Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်ရဲ့ အထောက်အပံ့ရပ်ရင် စစ်ရှုံးသွားနိုင်တယ်လို့ ယူကရိန်း သမ္မတ ဝန်ခံ

အမေရိကန်ဆီက စစ်ရေး အထောက်အပံ့ ရန်ပုံငွေတွေ ဖြတ်တောက်ခံရမယ်ဆိုရင် ယူကရိန်းဟာ စစ်ရှုံးသွားလိမ့်မယ်လို့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဝန်ခံခဲ့ပါတယ်။

အမေရိကန်ဆီက စစ်ရေး အထောက်အပံ့ ရန်ပုံငွေတွေ ဖြတ်တောက်ခံရမယ်ဆိုရင် ယူကရိန်းဟာ စစ်ရှုံးသွားလိမ့်မယ်လို့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဝန်ခံခဲ့ပါတယ်။

အမေရိကန်ဟာ ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲကာလတလျှောက် ရက်ပေါင်း ၁၀၀၀ ကျော်လာတဲ့ထိ ယူကရိန်းအတွက် စစ်လက်နက်နဲ့ ငွေကြေးတွေ အဓိက ထောက်ပံ့တဲ့နိုင်ငံအဖြစ် ရပ်တည်ခဲ့ပါတယ်။

အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့်က ရွေးကောက်ပွဲ အနိုင်ရထားပြီး လာမယ့်နှစ်ဆန်းပိုင်းကစလို့ သမ္မတသစ် ဖြစ်လာတော့မှာပါ။ ထရမ့်ဟာ ရွေးကောက်ပွဲ မတိုင်ခင် မဲဆွယ်ပွဲ ကာလတလျှောက် ယူကရိန်းအတွက် လက်ရှိ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ထောက်ပံ့ငွေ အများအပြား သုံးစွဲခဲ့တာကို ဝေဖန်ခဲ့သူ ဖြစ်ပါတယ်။ ထရမ့်သာ အမေရိကန် သမ္မတ နေရာကို တကျော့ပြန် ရောက်ရှိလာမယ်ဆိုရင် ယူကရိန်းဆီ စစ်ရေး အထောက်အပံ့တွေ သိသိသာသာ ဖြတ်တောက်ပစ်မယ်လို့ အများစုက ခန့်မှန်းထားပါတယ်။

ထရမ့်က သူဟာ သမ္မတဖြစ်လာပြီးရင် ရုရှားနဲ့ ယူကရိန်းကြားက စစ်ပွဲကို ၂၄ နာရီအတွင်း ရပ်တန့်စေမယ်လို့ ကြုံးဝါးထားပြီး အသေးစိတ်ကိုတော့ မှတ်ချက် မပေးခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

Foxနဲ့ အင်တာဗျူးမှာတော့ ဇီလန်စကီးက အမေရိကန်ဖက်က အထောက်အပံ့တွေရပ်ရင် ယူကရိန်း စစ်ရှုံးသွားမယ်လို့ သူထင်ကြောင်း ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့ အစွမ်းရှိသမျှ ယူကရိန်းဟာ တောင့်ခံနေမှာ၊ ဆက်လက် တိုက်ခိုက်နေမှာဖြစ်ကြောင်း၊ ယူကရိန်းလည်း ကိုယ်ပိုင် အစွမ်းအစနဲ့ လက်နက်တွေ၊ ခဲယမ်းမီးကျောက်တွေ ထုတ်လုပ်နိုင်ကြောင်း၊ ဒါပေမဲ့ ရေရှည်အတွက် ဖူလုံမှာ မဟုတ်သလို ရှင်သန် ရပ်တည်ဖို့အတွက်လည်း လောက်ငှနိုင်မှာ မဟုတ်ကြောင်း ဇီလန်စကီးက မှတ်ချက်ပေးသွားခဲ့ပါတယ်။

စစ်ပွဲရပ်စဲစေဖို့အတွက် ထရမ့်ဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်အပေါ် လွှမ်းမိုး ဖိအားပေးနိုင်မလားဆိုတဲ့ မေးခွန်းကိုတော့ ဇီလန်စကီးက ကိစ္စတွေဟာ ထင်သလောက် မရိုးရှင်းကြောင်း၊ ဒါပေမဲ့လည်း ထရမ့်ဟာ ပူတင်ထက် အားကောင်းတယ်လို့တော့ သူယုံကြည်ကြောင်း ဖြေကြားခဲ့ပါတယ်။

အမေရိကန်နဲ့ ယှဉ်ရင် ပူတင်ဟာ ပိုအားနည်းကြောင်း၊ အမေရိကန်ရဲ့ သမ္မတ ဆိုတာဟာ အင်အား၊ လုပ်ပိုင်ခွင့်နဲ့ လက်နက်တွေ ပိုင်ဆိုင်ထားသလို စွမ်းအင် အရင်းအမြစ်တွေရဲ့ တန်ဖိုးကိုလည်း လျှော့ချနိုင်စွမ်းရှိကြောင်း ဇီလန်စကီးက ဆိုပါတယ်။

ထရမ့် ကိုယ်စားပြုတဲ့ ရီပတ်ဘလစ်ကန် ပါတီထဲမှာတော့ အမတ်အများစုက အမေရိကန်ဟာ အခွန်ထမ်း ပြည်သူတွေရဲ့ ငွေကြေးတွေကို အသုံးပြုပြီး ယူကရိန်းကို ငွေကြေးထောက်ပံ့နေတာ ရပ်ဆိုင်းသင့်ပြီလို့ ယူဆနေကြပါတယ်။

လက်ရှိ အနေအထားအရ ရုရှားတပ်တွေဟာ ယူကရိန်း အရှေ့ပိုင်း စစ်မြေပြင်မှာ အသာစီး အခြေအနေ ရနေပြီး သိမ်းပိုက်နယ်မြေတွေကို တဖြည်းဖြည်း ချဲ့ထွင်နေပါတယ်။ အဲဒီထိုးစစ်ကို ဟန့်တားဖို့ အာရုံလွှဲတဲ့ အနေနဲ့ ရုရှားပိုင်နက် ကာ့စ်ခ်ဒေသကို ယူကရိန်းက ထိုးစစ်ဆင်ခဲ့တဲ့ အစီအစဉ်ကလည်း မအောင်မြင်ဘဲ အခုအခါ မြောက်ကိုရီးယား တပ်တွေက ကာ့စ်ခ်မှာ ရုရှားဖက်က ကူညီအားဖြည့် တိုက်ခိုက်လာနေခြင်းနဲ့အတူ ယူကရိန်းက ပြန်လည် ဆုတ်ခွာနေရပြီ ဖြစ်ပါတယ်။

ကိုးကား: Fox

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။