Connect with us

Hi, what are you looking for?

သတင်း

မန္တလေးတွင် စစ်ကောင်စီက ဆိုင်ကယ်များဖမ်းဆီးပြီး ဒဏ်ငွေအား Kpayအကောင့်မှလွှဲခိုင်း စီးပွားရှာနေ

အကြမ်းဖက်စစ်ဆေးမှုများကြောင့် ၂၀၂၃ ဇူလိုင်ကလည်း ၆၂လမ်းနှင့် ၂၆ လမ်းထောင့်တွင် ယာဥ်ထိန်းရဲတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။

(မန္တလေးမြို့ ၁၉ လမ်း ၅၈ လမ်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လမ်းပိတ်ဆို့ပြီး စစ်ဆေးနေသည်ကို ၂၀၂၁က တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(မန္တလေးမြို့ ၁၉ လမ်း ၅၈ လမ်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လမ်းပိတ်ဆို့ပြီး စစ်ဆေးနေသည်ကို ၂၀၂၁က တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

အင်ကြင်း/People’s Spring

မန္တလေးမြို့တွင် ကောင်စီ၏ယာဥ်စစ်ဆေးရေးအဖွဲ့က ဆိုင်ကယ်များအား ပိုမိုတင်းကြပ်စွာ စစ်ဆေးဖမ်းဆီးလာပြီး ဒဏ်ငွေအား ကိုယ်ပိုင် Kpayအကောင့်များသို့ လွှဲခိုင်းကာ စီးပွားရှာနေကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၃ရက်က မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊၆၂လမ်း၊ ၁၂၄လမ်းနှင့် ၁၂၅လမ်းကြားတွင် ယာဥ်များအား စစ်ဆေးငွေညှစ်နေသော စစ်ကောင်စီအုပ်စုအနက် ယာဥ်ထိန်းရဲမေတစ်ဦး ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိခဲ့သည်။

ထို့နောက် ရက်တစ်ပတ်ခန့် ယာဥ်စစ်ဆေးမှုများ နည်းပါးသွားခဲ့သော်လည်း ပြန်လည်ဖမ်းဆီးလာခဲ့ရာ လက်တလောတွင် တစ်ရက်လျှင် နေရာ ၂၀ ထက်မနည်း လှည့်လည်ဖမ်းဆီးနေကြောင်း မန္တလေးမြို့ခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“ဖမ်းပြီဆို လေးငါးပြလောက်ပိတ်ဖမ်းတာ။ ဘယ်လိုမှ မလွတ်ဘူး။”ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

ထို့အပြင် ဒဏ်ကြေးကိုလည်း ကျပ်သိန်းဂဏန်းအထိ ပေးဆောင်ခိုင်းနေပြီး ၎င်းတို့၏ကိုယ်ပိုင် Kpay အကောင့်များသို့ လွှဲခိုင်းကာ စီးပွားရှာနေကြောင်း မြို့ခံများက ပြောသည်။

“Kpay ထဲလှမ်းလွှဲခိုင်းတာ ဒဏ်ကြေးကို။ ရဲမေတွေကအစ။”ဟု မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ယာဥ်စစ်ဆေးရေးအဖွဲ့တွင် ယာဥ်ထိန်း၊ စစ်သား၊ ရဲနှင့်ပျူစောထီးများပါဝင်ပြီး အိတ်နှင့်ဖုန်းများကိုပါ စစ်ဆေးနေကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက်စစ်ဆေးမှုများကြောင့် ၂၀၂၃ ဇူလိုင်ကလည်း ၆၂လမ်းနှင့် ၂၆ လမ်းထောင့်တွင် ယာဥ်ထိန်းရဲတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။

ထို့အပြင် အာဏာသိမ်းပြီးနောက်ပိုင်း ယာဥ်စစ်ဆေးရေးအဖွဲ့များ၊ ယာဥ်ထိန်းရုံးများလည်း ဆယ်ကြိမ်ထက်မနည်း တိုက်ခိုက်ခံထားရသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။