Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အဆင့်မြင့် စစ်လက်နက်တွေကို ဇူဟိုင်လေကြောင်းပြပွဲမှာ တရုတ် မိတ်ဆက်ပြသ

တရုတ်ဟာ နိုင်ငံရဲ့ အကြီးဆုံး လေကြောင်းပြပွဲမှာ ခေတ်မီ စစ်လက်နက် အသစ်အဆန်းတွေကို ခင်းကျင်းပြသရင်း စစ်ရေးနည်းပညာကဏ္ဍ တိုးတက်မှုတွေကို ကမ္ဘာသိ ဝါဒဖြန့်နေတာ ဖြစ်နိုင်ကြောင်း လေ့လာသူတွေက သုံးသပ်ခဲ့ပါတယ်။

တရုတ်ဟာ နိုင်ငံရဲ့ အကြီးဆုံး လေကြောင်းပြပွဲမှာ ခေတ်မီ စစ်လက်နက် အသစ်အဆန်းတွေကို ခင်းကျင်းပြသရင်း စစ်ရေးနည်းပညာကဏ္ဍ တိုးတက်မှုတွေကို ကမ္ဘာသိ ဝါဒဖြန့်နေတာ ဖြစ်နိုင်ကြောင်း လေ့လာသူတွေက သုံးသပ်ခဲ့ပါတယ်။

နိုင်ငံတောင်ပိုင်း ဇူဟိုင်မြို့မှာ ကျင်းပနေတဲ့ လေကြောင်းပြပွဲမှာ တရုတ်ရဲ့ အသစ်ကျပ်ချွတ် J-35A တိုက်လေယာဉ်၊ အရွယ်အစား ပိုမိုကြီးမားပြီး တရုတ်ရဲ့ စွမ်းဆောင်ရည် အမြင့်ဆုံးလို့ သတ်မှတ်နိုင်တဲ့ J-20 တိုက်လေယာဉ်တွေကို ခင်းကျင်း ပြသခဲ့တဲ့အပြင် CH-7 တိုက်ခိုက်ရေး ဒရုန်းအသစ်၊ HQ-19 လေကြောင်းကာကွယ်ရေး စနစ်တွေကိုပါ ပွဲထုတ်လာခဲ့တာ တွေ့ရပါတယ်။

J-35Aရော၊ J-20ပါ ရေဒါနဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်တဲ့ ကိုယ်ပျောက် နည်းပညာ ပိုင်ဆိုင်ထားပြီး အဲဒီ နည်းပညာကို CH-7 ဒရုန်းမှာလည်း အသုံးပြုထားတယ်လို့ ဆိုပါတယ်။

နောက်ပြီး တရုတ်ရဲ့ ရေတပ်မှာ အသုံးပြုနေတဲ့ J-15 တိုက်လေယာဉ်ရဲ့ အီလက်ထရောနစ် စစ်ဆင်ရေး နည်းပညာ ပေါင်းစပ်ထားတဲ့ မျိုးကွဲအသစ်၊ အမျိုးမျိုးသော စစ်လက်နက် ခဲယမ်းတွေကို ဇူဟိုင်မှာ ပြသခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တရုတ် အစိုးရပိုင် Global Times သတင်းစာက တရုတ်ဟာ အဲဒီပြပွဲကို အကြောင်းပြုပြီး စစ်အင်အားကို ထုတ်ကြွားစရာ မလိုဘူးလို့ ရေးသားခဲ့ပေမယ့်လည်း တရုတ်အရေး လေ့လာ စောင့်ကြည့်သူတွေကတော့ ဇူဟိုင်ဟာ တရုတ်ရဲ့ စစ်ရေးနည်းပညာ အင်အားပြပွဲကြီးအဖြစ် ရှုမြင်နေကြပါတယ်။

တရုတ်ဟာ စွမ်းဆောင်ရည်မြင့် စစ်လက်နက်တွေကို ခင်းကျင်းပြသခဲ့ပေမယ့် အသေးစိတ် အချက်အလက်တွေကို ထုတ်ပြန်တာတော့ အရမ်းနည်းလွန်းပါတယ်။ စစ်လက်နက်ရေးရာ သုတေသီတွေက CH-7လို ဒရုန်းတွေကို တရုတ်ဟာ စဉ်ဆက်မပြတ် နည်းပညာ အဆင့်မြှင့် တည်ဆောက်နေပြီး တိုက်ခိုက်ရေး ကဏ္ဍအတွက်သာ မကဘဲ ဒေသတွင်းက အမေရိကန် စစ်စခန်းတွေနဲ့ ထိုင်ဝမ်ကို ထောက်လှမ်းမှုတွေမှာပါ အသုံးပြုလာနိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။

HQ-19 လေကြောင်းကာကွယ်ရေး စနစ်မှာ အဓိက ထူးခြားချက်အဖြစ် သမားရိုးကျ ဒုံးကျည်တွေကိုသာ မကဘဲ အသံထက် အနည်းဆုံး ၅ ဆပိုမြန်တဲ့ ဟိုက်ပါဆောနစ် ဒုံးကျည်တွေကိုပါ ဟန့်တားနိုင်စွမ်း ရှိတယ်လို့ ကြွေးကြော်ထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒုံးကျည်တွေကို ဘယ်လို အာရုံခံ စနစ်နဲ့ ထောက်လှမ်းပြီး ဘယ်လောက် အကွာအဝေးထိ ခရီးရောက်အောင် ပစ်ချနိုင်သလဲ ဆိုတာတွေကိုတော့ မသိရပါဘူး။

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း တရုတ်ဟာ စစ်လက်နက် နည်းပညာ ကဏ္ဍမှာ အမေရိကန်ရဲ့ ခြေလှမ်းတော်တော်များများ ရှေ့ကပြေးနေမှုကို အမီလိုက်ဖို့ ကြိုးစားလာခဲ့ပါတယ်။ တရုတ် သမ္မတ ရှီကျင့်ဖျင်ကလည်း စစ်ရေးနည်းပညာ အဆင့်မြှင့်တင်မှုတွေဟာ တရုတ်စစ်တပ်အတွက် ဦးစားပေး ဆောင်ရွက်ရမယ့် အပိုင်းတွေလို့ အတိအလင်း ပြောကြားထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မနှစ်တုန်းက ဖိလစ်ပိုင် ကမ်းခြေစောင့် ရေယာဉ်ကို ရန်လို ဖိအားပေးရင်း တရုတ် သင်္ဘောနှစ်စီး တိုက်မိခဲ့တဲ့ ဖြစ်စဉ်မှာ ကမ်းခြေစောင့် တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့တယ် ဆိုတာကို တရုတ်က ပထမဆုံးအကြိမ် ဝန်ခံခဲ့ပါတယ်။

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်း ဒေါ်လ်ဖင် ကုန်းတွင်းဝင်ရောက် တိုက်ခတ်မှုကြောင့် တရုတ်မှာ လူ ၁ သန်းလောက် ယာယီ ရွှေ့ပြောင်းခဲ့ရကြောင်း သိရပါတယ်။

ဆောင်းပါး

ချင်မင်းဆက်အပေါ် ဝေဖန်ပြစ်တင်မှုများက ကွန်မြူနစ်ပါတီကို အဘယ်ကြောင့် ထိတ်လန့်စေသနည်း

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။