Connect with us

Hi, what are you looking for?

သတင်း

သူပုန်တပ်တွေ ထိန်းချုပ်ထားရာ အေလက်ပိုမှာ ဆီးရီးယားနဲ့ ရုရှားက လေကြောင်းတိုက်ခိုက်၊ လူနှစ်ဒါဇင်ကျော်သေဆုံး

ဆီးရီးယားရဲ့ ဒုတိယ အကြီးဆုံးမြို့ဖြစ်တဲ့ အေလက်ပိုကို သူပုန်တပ်တွေ သိမ်းပိုက်လိုက်တဲ့နောက် ဆီးရီးယားနဲ့ မဟာမိတ် ရုရှားတို့က ပြင်းထန်တဲ့ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ တုံ့ပြန်ခဲ့ပြီး အရပ်သား အများစု အပါအဝင် အနည်းဆုံး လူ ၂ ဒါဇင်လောက် သေဆုံးခဲ့ပါတယ်။

ဆီးရီးယားရဲ့ ဒုတိယ အကြီးဆုံးမြို့ဖြစ်တဲ့ အေလက်ပိုကို သူပုန်တပ်တွေ သိမ်းပိုက်လိုက်တဲ့နောက် ဆီးရီးယားနဲ့ မဟာမိတ် ရုရှားတို့က ပြင်းထန်တဲ့ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ တုံ့ပြန်ခဲ့ပြီး အရပ်သား အများစု အပါအဝင် အနည်းဆုံး လူ ၂ ဒါဇင်လောက် သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အစ္စလာမ်မစ် ဂျီဟတ်ဝါဒီ ဟာယတ် တာဟ်ရာ အယ်လ်ရှမ် (HTS) ဦးဆောင်တဲ့ မဟာမိတ် သူပုန် အဖွဲ့တွေဟာ အေလက်ပိုမြို့ကို အင်အား အလုံးအရင်းနဲ့ စီးနင်းတိုက်ခိုက်ပြီး နိုင်ငံတကာ လေဆိပ် အပါအဝင် တစ်မြို့လုံးနီးပါးကို သိမ်းယူနိုင်ခဲ့ပါတယ်။ နောက်ပြီး အေလက်ပို အနီးတဝိုက် မြို့ငယ်တချို့ကိုလည်း HTSနဲ့ မဟာမိတ်တွေက ထိန်းချုပ်ထားလိုက်ပါတယ်။

စစ်တပ်ဟာ ထင်မှတ်မထားတဲ့ ထိုးစစ်မှာ အငိုက်မိခဲ့တဲ့နောက် ဆီးရီးယား စစ်တပ်ဟာ အေလက်ပိုကနေ ဆုတ်ခွာပေးထားခဲ့ရကြောင်း အတည်ပြု ဝန်ခံပါတယ်။ ဒီဇင်ဘာ ၁ ရက်နေ့မှာတော့ ဆီးရီးယားနဲ့ ရုရှား တိုက်လေယာဉ်တွေက အေလက်ပိုမှာ ရှိနေတဲ့ သူပုန်တပ်တွေ ထိန်းချုပ်ရာ စစ်ရေးပစ်မှတ်တွေရော၊ အရပ်ဖက် ဧရိယာတွေကိုပါ ဗုံးကြဲခဲ့တာ ဖြစ်ပါတယ်။ အဲဒီ လေကြောင်းတိုက်ခိုက်မှုတွေဟာ အေလက်ပိုမှာတင် မကဘဲ အစ်ဒ်လစ်ဘ် မြို့ထဲမှာပါ ဖြစ်ပွားခဲ့တယ်လို့ HTSဖက်က ပြောပါတယ်။

လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ကလေး ၁၀ ဦး၊ အမျိုးသမီး ၄ ဦးတို့ အပါအဝင် စုစုပေါင်း ၂၅ ဦး သေဆုံးခဲ့တယ်လို့ ဆီးရီးယား လူမှုကယ်ဆယ်ရေးအဖွဲ့ White Helmatsက ထုတ်ပြန်ခဲ့ပါတယ်။ အေလက်ပိုမှာ စစ်ပွဲတွေ စတင်ခဲ့တဲ့ ၄ ရက်တာအတွင်း သေဆုံးသူ ဦးရေကတော့ ကလေး ၂၀ ဝန်းကျင် အပါအဝင် ၅၆ ဦးထိ ရှိခဲ့ကြောင်းလည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

HTSဟာ အမေရိကန်က အကြမ်းဖက် အဖွဲ့အစည်း အနေနဲ့ စာရင်းသွင်း သတ်မှတ်ခံထားရတဲ့ လက်နက်ကိုင် အင်အားစု ဖြစ်ပေမယ့်လည်း ဆီးရီးယားကတော့ သူပုန်တပ်တွေရဲ့ လက်ရှိ ထိုးစစ်ကို နောက်ကွယ်ကနေ အမေရိကန်က ပံ့ပိုးပေးနေကြောင်း စွပ်စွဲထားပါတယ်။

စစ်ရေးပဋိပက္ခတွေ စတင်လာပြီးတဲ့နောက် ၄ ရက်တာအတွင်း ဒဏ်ရာရသူ အရေအတွက်ကလည်း ၂၆၀ ကျော်လွန်ခဲ့ကြောင်း White Helmatsက ဆိုပါတယ်။ အဲဒီထဲမှာ ကလေးဦးရေ ၁၀၀ ဝန်းကျင် ပါဝင်ခဲ့ပါတယ်။

၂၀၁၁ ခုနှစ်က စတင်ခဲ့တဲ့ ဆီးရီးယား ပြည်တွင်းစစ်မှာ သမ္မတ ဘာရှာအယ်လ် အာဆတ် ဦးဆောင်တဲ့ အစိုးရ တပ်တွေက အသာရခဲ့ပြီး တစ်နိုင်ငံလုံးနီးပါးကို ပြန်လည် ထိန်းချုပ်ထားနိုင်ခဲ့ရာကနေ အခုအခါ အေလက်ပိုကို ရုတ်တရက် ဆုံးရှုံးလိုက်ရတာ ဖြစ်ပါတယ်။ ဆီးရီးယား အစိုးရဟာ ပြည်တွင်းစစ် အစပိုင်းမှာလည်း အေလက်ပိုကို လက်လွှတ်ခဲ့ရဖူးပေမယ့် ၂၀၁၆ ခုနှစ်မှာ တစ်မြို့လုံးကို အပြည့်အဝန် ပြန်ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ဆီးရီးယား စစ်ပွဲအတွင်း ပြင်းထန်တဲ့ ပဋိပက္ခတွေကြောင့် လူ ၃ သိန်းခွဲလောက် သေဆုံးခဲ့ပြီး ၁၄ သန်းကျော် နေရပ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ရကြောင်း သိရှိရပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။