Connect with us

Hi, what are you looking for?

သတင်း

ပတ္တရားသွားရင်းမြန်မာနယ်စပ်ဆီလိမ်လည်ပို့ဆောင်ခံတဲ့ တရုတ် ကမ္ဘာလှည့် ခရီးသည်တွေ

ရဲတပ်ဖွဲ့ဟာ အဲဒီ တရုတ်နိုင်ငံသားတွေကို ပတ္တရားဆီ သွားရောက်နိုင်အောင် ကူညီ ပို့ဆောင်ပေးခဲ့ပါတယ်။ အဲဒီဧရိယာမှာ အရင်ကလည်း တရုတ် ကမ္ဘာလှည့် ခရီးသည်တွေ လိမ်လည်ပြီး နယ်စပ်ဆီ ပို့ဆောင်ခံရတဲ့ အခြေအနေတွေ ရှိခဲ့ဖူးပါတယ်။

ပတ္တရားသွားရင်းမြန်မာနယ်စပ်ဆီလိမ်လည်ပို့ဆောင်ခံတဲ့ တရုတ် ကမ္ဘာလှည့် ခရီးသည်တွေ
ပတ္တရားသွားရင်းမြန်မာနယ်စပ်ဆီလိမ်လည်ပို့ဆောင်ခံတဲ့ တရုတ် ကမ္ဘာလှည့် ခရီးသည်တွေ

-People’s Spring

ထိုင်းနိုင်ငံကို အလည်အပတ် လာရောက်ရာကနေ မြန်မာနဲ့ နယ်စပ်ဆီ လှည့်ဖျားပို့ဆောင်ခြင်း ခံရတဲ့ တရုတ် ကမ္ဘာလှည့် ခရီးသည် ၅ ဦးကို အချိန်မီ ကယ်တင်နိုင်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

အဲဒီ တရုတ်နိုင်ငံသားတွေဟာ ပတ္တရားမြို့ဆီ သွားရောက်ဖို့ စီစဉ်ထားပေမယ့်လည်း မြန်မာနဲ့ နယ်စပ်မှာရှိတဲ့ မဲဆောက်ကို သူတို့ကိုယ်တိုင် မသိဘဲ ဦးတည်သွားရောက်နေခဲ့မိတာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၁၂ ရက်နေ့တုန်းက မဲဆောက်-တက်ခ် လမ်းမပေါ်မှာရှိတဲ့ ဟွိုင်ဟင် လုံခြုံရေးဂိတ်မှာ ထိုင်းရဲတွေက ပုံမှန် စစ်ဆေးမှုတွေ လုပ်ရင်း အဲဒီ တရုတ်နိုင်ငံသားတွေရဲ့ မော်တော်ကားကို သတိထားမိခဲ့တာပါ။

စကားပြန်တစ်ဦးက အကူအညီ ပေးခဲ့တဲ့နောက် တရုတ် ကမ္ဘာလှည့် ခရီးသည်တွေ ကြုံတွေ့ရတဲ့ အခြေအနေမှန်ကို ထိုင်းရဲတွေက သဘောပေါက်ခဲ့ပါတယ်။ တရုတ်နိုင်ငံသားတွေဟာစာရွက်စာတမ်းနဲ့ ပတ်စ်ပို့တ်တွေ စုံစုံလင်လင် ကိုင်ဆောင်ထားကြောင်း၊ သူတို့ဟာ မဲဆောက်ကို ဦးတည်နေတယ် ဆိုတာ သိသွားတဲ့အခါ အရမ်း အံ့ဩ ထိတ်လန့်ကုန်ကြောင်း ရဲတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရဲတပ်ဖွဲ့ဟာ အဲဒီ တရုတ်နိုင်ငံသားတွေကို ပတ္တရားဆီ သွားရောက်နိုင်အောင် ကူညီ ပို့ဆောင်ပေးခဲ့ပါတယ်။ အဲဒီဧရိယာမှာ အရင်ကလည်း တရုတ် ကမ္ဘာလှည့် ခရီးသည်တွေ လိမ်လည်ပြီး နယ်စပ်ဆီ ပို့ဆောင်ခံရတဲ့ အခြေအနေတွေ ရှိခဲ့ဖူးပါတယ်။

သူတို့ဟာ ထိုင်းနယ်စပ်နားက မြန်မာဖက်ခြမ်း၊ မြဝတီမှာ ဖွင့်လှစ်ထားတဲ့ ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေမှာ အဓမ္မ ခိုင်းစေဖို့ လူမှောင်ခိုသမားတွေရဲ့ လှည့်စားလိမ်ညာ လမ်းကြောင်းပြောင်း စီစဉ်မှုကို ခံခဲ့ရတာလို့ ယုံကြည်ရပါတယ်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီအမံ တစ်ခုအတွက် အဲဒီဒေသကို ရောက်နေတဲ့ ဒုတိယ ရဲချုပ် ပရာဂျော့ဘ် ဝန်ဆက်ခ်ဟာ အခုကိစ္စနဲ့ ပတ်သက်လို့ အစီရင်ခံစာကို လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ လူမှောင်ခိုမှု သားကောင်တွေကို ခွဲခြားစိစစ် ကူညီပေးတဲ့ ဒေသခံ ဌာနတစ်ခုကိုလည်း သွားရောက် စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ပရာဂျော့ဘ်က ထိုင်းရဲတပ်ဖွဲ့ဟာ ဉာဏ်ရည်တု (AI) နည်းပညာ အထောက်အပံ့ပေးထားတဲ့စောင့်ကြည့် စနစ်တွေကိုပါ အသုံးပြုပြီး နယ်စပ် ထိန်းချုပ်ရေး အစီအမံတွေကို တင်းကျပ်ထားပြီး လူမှောင်ခိုမှုတွေနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို တိုက်ဖျက်နေကြောင်း ပြောကြားသွားပါတယ်။

ကိုးကား: Khaosod

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ် အစိတ်အပိုင်းတွေ တင်ဆောင်သွားတဲ့ သင်္ဘောတစ်စီးက လမ်းကြောင်းပြောင်းပြီး တရုတ်ပိုင်နက်ထဲ ကမ်းကပ်ခဲ့တဲ့၊ နောက်ဆက်တွဲ အနေနဲ့ အစိတ်အပိုင်းတချို့ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အမေရိကန် လွှတ်တော်မှာ စုံစမ်း စစ်ဆေးနေပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒရုန်းရေငုပ်သင်္ဘောတွေအတွက် မိခင်ရေယာဉ်လို့ ယူဆရတဲ့ ပထမဆုံး သင်္ဘောတစ်စီးကို တရုတ်မှာ တည်ဆောက်နေပါတယ်။

Facebook