Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြေထဲပင်လယ်မှာ ဟိုက်ပါဆောနစ် ဒုံးကျည်တွေ ရုရှား စမ်းသပ်ပစ်ခတ်

မြေထဲပင်လယ်ထဲမှာ ရုရှားစစ်တပ်က နည်းပညာမြင့် ဟိုက်ပါဆောနစ် ဒုံးကျည်တွေကို စမ်းသပ် ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

မြေထဲပင်လယ်ထဲမှာ ရုရှားစစ်တပ်က နည်းပညာမြင့် ဟိုက်ပါဆောနစ် ဒုံးကျည်တွေကို စမ်းသပ် ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

အခုသီတင်းပတ် အစောပိုင်းက မြေထဲပင်လယ် အရှေ့ပိုင်းမှာ ရုရှားလေတပ်နဲ့ ရေတပ်တို့ ပူးပေါင်းပြီး စစ်ရေးလေ့ကျင့်ချိန်မှာ အဲဒီ ဒုံးကျည်တွေ ပစ်ခတ်ခဲ့တာပါ။ မဟာမိတ် ဆီးရီးယား အစိုးရက နိုင်ငံရဲ့ ဒုတိယ အကြီးဆုံးမြို့ဖြစ်တဲ့ အေလက်ပိုကို လက်နက်ကိုင် ဆန့်ကျင်ရေး အင်အားစုတွေ သိမ်းပိုက်လိုက်တဲ့ ခါးသီးတဲ့ အခြေအနေ ကြုံတွေ့နေချိန်မှာ ရုရှားက မြေထဲပင်လယ်ထဲ စစ်ရေးလေ့ကျင့်ခဲ့တာ ဖြစ်ပါတယ်။

ရုရှားဟာ ၂၀၁၁ ခုနှစ်၊ ဆီးရီးယား ပြည်တွင်းစစ် စတင်ချိန် ကတည်းက သမ္မတ ဘာရှာအယ်လ် အာဆတ်ရဲ့ အဓိက အမာခံ မဟာမိတ်အဖြစ် ရပ်တည်ပေးနေခဲ့တာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၃ ရက်နေ့တုန်းက ရုရှားလေတပ်နဲ့ ရေတပ် ပူးပေါင်း စစ်ရေးလေ့ကျင့်ကြရာမှာ ပင်လယ်ပြင် အခြေစိုက် ဒုံးကျည်တွေကို မြေထဲပင်လယ် အရှေ့ပိုင်းမှာ စမ်းသပ်ပစ်ခတ်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားစစ်သင်္ဘောတွေ စမ်းသပ်ခဲ့တာဟာ Zirkonနဲ့ Kalibr ဒုံးကျည်တွေဖြစ်တယ်လို့လည်း ဝန်ကြီးဌာနက ဆိုပါတယ်။ ဒါ့အပြင် မြေထဲပင်လယ်ထဲက ကြိုတင်သတ်မှတ်ထားတဲ့ ပစ်မှတ်ဆီ Onyx ဒုံးကျည်နဲ့လည်း စမ်းသပ် ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။

Zircon ဒုံးကျည်တွေဟာ အသံထက် အနည်းဆုံး ၈ ဆလောက် ပိုမြန်တယ်လို့ ယူဆရပြီး ရေငုပ်သင်္ဘောတွေ၊ စစ်သင်္ဘောတွေအပြင် ကုန်းမြေ အခြေစိုက်ပြီးပါ ပစ်ခတ်နိုင်ပါတယ်။

ရုရှားဟာ ဆီးရီးယားရဲ့ တားတက်စ်ဒေသမှာ ရေတပ်စခန်းတစ်ခု အခြေစိုက် ဖွင့်လှစ်ထားပေမယ့်လည်း အခုစစ်ရေးလေ့ကျင့်မှုနဲ့ အဲဒီရေတပ် ဆက်စပ်သလား ဆိုတာကိုတော့ တိတိကျကျ မပြောပါဘူး။ စစ်ရေးလေ့ကျင့်မှုမှာ ရေယာဉ် ၁၀ စီး၊ လေယာဉ် ၂၄ စီးနဲ့ တပ်ဖွဲ့ဝင် ၁၀၀၀ လောက် ပါဝင်ခဲ့တယ်လို့တော့ ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာထားပါတယ်။

ကိုးကား: Express

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။