Connect with us

Hi, what are you looking for?

သတင်း

တွန်းဇံမြို့နယ်တွင် သန်း​ခေါင်စာရင်း​ကောက်သူတစ်ဦးကိုPDF Zoland ဖမ်းဆီး

စစ်ကောင်စီ၏ အိမ်ထောင်စုစာရင်း ကောက်ခံခြင်းလုပ်ငန်းတွင် တက်ကြွပါဝင်သူတစ်ဦးအား ဖမ်းဆီးထိန်းသိမ်းထားကြောင်း PDF Zoland က သတင်းထုတ်ပြန်သည်။

စစ်​ကောင်စီအတွက် သန်း​ခေါင်စာရင်း​ကောက်သူကို PDF Zolandက ဖမ်းဆီးထားစဥ်။ ဓါတ်ပုံ-PDF Zoland

လူအေး/ People’s Spring

စစ်ကောင်စီ၏ အိမ်ထောင်စုစာရင်း ကောက်ခံခြင်းလုပ်ငန်းတွင် တက်ကြွပါဝင်သူတစ်ဦးအား ဖမ်းဆီးထိန်းသိမ်းထားကြောင်း PDF Zoland က သတင်းထုတ်ပြန်သည်။

ချင်းပြည်နယ် တွန်းဇံမြို့နယ်၌ စစ်ကောင်စီနှင့်အတူ သန်းခေါင်စာရင်းကောက်နေသည့် U Kam Lian Thangအား PDF Zoland မှ ထိန်းသိမ်းလိုက်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

PDF Zoland နှင့်.ချင်းညီ​နောင်( Chin Brotherhood) တို့၏ ထုတ်ပြန်တားမြစ်ချက်များကို မလေးစား မလိုက်နာဘဲ စစ်‌ကောင်စီ နှင့် ပူးပေါင်းဆောင်ရွက်နေ၍ ဖမ်းဆီးခြင်းဖြစ်ပြီး အခြား ပါဝင်လှုပ်ရှားသူများရှိလာပါက အလားတူ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

စစ်ကောင်စီ၏ အိမ်ထောင်စုစာရင်း ကောက်ခံခြင်းလုပ်ငန်းတွင် မပါဝင်ရန်နှင့် ပါဝင်သူများကိူ အရေးယူမည်ဟု PDF Zolandနှင့် Chin Brotherhood တို့က ထုတ်ပြန်ထားသည်။

ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – ဟားခါး(CDF-Hakha) ကလည်းဟားခါးမြို့နယ်တွင် သန်းခေါင်စာရင်းကောက်မည့် Non CDM များကို စစ်ကောင်စီတပ်ဖွဲ့အဖြစ်သတ်မှတ်ပြီး ပစ်မှတ်ထားတိုက်ခိုက်သွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၂၃ရက် နေ့တွင် ထုတ်ပြန်ထားသည်။

စစ်​ကောင်စီက ​အောက်တိုဘာ ၁ ရင်မှ ၁၅ ရက်အတွင်းသန်း​ခေါင်စာရင်း​ကောက်ယူမည်​ကြေညာပြီး ​ဒေသအချို့တွင် ​အောက်တိုဘာ ၁ ရက်မတိုင်ခင်ကတည်းကစတင်​ကောက်ခံ​နေသည်။​စစ်​ကောင်စီ သန်း​ခေါင်စာရင်းမှာ​တော်လှန်​ရေးအင်အားစုများ ၊ပြည်သူများ၏ အချက်အလက်များကိုစစ်​ကောင်စီကရလိုသဖြင့် အ​ကြောင်းပြစာရင်း​ကောက်ခံမှုဖြစ်၍ ပြည်သူများကမပူး​ပေါင်းဘဲ ဆန့်ကျင်ကြရန် ​တော်လှန်​ရေးအင်အားစုများကတိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တွန်းဇံမြို့ကို အာဏာသိမ်းစစ်တပ်က ပြန်လည်ထိန်းချုပ်ထားပေမယ့် စစ်ရှောင်နေသူအများစု မြို့ကို မပြန်သေးကြောင်း တွန်းဇံဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ် တွန်းဇံမြို့ကို စစ်တပ်နဲ့ စစ်တပ် လက်အောက်ခံ ဇိုမီးတပ် ZRA ပူးပေါင်းအဖွဲ့က မေလ ၁၉ရက်မှာ ပြန်ထိန်းချုပ်ခဲ့ပါတယ်။

သတင်း

“ZRA လက်နက်ခဲယမ်း သိမ်းဆည်းရမိတဲ့အထဲမှာအိန္ဒိယနိုင်ငံသားကတ်အထောက်အထားတွေပါတာပေါ့။ အဲဒါက နည်းနည်းတော့ အံ့ဩစရာဖြစ်တာပေါ့” — သတင်းရင်းမြစ်တဦး ■တီးတိန်မြို့နယ်အတွင်း၌တိုက်ပွဲဆက်ဖြစ်​နေ ဇွန်-၁၁၊ ၂၀၂၅။ ထားမြတ်/People’s Spring ချင်းပြည်နယ် တွန်းဇံမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ဇိုမီးတပ်(ZRA)၏ တပ်စခန်းတစ်ခုကို ချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံ ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ZRA တပ်ဘက်ကသေဆုံးထိခိုက်မှုရှိခဲ့ပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ဟု...

သတင်း

ရန်ကုန်မြို့ ၊ဒေါပုံမြို့နယ် ကြည်စုရပ်ကွက်တွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက် သန်ခေါင်စာရင်း လိုက်လံကောက်ယူသည့် ရာအိမ်မှူး အပါအဝင် သုံးဦးကို အိမ်ရှင်အမျိုးသားက ဓာတ်ဆီနှင့်ပက်၍ မီးရှို့တိုက်ခိုက်မှု ယမန်နေ့ (ဖေဖော်ဝါရီ ၁၂)က ဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။