Connect with us

Hi, what are you looking for?

သတင်း

တံတားဦးနှင့် မြစ်သားတွင် စစ်ကောင်စီက စစ်မှုထမ်းရန်ပေါ်တာဆွဲ ဖမ်းဆီးနေ

ပြီးခဲ့တဲ့စက်တင်ဘာကလည်း တံတားဦးမြို့နယ်၌ တစ်လအတွင်း လူငယ်အမျိုးသားများ ရာနှင့်ချီပေါ်တာဆွဲဖမ်းဆီးခံခဲ့ရသည်ဟု သတင်းရရှိသည်။

(စစ်မှုထမ်းရန် စုဆောင်းခံရသူများအား အောက်တိုဘာလအတွင်းက တွေ့ရစဥ်။ဓာတ်ပုံ − စကစ)
(စစ်မှုထမ်းရန် စုဆောင်းခံရသူများအား အောက်တိုဘာလအတွင်းက တွေ့ရစဥ်။ဓာတ်ပုံ − စကစ)

အိမ်သွင်၊ရှိန်း/People’s Spring

မန္တလေးတိုင်း၊ တံတားဦးနှင့် မြစ်သားမြို့နယ်တွင် စစ်ကောင်စီက စစ်မှုထမ်းရန်ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်နေ၍ ဂရုစိုက်သွားလာနေရကြောင်း ဒေသခံပြည်သူများက ပြောသည်။

တံတားဦးမြို့အနီး လေဆိပ်တံတားနှင့် ပန်းယျကျေးရွာအနီးရှိ အဝိုင်းပတ်နေရာများ၌ ယနေ့(ဒီဇင်ဘာ ၇ရက်)တွင် စစ်ကောင်စီတပ်က စစ်မှုထမ်းရန် ပေါ်တာဆွဲဖမ်းဆီးနေသည်ဟု ဒေသခံများက ပြောသည်

ဒီဇင်ဘာ ၆ရက်ကတည်းက စစ်မှုထမ်းရန် ပေါ်တာဆွဲမည့်သတင်းများ တံတားဦးမြို့နယ်၌ ပြန့်နှံ့ခဲ့ပြီး ယနေ့ နံနက်ပိုင်းက ပန်းယျကျေးရွာအနီးတွင် ပေါ်တာဆွဲခဲ့ခြင်းဟု ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“ပန်းယျက တော်တော်ပါသွားတယ်တဲ့။သူတို့က လိုသလောက်မပြည့်မချင်းဆွဲနေမှာ”ဟု တံတားဦးဒေသခံတစ်ဦးက ပြောသည်။

ယနေ့ ညနေပိုင်း ၄နာရီအချိန်ကစတင်ကာ အဆိုပါနေရာများ၌ ပေါ်တာဆွဲရန် စစ်ကောင်စီ၏ ထွေအုပ်ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့ရောက်နေသည်ဟု ဒေသခံများက ပြောသည်။

“ည ၇နာရီလောက်အထိ ဆွဲတာ။ညနေဘက်ဆို မန္တလေးကနေ အလုပ်ပြန်လာတဲ့သူတွေ ပစ်မှတ်ပဲ”လို့ ဒေသခံအခြားတစ်ဦးက ပြောသည်။

တံတားဦးမြို့နယ်တွင် စစ်မှုထမ်းဥပဒေ အပတ်စဥ်(၁)စတင်စဥ်က မဲနှိုက်လူရွေးချယ်မှုတွင်ပါသွားသူတစ်ဦးမှာ မတ္တရာမြို့နယ်တိုက်ပွဲအတွင်း သေဆုံးသွား၍ နောက်ထပ် စစ်မှုထမ်းရန်ခေါ်ဆောင်တော့မရ၍ စစ်ကောင်စီက ပေါ်တာဆွဲဖမ်းဆီးနေခြင်းဟု ဒေသခံများက ဆိုသည်။

ပြီးခဲ့တဲ့စက်တင်ဘာကလည်း တံတားဦးမြို့နယ်၌ တစ်လအတွင်း လူငယ်အမျိုးသားများ ရာနှင့်ချီပေါ်တာဆွဲဖမ်းဆီးခံခဲ့ရသည်ဟု သတင်းရရှိသည်။

ထို့အပြင် မြစ်သားမြို့ရှိ ပွဲရုံအချို့နှင့် မြို့အနီး ငှက်ပျောခြံအချို့မှ အလုပ်သမား ၃၀ခန့်ကိုလည်း စစ်ကောင်စီတပ်က ဒီဇင်ဘာ ၅ရက်တွင် လာရောက်ဖမ်းဆီးသွားသည်ဟု လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

