Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီတိုင်းရောက် ရခိုင်စစ်ဘေးရှောင်ပြည်သူများကို စစ်ကောင်စီက ပိုမိုဖိနှိပ်နေ

စစ်ကောင်စီသည် နိုင်ငံအနှံ့လူထုကို အကြမ်းဖက်တိုက်ခိုက်နေသလို လူမျိုးစုလိုက်ဖိနှိပ်ခြင်းကိုလည်း ကျူးလွန်နေကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ထားသည်။

(ဧရာဝတီတိုင်းသို့ ဒီဇင်ဘာလဆန်းပိုင်းတွင်ထွက်ပြေးတိမ်းရှောင်လာပြီး နေစရာမရသေးသော ရခိုင်စစ်ရှောင်ပြည်သူအချို့၏ပစ္စည်းများလမ်းဘေးတစ်​နေရာ၌ စုပုံထားစဥ်။ ဓါတ်ပုံ- Ba Thet)
(ဧရာဝတီတိုင်းသို့ ဒီဇင်ဘာလဆန်းပိုင်းတွင်ထွက်ပြေးတိမ်းရှောင်လာပြီး နေစရာမရသေးသော ရခိုင်စစ်ရှောင်ပြည်သူအချို့၏ပစ္စည်းများလမ်းဘေးတစ်​နေရာ၌ စုပုံထားစဥ်။ ဓါတ်ပုံ- Ba Thet)

အိမ်သွင်/People’s Spring

ရခိုင်ပြည်နယ်နှင့်ဆက်စပ်​နေ​သော ဧရာဝတီတိုင်းမှ မြို့နယ်များတွင် စစ်ကောင်စီက ရခိုင်တိုင်းရင်းသားများအားပစ်မှတ်ထား၍ ဧည့်စာရင်းစစ်နေပြီး ချောင်းသာနှင့် ရွှေသောင်ယံသို့မြို့နယ်တွင်လည်း ရခိုင်စစ်ဘေးရှောင်များအား ငါးဖမ်းခွင့်ပိတ်ပင်ထားသည်။

ရခိုင်စစ်ဘေးရှောင်ပြည်သူများရောက်ရှိနေသည့် ပုသိမ်မြို့၊ ဂွမြို့နယ်နှင့်ဆက်စပ်နေသော ငါးသိုင်းချောင်း၊ ရေကြည်၊ တောင်ကုတ်မြို့နယ်နှင့် ဆက်စပ်‌ နေသော ဥသျှစ်ပင်၊ ကြံခင်းမြို့နယ်တို့တွင် ဒီဇင်ဘာ ၁၄ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများက ဧည့်စာရင်းစစ်နေကြောင်း ဒေသခံများကပြောသည်။

“ရခိုင်မှတ်ပုံတင် ၁၁ မျဉ်းစောင်းတွေကို လိုက်စစ်နေတယ်။ ရန်သူလိုကို သဘောထားနေတာ။ ကျတော်တို့က မြို့ခံအနေနဲ့ ဒါကို ကန့်ကွက်ရှုံ့ချပေမယ့် ဘာမှကူညီလို့မရဘူး။ တော်လှန်ရေးအားကောင်းမှပဲ ဟန့်တားနိုင်တော့မှာ” ဟု ပုသိမ်မြို့ခံတဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဧရာဝတီတိုင်းသ်ို့ ရခိုင်ပြည်နယ်ဘက်မှ ထွက်ပြေးတိမ်းရှောင်လာသူများကို ပြီးခဲ့သည့် သုံးလခန့်မှစ၍ စစ်ကောင်စီက စစ်ဆေးမှုတင်းကြပ်ခဲ့ခြင်းဖြစ်သည်။ ယခုရက်ပိုင်း၌ ရခိုင်ပြည်နယ်မှ မြို့နယ်အချို့ကို AAက သိမ်းယူနေစဉ် စစ်ကောင်စီက ရခိုင်တိုင်းရင်းသားများအားပစ်မှတ်ထား၍ပို၍တင်းတင်းကြပ်ကြပ်စစ်ဆေးနေခြင်းဖြစ်သည်။

” ဒါက တကယ့်ကို ပြဿနာရှိနေတာပါ။ စစ်ဘေးရှောင်တွေ နေဖို့နေရာတောင်အဆင်မပြေတာ။ အခုကလိုက်ဖမ်းနေတယ်။ဒါကလက်ခံစရာမဟုတ်ဘူး” ဟု ကြံခင်းမြို့နယ်မှ ဒေသခံတစ်ဦးကလည်းပြောသည်။

စစ်ကောင်စီသည် ရခိုင်တိုင်းရင်းသားများအားပစ်မှတ်ထား၍ စစ်ဆေးနေသလို ချောင်းသာနှင့်ရွှေ‌သောင်ယံကမ်းခြေဒေသများတွင်လည်း ရခိုင်စစ်ဘေးရှောင်များ ငါဖမ်းခွင့် ပိတ်ပင်ထားသည်။

‌” ဂမနမှတ်ပုံတင်ကိုင်ထားတဲ့သူတွေကို ပင်လယ်တဲ့ဆင်းခွင့်မပြုဘူး။ အရမ်းဒုက္ခရောက်နေကြတယ်ဗျ” ဟု ရွှေသောင်ယံမြို့သို့ လာရောက်စစ်ဘေးရှောင်နေသည့် ဂွမြို့ခံတစ်ဦးကပြောသည်။ ဂွမြို့သည် ရွှေ သောင်ယံမြို့နှင့် ဆက်စပ်တည်ရှိသည်။ ဂွမြို့နယ်ဒေသခံများသည် ၁၁မျဥ်းစောင်းဂမနမှတ်ပုံတင်ကိုင်ဆောင်ထားသည်။

ရွှေသောင်ယံနှင့် ကမ်းခြေပတ်လမ်းအတိုင်း ဆက်စပ်နေသော ချောင်းသာမြို့တွင်လည်း ဂွမြို့နယ်မှ လာရောက်တိမ်းရှောင်နေသော စစ်ဘေးရှောင်များရှိနေသည်။ ၎င်းတို့ကိုလည်း စစ်ကောင်စီက ပင်လယ်အတွင်း ငါးဖမ်းခွင့်ပိတ်ပင်ထားသည်။

အရပ်သားစစ်ဘေးရှောင်များအား ယခုကဲ့သို့ပစ်မှတ်ထား၍ ဖိနှိပ်နေခြင်းအတွက် စစ်ကောင်စီနှင့်လက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းများ တာဝန်ခံရမည်ဟု ဧရာဝတီတိုင်းမှ ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

စစ်ကောင်စီသည် နိုင်ငံအနှံ့လူထုကို အကြမ်းဖက်တိုက်ခိုက်နေသလို လူမျိုးစုလိုက်ဖိနှိပ်ခြင်းကိုလည်း ကျူးလွန်နေကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

သတင်း

မန္တလေးတိုင်းက စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ဘေးရှောင်နေရတဲ့ဒေသခံပြည်သူ ထောင်နဲ့ချီပြီး စား‌ဝတ်နေရေးခက်ခဲ နေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ကူညီသူတွေကပြောပါတယ်။

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာရဲ့ အနောက်ဘက် ရှေးဟောင်းသမိုင်းဝင်သစ္စာရဘုရားအနီး စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အသက် ၇၆နှစ်အရွယ် စစ်ဘေးရှောင်အဘိုးအိုတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။