Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှား မဟာမိတ် မြောက်ကိုရီးယားစစ်သည် ၃၀ လောက် သေကြေဒဏ်ရာရခဲ့တယ်လို့ ယူကရိန်းပြော

ရုရှားအတွက် ကူညီ တိုက်ခိုက်နေတဲ့ မြောက်ကိုရီးယားစစ်သည် ၃၀ လောက် သေကြေ ဒဏ်ရာရအောင် ယူကရိန်း စစ်သည်တွေက စွမ်းဆောင်နိုင်ခဲ့ပြီး ဖြစ်တယ်လို့ ယူကရိန်း စစ်ထောက်လှမ်းရေး ဌာနက ပြောပါတယ်။

ရုရှားအတွက် ကူညီ တိုက်ခိုက်နေတဲ့ မြောက်ကိုရီးယားစစ်သည် ၃၀ လောက် သေကြေ ဒဏ်ရာရအောင် ယူကရိန်း စစ်သည်တွေက စွမ်းဆောင်နိုင်ခဲ့ပြီး ဖြစ်တယ်လို့ ယူကရိန်း စစ်ထောက်လှမ်းရေး ဌာနက ပြောပါတယ်။

မြောက်ကိုရီးယား တပ်ဖွဲ့ဝင်တွေဟာ ရုရှားပိုင် ကာ့စ်ခ်ဒေသထဲက ယူကရိန်း ထိန်းချုပ်ထားရာ နယ်မြေတွေကို ပြန်လည် သိမ်းယူရာမှာ ရုရှားတပ်တွေနဲ့ အတူလက်တွဲ တိုက်ခိုက်နေတာလို့ ယူကရိန်း စစ်ထောက်လှမ်းရေးက ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကစလို့ ကာ့စ်ခ်ဒေသ အနောက်ဖက်ပိုင်းမှာ ထောင်နဲ့ချီ များပြားတဲ့ မြောက်ကိုရီးယား တပ်တွေကို ရုရှားက စတင် အသုံးပြုလာပြီး ယူကရိန်းကို ထိုးစစ်ဆင်နေတယ်လို့ ယူကရိန်း စစ်ထောက်လှမ်းရေးရဲ့ ဒီဇင်ဘာ ၁၆ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

ဒီဇင်ဘာ ၁၄ ရက်နဲ့ ၁၅ ရက်တွေမှာ မြောက်ကိုရီးယား တပ်တွေက ရုရှားရဲ့ ကာ့စ်ခ်ဒေသထဲမှာရှိတဲ့ ပလက်ခိုဗို၊ ဗိုရော့ဇ်ဘာ၊ မာတင်နော့ဗ်ကာ ကျေးရွာတွေနားမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း အတော်လေး အထိနာသွားခဲ့ကြောင်း၊ အနည်းဆုံး မြောက်ကိုရီးယားစစ်သား ၃၀ လောက် ထိခိုက်သေကြေမှုတွေ ရှိခဲ့ကြောင်း ယူကရိန်း စစ်ထောက်လှမ်းရေးက ကြေညာပါတယ်။

Public Service Announcement

Public Service Announcement

မူလက မြောက်ကိုရီးယားဟာ လက်နက်ကြီး တပ်ဖွဲ့တွေနဲ့သာ တိုက်ပွဲဝင်နေရာက အခုတော့ ကာ့စ်ခ်ဒေသရဲ့ ရှေ့တန်းထိုးစစ်ဆင်မှုတွေမှာပါ ပါဝင်လာတာလို့လည်း ယူကရိန်းက ဆိုပါတယ်။

မြောက်ကိုရီးယားနဲ့ ရုရှားတို့ကတော့ ယူကရိန်းဖက်က ထုတ်ပြန်ချက်တွေနဲ့ ပတ်သက်ပြီး ဘာမှတ်ချက်မှ မပေးသေးပါဘူး။

ယူကရိန်းနဲ့ အနောက်နိုင်ငံတွေက မြောက်ကိုရီးယားဟာ မဟာမိတ် ရုရှားကို စစ်ရေး အကူအညီပေးဖို့အတွက် စစ်သည်အင်အား ၁၀၀၀၀ ကျော်လောက် ပို့ဆောင်ပေးထားကြောင်း စွပ်စွဲ ပြောဆိုထားပါတယ်။

ယူကရိန်း တပ်တွေဟာ ရုရှားရဲ့ ကာ့စ်ခ်ဒေသထဲမှာ စတုရန်းဧရိယာ ၁၄၀၀ လောက် ကျယ်ဝန်းတဲ့ နယ်မြေတွေကို သိမ်းဆည်း ရရှိထားခဲ့ရာကနေ အခုတော့ စတုရန်း ကီလိုမီတာ ၈၀၀ ဝန်းကျင်လောက်ကိုသာ ဆက်လက် ထိန်းသိမ်းထားနိုင်တော့ကြောင်းလည်း သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက မဟာဗျူဟာအရ အထူးအရေးကြီးတဲ့ မြို့တစ်မြို့နားမှာ ရုရှားတပ်တွေ စုဝေးနေတဲ့နောက် ယူကရိန်းရဲ့ ဒေသတွင်း ထိန်းချုပ်နယ်မြေတွေ လုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်လာပါတယ်။

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။