Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြေထဲပင်လယ်မှာ ဟိုက်ပါဆောနစ် ဒုံးကျည်တွေ ရုရှား စမ်းသပ်ပစ်ခတ်

မြေထဲပင်လယ်ထဲမှာ ရုရှားစစ်တပ်က နည်းပညာမြင့် ဟိုက်ပါဆောနစ် ဒုံးကျည်တွေကို စမ်းသပ် ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

မြေထဲပင်လယ်ထဲမှာ ရုရှားစစ်တပ်က နည်းပညာမြင့် ဟိုက်ပါဆောနစ် ဒုံးကျည်တွေကို စမ်းသပ် ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

အခုသီတင်းပတ် အစောပိုင်းက မြေထဲပင်လယ် အရှေ့ပိုင်းမှာ ရုရှားလေတပ်နဲ့ ရေတပ်တို့ ပူးပေါင်းပြီး စစ်ရေးလေ့ကျင့်ချိန်မှာ အဲဒီ ဒုံးကျည်တွေ ပစ်ခတ်ခဲ့တာပါ။ မဟာမိတ် ဆီးရီးယား အစိုးရက နိုင်ငံရဲ့ ဒုတိယ အကြီးဆုံးမြို့ဖြစ်တဲ့ အေလက်ပိုကို လက်နက်ကိုင် ဆန့်ကျင်ရေး အင်အားစုတွေ သိမ်းပိုက်လိုက်တဲ့ ခါးသီးတဲ့ အခြေအနေ ကြုံတွေ့နေချိန်မှာ ရုရှားက မြေထဲပင်လယ်ထဲ စစ်ရေးလေ့ကျင့်ခဲ့တာ ဖြစ်ပါတယ်။

ရုရှားဟာ ၂၀၁၁ ခုနှစ်၊ ဆီးရီးယား ပြည်တွင်းစစ် စတင်ချိန် ကတည်းက သမ္မတ ဘာရှာအယ်လ် အာဆတ်ရဲ့ အဓိက အမာခံ မဟာမိတ်အဖြစ် ရပ်တည်ပေးနေခဲ့တာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၃ ရက်နေ့တုန်းက ရုရှားလေတပ်နဲ့ ရေတပ် ပူးပေါင်း စစ်ရေးလေ့ကျင့်ကြရာမှာ ပင်လယ်ပြင် အခြေစိုက် ဒုံးကျည်တွေကို မြေထဲပင်လယ် အရှေ့ပိုင်းမှာ စမ်းသပ်ပစ်ခတ်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားစစ်သင်္ဘောတွေ စမ်းသပ်ခဲ့တာဟာ Zirkonနဲ့ Kalibr ဒုံးကျည်တွေဖြစ်တယ်လို့လည်း ဝန်ကြီးဌာနက ဆိုပါတယ်။ ဒါ့အပြင် မြေထဲပင်လယ်ထဲက ကြိုတင်သတ်မှတ်ထားတဲ့ ပစ်မှတ်ဆီ Onyx ဒုံးကျည်နဲ့လည်း စမ်းသပ် ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။

Zircon ဒုံးကျည်တွေဟာ အသံထက် အနည်းဆုံး ၈ ဆလောက် ပိုမြန်တယ်လို့ ယူဆရပြီး ရေငုပ်သင်္ဘောတွေ၊ စစ်သင်္ဘောတွေအပြင် ကုန်းမြေ အခြေစိုက်ပြီးပါ ပစ်ခတ်နိုင်ပါတယ်။

ရုရှားဟာ ဆီးရီးယားရဲ့ တားတက်စ်ဒေသမှာ ရေတပ်စခန်းတစ်ခု အခြေစိုက် ဖွင့်လှစ်ထားပေမယ့်လည်း အခုစစ်ရေးလေ့ကျင့်မှုနဲ့ အဲဒီရေတပ် ဆက်စပ်သလား ဆိုတာကိုတော့ တိတိကျကျ မပြောပါဘူး။ စစ်ရေးလေ့ကျင့်မှုမှာ ရေယာဉ် ၁၀ စီး၊ လေယာဉ် ၂၄ စီးနဲ့ တပ်ဖွဲ့ဝင် ၁၀၀၀ လောက် ပါဝင်ခဲ့တယ်လို့တော့ ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာထားပါတယ်။

ကိုးကား: Express

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကို လူသားချင်းစာနာ​ထောက်ထားသူ (humanitarian) တစ်ဦးလို့ ချီးကျူး ပြောဆိုခဲ့တဲ့ အမေရိကန် အစိုးရ ကိုယ်စားလှယ်ဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီ ပထမဆုံးအသုတ် ဒီဇယ်ဆီတွေကို အောက်တိုဘာ ၂၂ ရက်နေ့မှာ တင်ပို့သွားမယ်လို့ ရုရှား အစိုးရက ပြောပါတယ်။

နိုင်ငံတကာ

ရုရှားအပေါ် အရေးယူ ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးလိုက်တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဝေဖန်လိုက်ပါတယ်။

နိုင်ငံတကာ

ယူကရိန်းနိုင်ငံ အလယ်ပိုင်းက အခြေခံ အဆောက်အအုံတွေကို ရုရှားက ဒရုန်းတွေ အများအပြားနဲ့ တိုက်ခိုက်ခဲ့တဲ့နောက် ရုရှားရဲ့ ရေနံချက် စက်ရုံတွေကို တိုက်ခိုက်မှု ပြန်စမယ်လို့ ယူကရိန်းက ပြောပါတယ်။ ကမ္ဘာ့လောင်စာဆီ စျေးကွက်မှာ အကျပ်အတည်းတွေ ဖြစ်ပေါ်နေချိန် ရုရှားနဲ့ ယူကရိန်းကြား စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို မတိုက်ခိုက်ကြဖို့...