Connect with us

Hi, what are you looking for?

သတင်း

DKBA ထိပ်ပိုင်း နေရာ အချို့ အပြောင်းအလဲ ပြုလုပ်

DKBA ရဲ့ စစ်ဦးစီးအရာရှိချုပ် ဖြစ်လာသူ ဗိုလ်ချုပ်စောဆန်းအောင်ဟာ ယခင်စစ်အစိုးရ လက်ထက် ကကျင်းပတဲ့ ၂၀၁၀ ရွေးကောက်ပွဲ ကာလအတွင်း မြဝတီ မှာ စစ်ကောင်စီတပ်နဲ့ဖြစ်ပွားတဲ့တိုက်ပွဲတွေကို ဦးဆောင်တိုက်ခိုက်ခဲ့သူ ဖြစ်ပါတယ်။

DKBA ထိပ်ပိုင်း နေရာ အချို့ အပြောင်းအလဲ ပြုလုပ်
DKBA ထိပ်ပိုင်း နေရာ အချို့ အပြောင်းအလဲ ပြုလုပ်

နိုင်ပကောင်း/People’s Spring

ကရင့်လက်နက်ကိုင်အဖွဲ့ အစည်းတစ်ခုဖြစ်တဲ့ ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော် (DKBA) က ဒုတိယစစ်ဦးချုပ်ရာထူးအပါအဝင် ထိပ်ပိုင်းရာထူးနေရာ အချို့ ကို အပြောင်းအလဲ ပြုလုပ်လိုက်တယ်လို့ ဒီဇင်ဘာလ ၃ ရက်က ကြေညာပါတယ်။

တပ်ဖွဲ့ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ ဗဟိုစစ်ကွပ်ကဲရေးမှုး ဗိုလ်မှုးချုပ် စောရွှေဝ ၊ ဗဟို အခြေချ စစ်ဗျုဟာမှုး ဗိုလ်မှုးကြီးစောဆန်းအောင် ၊ ဒုစစ်ဦးစီးချုပ် ဒု ဗိုလ်ချုပ်ကြီး စောတာ့ခူးတို့ ကို ရာထူးအပြောင်းအလဲပြုလုပ်တာလို့ သိရပါတယ်။

ဗဟိုစစ်ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်စောရွှေဝကို ဒုဗိုလ်ချုပ်ကြီးအဆင့်ဖြင့် ဒုစစ်ဦးစီးချုပ်၊ ဗဟိုအခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစောဆန်းအောင်ကို ဗိုလ်ချုပ်အဆင့်ဖြင့် စစ်ဦးစီးအရာရှိချုပ်၊ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောတာ့ခူးကို DKBA ဗဟိုအကြံပေးအဖွဲ့ (နာယက)အဖြစ် တာဝန်ထမ်းဆောင်ဖို့ တာဝန်ပေးလိုက်တာပါ။

Public Service Announcement

Public Service Announcement

DKBA ထိပ်ပိုင်း နေရာ အချို့ အပြောင်းအလဲ ပြုလုပ်
DKBA ထိပ်ပိုင်း နေရာ အချို့ အပြောင်းအလဲ ပြုလုပ်

အခုလို ထိပ်ပိုင်းနေရာတွေကို အပြောင်းအလဲ ပြုလုပ်တာက ဒုချုပ် ဖြစ်သူ ဒုဗိုလ်ချုပ်ကြီး စောတာ့ခူး ကျန်းမာရေးအရ အဖွဲ့အစည်း တာဝန်တွေကို ထိထိရောက်ရောက်မလုပ်ဆောင်နိုင်တာကြောင့် ဖြစ်တယ်လို့ DKBA တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စောစိန်ဝင်းကပြောပါတယ်။

