Connect with us

Hi, what are you looking for?

သတင်း

တွန်းဇံမြို့နယ်အတွင်း တော်လှန်ရေးအဖွဲ့အချင်းချင်းကြား ပြဿနာအချို့ရှိသော်လည်း နားလည်မှုဖြင့်လုပ်ဆောင်မည်ဟု တွန်းဇံပအဖ ပြော

ချိတ်ပိတ်သည့် နေအိမ်များ၌ CDM ပြုလုပ်ထားသူတို့၏ နေအိမ်အချို့ပါဝင်ခဲ့ကြောင်း တွန်းဇံပအဖ နှင့် CDM ကော်မတီတို့က ထုတ်ပြန်ခဲ့သည်။

(CDF တွန်းဇံမှ ရဲဘေယ်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CDF တွန်းဇံ)
(CDF တွန်းဇံမှ ရဲဘေယ်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CDF တွန်းဇံ)

ဟန်နွေ/People’s Spring

ချင်းပြည်နယ် တွန်းဇံမြို့နယ်တွင် တော်လှန်ရေးအဖွဲ့အချင်းချင်းအကြား ပြဿနာအချို့ရှိနေသော်လည်း ပြည်သူများ တော်လှန်ရေးအပေါ် အထင်မမှားစေရန် နားလည်မှုရှိရှိဖြင့် လုပ်ဆောင် သွားမည်ဟု တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)တာဝန်ရှိသူ ဦးအဲလက်စ်က ပြောသည်။

စစ်တပ်အာဏာသိမ်းစကတည်းက တွန်းဇံ ပအဖကို ဖွဲ့စည်းထားပြီး ချင်းပြည်ကောင်စီ ပူးပေါင်းတပ်များက ယခုနှစ် မေလတွင် တွန်းဇံမြို့ကို သိမ်းပိုက်ပြီးနောက် တွန်းဇံမြို့နယ်ကောင်စီဟူ၍ ဖွဲ့စည်းထားသည်။

အဆိုပါကောင်စီကို တွန်းဇံမြို့နယ်ချင်းဒေသကာကွယ်ရေးတပ်(CDF)က တာဝန်ခံထားပြီး ချင်းပြည်ကောင်စီ၏ ဒေသန္တရအစိုးရ စုဖွဲ့မှု ဖွဲ့စည်းထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

CDF တွန်းဇံနှင့် ချင်းအမျိုးသားတပ်မတော် (CNA)တို့ပါဝင်သည့် ချင်းပြည်ကောင်စီ ပူးပေါင်းတပ်များက မေလတွင် တွန်းဇံမြို့ကို သိမ်းပိုက် ပြီးနောက် CDFတွန်းဇံက စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ဇိုမီးတပ် ZRA အားပေးကူညီသူများ၏ နေအိမ်များကို ချိတ် ပိတ်ကြောင်း ကြေညာခဲ့သည်။

ချိတ်ပိတ်သည့် နေအိမ်များ၌ CDM ပြုလုပ်ထားသူတို့၏ နေအိမ်အချို့ပါဝင်ခဲ့ကြောင်း တွန်းဇံပအဖ နှင့် CDM ကော်မတီတို့က ထုတ်ပြန်ခဲ့သည်။

ထိုသို့ ထုတ်ပြန်မှုများသည် စွပ်စွဲချက်များသာဖြစ်ပြီး လုံး၀ မှားယွင်းကြောင်း CDFတွန်းဇံက အသိပေးထားပြီး ZRA အားပေးကူညီသူများ၏ နေအိမ်ကိုသာ ချိတ်ပိတ်သည်ဟု ဖြေရှင်းခဲ့သည်။ထို့ပြင် တွန်းဇံပအဖနှင့် CDM ကော်မတီကို အတုဟု ထုတ်ပြန်ထားသည်။

တွန်းဇံပအဖ တာဝန်ရှိသူ ဦးအဲလက်စ်က မြေပြင် တွင် ပြဿနာများရှိသော်လည်း တော်လှန်ရေးအပေါ် ပြည်သူများ အမြင်မှား၊ နားလည်မှုမှားမည်စိုး၍ သည်းခံခဲ့ရသည့် အခြေအနေများရှိဟု ပြောသည်။

“မြေပြင်မှာတော့ နားလည်မှု ရှိရှိနဲ့ တဖွဲ့နဲ့ တဖွဲ့ လုပ်ဆောင်နိုင်ဖို့ ကြိုးစားနေတုန်းပါ။တော်လှန်ရေးအဖွဲ့အချင်းချင်းကြား စုံမှတ်တခုထိ မရောက်သေးခင်တော့ရှိပြီးသား အတိုင်းအတာအတိုင်း တဖွဲ့နဲ့တဖွဲ့ အသိမှတ်ပြုကြဖို့နဲ့ နားလည်မှုရှိဖို့ က ကျနော်တို့ရဲ့ ရပ်တည်ချက်ပါ”ဟု တွန်းဇံ ပအဖ တာဝန်ရှိသူက ပြောသည်။

CDF တွန်းဇံသည် တွန်းဇံမြို့နယ်ကောင်စီကို တာဝန်ခံသော ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ဖြစ်ကြောင်း၊ တွန်းဇံမြို့နယ်ကောင်စီသည် ချင်းပြည်ကောင်စီကို တာဝန်ခံသော ဒေသန္တရအစိုးရ တစ်ခုဖြစ်ပြီး CDFတွန်းဇံတပ်ဖွဲ့သည် တွန်းဇံမြို့နယ်ကောင်စီ၏ ကွပ်ကဲအုပ်ချုပ်မှုအောက်တွင်ရှိကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃)က တပ်သားသစ် ခေါ်ယူကြောင်း ဒီကနေ့ ဇူလိုင် ၂၃ရက်မှာ ထုတ်ပြန်ခဲ့ပြီး တပ်သားသစ်အဖြစ် ပါဝင်လိုသူတွေ အတွက် သတ်မှတ်ချက်တွေ ဖော်ပြထားပါတယ်။

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။