” စစ်တပ်က စစ်ကားနဲ့ လိုက်ဆွဲတာ။ အယောက် ၃၀ ပါသွားတယ်။ မန္တလေးနန်းတွင်းထဲကို ခေါ်သွားတယ်လို့ သိရတယ်။ စစ်သင်တန်းပေးနေပြီလို့လည်း ကြားတယ်”ဟု မြစ်သားမြို့ခံတစ်ဦးက ပြောသည်။

မြစ်သားမြို့နယ်တွင် ဖမ်းဆီးခံရသူ ၃၀ဦးနှင့်ပတ်သက်၍ နောက်ဆက်တွဲသတင်း မကြားရသေးပေ။ မိသားစုဝင်များသည် လိုက်လံစုံစမ်းကြသော်လည်း ယနေ့အထိ အဆက်အသွယ်မရသေးကြောင်း ဖမ်းဆီးခံရသူများ၏မိသားစုဝင်များအား ကူညီပေးနေသူတစ်ဦးက ပြောသည်။

” ပေါ်တာစွဲတာတွေဆိုးနေလို့ ည၇နာရီဆို မြို့က တိတ်ဆိတ်သွားပြီ။ မြစ်သားက တော်လှန်ရေးအားမကောင်းတော့ အခုအဖိခံ‌နေရပြီ။စစ်တပ်ကို ကြောက်ရကောင်းမှန်း အခုမှ သိလာကြတာဗျ”ဟု မြစ်သားမြို့ခံတစ်ဦးက ပြောသည်။

အသက် (၁၈)နှစ်ပြည့်ပြီးသူတိုင်း စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထို့နောက် စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စစ်သားစုဆောင်းပေးနေသည်။ လက်ရှိတွင် စစ်မှုထမ်းသင်တန်း အပတ်စဉ်(၈)ဖွင့်လှစ်ရန် ပြင်ဆင်နေပြီး လူသစ်စုဆောင်း၍မရသောကြောင့် စစ်ကောင်စီက လိုက်လံဖမ်းဆီးနေခြင်းဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် မန္တလေးတိုင်းအပြင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊ပဲခူးတိုင်းတို့မှ ၎င်းတို့ထိန်းချုပ်ဒေသများတွင် စစ်မှုထမ်းဥပဒေအကြောင်းပြ၍ ဖမ်းဆီးမှုများရှိနေသည်။ ဒီဇင်ဘာ ၆ရက်ညက ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်တွင် လူငယ် ငါးဦးကို စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ကဖမ်းဆီးသွားပြီး တစ်ဦးလျှင် ၅သိန်းကျပ်ဖြင့် ပြန်လည်ရွေးထုတ်ခဲ့ရကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်မှုထမ်းဖို့အတွက် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးထားသူ ၇ဦး ထွက်ပြေးလွတ်မြောက်လာတဲ့အတွက် ကူညီစောင့်ရှောက်ထားတယ်လို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်ပါတယ်။

ဆောင်းပါး

​အရင်က ကျေးလက်ဒေသတွေ၊ မြို့ငယ်တွေနဲ့ တိုင်းရင်းသားဒေသတွေမှာသာ ကြားလေ့ရှိတဲ့ "ပေါ်တာဆွဲတယ်" ဆိုတဲ့ ကြောက်မက်ဖွယ် စကားလုံးဟာ အခုဆိုရင် ရန်ကုန်မြို့ပြကြီးရဲ့ နေအိမ်တွေထဲအထိ ဝင်ရောက်လာပြီး ဧည့်ခန်းမှာ မိန့်မိန့်ကြီး နေရာယူလိုက်ပါပြီ။ မိဘတွေဟာ ကိုယ့်အိမ်ထဲမှာတင် ကိုယ့်သားသမီး ဘယ်အချိန် အဖမ်းခံရမလဲဆိုတဲ့ သောကနဲ့ ညစဉ် အိပ်မပျော်နိုင်ကြတော့ပါဘူး။

သတင်း

ဇနီးဖြစ်သူ​ဒေါ်ခင်စိုးရီက ခင်ပွန်းကိုပြန်လွတ်​ပေးဖို့ အာဏာသိမ်း​ခေါင်း​ဆောင်​တွေထံအသနားခံ