Connect with us

Hi, what are you looking for?

သတင်း

ICCကို မျှမျှတတ၊ အမြော်အမြင်ရှိရှိ လုပ်ဆောင်သင့်တယ်လို့ တရုတ်ဆို

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ICCဟာ တရားမျှတမှု ရှိဖို့ လိုအပ်သလို အမြော်အမြင်ရှိရှိ ချင့်ချိန် ဆောင်ရွက်ဖို့ အတွက်လည်း တာဝန်ရှိတယ်လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်း​ခေါင်း​ဆောင် မင်း​အောင်လှိုင်။ ဓါတ်ပုံ-ရိုက်တာ
အာဏာသိမ်း​ခေါင်း​ဆောင် မင်း​အောင်လှိုင်။ ဓါတ်ပုံ-ရိုက်တာ

People’s Spring

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ စဉ်းစားနေတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC)ဟာ မျှတမှုရှိဖို့၊ အမြော်အမြင်နဲ့ ဆင်ခြင်မှုရှိဖို့ လိုတယ်လို့ တရုတ် အစိုးရက ​ပြောလိုက်ပါတယ်။

ICCရဲ့ တရားလို ရှေ့နေဖြစ်သူ ကာရင်မ် အာဆက် အာမက် ခန်းက ရိုဟင်ဂျာတွေအပေါ် စစ်တပ်ရဲ့ ကြမ်းကြုတ်ရက်စက်တဲ့ လုပ်ရပ်တွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်တဲ့အဆင့်မျိုးလို့ ယုံကြည်တာကြောင့် စစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားခဲ့ကြောင်း နိုဝင်ဘာ ၂၇ ရက်နေ့က ကြေညာခဲ့ပါတယ်။

အဲဒီနောက် နောက်တစ်နေ့ နိုဝင်ဘာ ၂၈ ရက်နေ့မှာ တရုတ်ဖက်က အခုလိုမျိုး ICCအပေါ် ဝေဖန် သတိပေးတဲ့ စကားမျိုး ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ တရုတ်ဟာ အာဏာသိမ်း မြန်မာစစ်ကောင်စီကို ထဲထဲဝင်ဝင် အကူအညီပေး ရပ်တည်နေသလို မကြာသေးခင်ကလည်း မင်းအောင်လှိုင်ကို ယူနန်မှာ အစည်းအဝေးတက်ဖို့ ဖိတ်ခေါ်ထားခဲ့ဖူးပါတယ်။

Public Service Announcement

Public Service Announcement

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ICCဟာ တရားမျှတမှု ရှိဖို့ လိုအပ်သလို အမြော်အမြင်ရှိရှိ ချင့်ချိန် ဆောင်ရွက်ဖို့ အတွက်လည်း တာဝန်ရှိတယ်လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

မင်းအောင်လှိုင်ဟာ တကယ်ပဲ ICCရဲ့ ဖမ်းဝရမ်း ထုတ်ခြင်းကို ခံရရင် ICC အနေနဲ့ အဖွဲ့ဝင် နိုင်ငံတွေရဲ့ ပိုင်နက်ထဲ မင်းအောင်လှိုင် ရောက်ရှိနေတဲ့ ကာလမှာ ကြားဖြတ် ဖမ်းဆီးပေးဖို့ အိမ်ရှင်နိုင်ငံ ရဲတပ်ဖွဲ့ကို အကူအညီ တောင်းခံခွင့် ရှိပါတယ်။ ဒါပေမဲ့ တရုတ်ရော၊ မြန်မာပါ ICCမှာ အဖွဲ့ဝင်အဖြစ် လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတွေ မဟုတ်ပါဘူး။ ဒါကြောင့်လည်း ဖမ်းဝရမ်း အထုတ်ခံရင်တောင် မင်းအောင်လှိုင်ဟာ တရုတ်ပိုင်နက်မှာတော့ လုံခြုံနေမယ့် အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။

ကိုးကား-Reuters

ဆက်စပ်သတင်းများ

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

သတင်း

လုံခြုံရေးတင်းကြပ်တဲ့ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ စိန့်လူးဝစ် (Saint Louis) BTS မှတ်တိုင်အနီး၊ မြန်မာသံရုံးရှေ့ လူကူးကုန်းတံတားပေါ်မှာ “Myanmar is bleeding. No handshakes with a brutal dictator”လို့​ရေးထားတဲ့ စာတန်းပါဘန်နာကို ရန်ကုန်လူထုသပိတ်နှင့်Burmese Exile Movement (BEM)တို့မှ ပူးပေါင်း...

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ကြိုဆိုခဲ့တဲ့ထိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD)ထဲ ဝင်ရောက်ဖို့ အားထုတ်မှုတွေကို ထိခိုက်လာစေနိုင်ကြောင်းထိုင်းရဲ့အဓိကအတိုက်အခံ နိုင်ငံရေး ပါတီက သတိပေးလိုက်ပါတယ်။