“နဂိုဒုချုပ်ကတော့ ကျန်းမာရေးကတော့ အဖွဲ့အစည်းရဲ့အလုပ်တွေကို ထိထိရောက်ရောက်မလုပ်နိုင်ဘူးပေါ့လေ ၊အလားတူ ဦးစီးချုပ်ကလည်း အသက်အရွယ် လူငယ်တစ်ယောက်လို မသွားလာနိုင်တဲ့အခါကျတော့ အဲ့ဒီနားမှာ ဒုချုပ်ကို အစားထိုးအလဲအလှယ်လုပ်တဲ့သဘောပေါ့ ၊ တပ်ဖွဲ့ရဲ့ ဦးဆောင်မှုအခန်းကဏ္ဍ နည်းနည်းအားကောင်းလာအောင်ပေါ့” လို့ ဗိုလ်မှုးကြီးစောစိန်ဝင်းက ပြောပါတယ်။

DKBA ရဲ့ စစ်ဦးစီးအရာရှိချုပ် ဖြစ်လာသူ ဗိုလ်ချုပ်စောဆန်းအောင်ဟာ ယခင်စစ်အစိုးရ လက်ထက် ကကျင်းပတဲ့ ၂၀၁၀ ရွေးကောက်ပွဲ ကာလအတွင်း မြဝတီ မှာ စစ်ကောင်စီတပ်နဲ့ဖြစ်ပွားတဲ့တိုက်ပွဲတွေကို ဦးဆောင်တိုက်ခိုက်ခဲ့သူ ဖြစ်ပါတယ်။

“ဆန်းအောင်ကလည်း သူက SAC (စစ်ကောင်စီ)နဲ့သော်လည်းကောင်း ၊သက်ဆိုင်ရာတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့သော်လည်းကောင်း ၊ကရင်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့နဲ့သော်လည်းကောင်း အကုန်လုံး သဟဇာတ ဆက်ဆံတတ်တယ်လေ” လို့ DKBA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောစိန်ဝင်းက ဆိုပါတယ်။

လက်ရှိ DKBA တပ်ဖွဲ့ရဲ့ ရပ်တည်ချက်ကတော့ မည်သူနဲ့မျှ ရန်သူမဖြစ်ရေးမူနဲ့ အဖွဲ့အစည်းအားလုံးနဲ့ သဟဇာတ ဖြစ်အောင် ဆက်ဆံ ရပ်တည်သွားမယ်လို့ ဗိုလ်မှုးကြီးစောစိန်ဝင်က ပြောပါတယ်။

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် ဒေါနတောင်အရှေ့ဘက်ခြမ်း ထိုင်းနယ်စပ် ဝေါ်လေမြို့အနီး ဆုံဆည်းမြိုင်ကျေးရွာမှာ ဗဟိုဌာနချုပ်တည်ရှိတဲ့ DKBA တပ်ဖွဲ့ဟာ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခဲ့တဲ့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် မှာ စစ်တပ်က တကျော့ပြန်အာဏာသိမ်းပြီးနောက် DKBA ဟာ စစ်ကောင်စီနဲ့ နေပြည်တော် မှာ တွေ့ဆုံဆွေးနွေးတာတွေ ပြုလုပ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်က အာရှလမ်းပိုင်းတိုက်ပွဲနဲ့ ကော့ကရိတ်မြို့တိုက်ပွဲတွေမှာ ဦးဆောင်ကွပ်ကဲခဲ့ပြီး တောင်ပိုင်းတိုင်းအမှတ်(၃၁)ဗျူဟာမှူးအဖြစ် တာဝန်ယူခဲ့သူ ဗိုလ်မှူးချုပ် စောကျော်သက်ဟာ အင်အား ၃၅၀ခန့်နဲ့အတူ စစ်တပ်နဲ့ အပစ်ရပ်ထားတဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)နဲ့ ပြန်ပူးပေါင်းသွားပါတယ်။

သတင်း

ဥရောပ သမဂ္ဂ (EU)က ဒီမိုကရေစီအကျိုးပြုကရင်တပ်မ​တော်(DKBA) နဲ့ ​ခေါင်း​ဆောင်ငါးဦး အပါအဝင် အရှေ့တောင်အာရှ ဒေသတွင်းက အဖွဲ့အစည်း ၃ ခုနဲ့ လူပုဂ္ဂိုလ် ၇ ဦးတို့ကို အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)နဲ့ ဆက်စပ်တဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက်ပိတ်ဆို့အရေးယူလိုက်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။