Connect with us

Hi, what are you looking for?

သတင်း

ဖလမ်းမြို့နယ်ရှိ ဆေးရုံကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ဆေးကုသနေသူများအပါအဝင် ၆ဦးထက်မနည်း သေဆုံး

ချင်းညီနောင်အနေဖြင့် ဖလမ်းမြို့နှင့် မင်းတပ်မြို့သိမ်းတိုက်ပွဲကို တပြိုင်တည်း ဆင်နွှဲလျက်ရှိရာ အောင်မြင်မှုများ ရရှိထားကြောင်း ချင်းညီနောင်တာဝန်ရှိသူအချို့က ပြောကြားထားသည်။

(စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ဖလမ်းမြို့နယ် ရမ်ထလိုကျေးရွာမှ ဘုရားကျောင်းအား ၂၀၂၃ ဩဂုတ်က တွေ့ရစဥ်။ ဓာတ်ပုံ - CNDF)
(စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ဖလမ်းမြို့နယ် ရမ်ထလိုကျေးရွာမှ ဘုရားကျောင်းအား ၂၀၂၃ ဩဂုတ်က တွေ့ရစဥ်။ ဓာတ်ပုံ - CNDF)

ဟန်နွေ/People’s Spring

ချင်းပြည်နယ် ဖလမ်းမြို့နယ် လုမ်သဲကျေးရွာရှိ ဆေးရုံကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့၍ ဆေးကုသနေသူများအပါအဝင် ခြောက်ဦးထက်မနည်း သေဆုံးကြောင်း ချင်းသတင်းရင်းမြစ်က ပြောသည်။

နိုဝင်ဘာ ၂၆ရက် နံနက် ၁၁နာရီ နှင့် မွန်းလွဲ ၁နာရီကြားတွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် လုမ်သဲရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးရုံ ဗုံးထိမှန်ပြီး ဒဏ်ရာရ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် သူနာပြုအချို့ ထိခိုက်ခဲ့သည်ဟု ဆိုသည်။

“ ဆေးရုံးကို ဗုံးထိမှန်တယ်။ပေါက်ကွဲပြီး ဆေးရုံမှာ ဒဏ်ရာရသူတွေ CNDF ဖလမ်းမြို့နယ် ဒေသ ကာကွယ်ရေးတပ်ဖွဲ့ပေါ့။ CNDF ငါးယောက်ကျဆုံးတယ်။ ပြီးရင် သူနာပြုတစ်ယောက်လည်း ပါတယ်။ သူနာပြုတစ်ယောက်နဲ့ ပေါင်းမယ်ဆို ၆ယောက်ကျဆုံးတာပေါ့။ ဒဏ်ရာရသူတွေရှိတယ်။” ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) အပါအဝင် ချင်းညီနောင်အဖွဲ့နှင့် မဟာမိတ်များသည် ဖလမ်းမြို့သိမ်းတိုက်ပွဲကို နိုဝင်ဘာ ၉ရက်ကစတင် ဆင်နွှဲလျက်ရှိနေပြီး တိုက်ပွဲများ ငြိမ်သက်နေသည်မှာ ၃ရက်ခန့်ရှိပြီဟု သတင်းရင်းမြစ်က ပြောသည်။

“မြို့သိမ်းစစ်ဆင်ရေးက ရှိတယ်။ ဒါပေမဲ့ နည်းနည်းတော့ ငြိမ်နေတယ်။ သုံးရက်ဆက်တိုက်ငြိမ်နေတယ်။ ဘာတိုက်ပွဲမှ မရှိဘဲ ဒီနေ့မှာ ဖလမ်းမြို့နယ် လုမ်သဲရွာကို ဂျက်တိုက်ခိုက်တာတော့ စိတ်မကောင်းပါဘူး။” ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

လေကြောင်း တိုက်ခိုက်မှုအပါအဝင် စစ်ရေးသတင်းများကို CNDFနှင့် ချင်းညီနောင်က ထုတ်ပြန်ခြင်းမရှိသေးပေ။

ချင်းညီနောင်အနေဖြင့် စစ်ရေးလိုအပ်ချက်အရ စစ်ရေးသတင်းများကို အချိန်နှင့်တပြေးညီထုတ်ပြန်ခြင်းပြုလုပ်မည်မဟုတ်ဟု တာဝန်ရှိသူအချို့က အသိပေးထားသည်။

ချင်းညီနောင်အနေဖြင့် ဖလမ်းမြို့နှင့် မင်းတပ်မြို့သိမ်းတိုက်ပွဲကို တပြိုင်တည်း ဆင်နွှဲလျက်ရှိရာ အောင်မြင်မှုများ ရရှိထားကြောင်း ချင်းညီနောင်တာဝန်ရှိသူအချို့က ပြောကြားထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။