်ပြည်သူတွေရဲ့နေအိမ်တွေကိုမသမာသူလူတစ်စုကဖောက်ထွင်းနေတာကြောင့်ညမထွက်ရအမိန့်ကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပ.အ.ဖ)က မေလ ၃၀ ရက်မှာ ထုတ်ပြန်လာပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်က ကျေးရွာတချို့မှာ လေပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီးနေအိမ်တွေကို စလင်း ပအဖနဲ့ ပကဖက သွားရောက်ကူညီထောက်ပံ့ခဲ့ကြပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်က စိုးမိုးနယ်မြေတွေမှာရှိတဲ့ လူနာပေါင်း ၂၀၀ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်၊နတ်လာပို့တောင်ရွာက ရှင်ပြုအလှူပွဲကို စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ပြီး ထွက်ပြေးတဲ့ပြည်သူ တွေနောက်ကို ဒရုန်း တွေနဲ့ဗုံးထပ်ကြဲတာ​ကြောင့် ကျောင်းထိုင်ဆရာတော် နဲ့မောင်ရှင်​လောင်းတွေအပါအဝင်ပြည်သူ ၇ဦး သေဆုံးပြီးဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံ တွေက ပြောပါတယ်။